ဂ်ာမနီႏိုင္ငံက ဥေရာပကုလသမဂၢတြင္ ျမန္မာ၏အႀကီးဆံုး ကုန္သြယ္ဖက္ျဖစ္လာ

ဂ်ာမနီႏိုင္ငံက ဥေရာပကုလသမဂၢတြင္ ျမန္မာ၏အႀကီးဆံုး ကုန္သြယ္ဖက္ျဖစ္လာ
ဖေဖော်ဝါရီ 26, 2019
By 🌸
ဂ်ာမနီႏိုင္ငံသည္ ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏွင့္ ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ (၁)ဘီယီယံေက်ာ္ျဖင့္ ဥေရာပကုလသမဂၢအဖြဲ႕ဝင္ႏုိင္ငံမ်ားၾကားတြင္ ျမန္မာႏွင့္ အႀကီးဆံုးကုန္သြယ္ဖက္အျဖစ္ ရပ္တည္ေနေၾကာင္း သိရသည္။

ျမန္မာႏွင့္ ဂ်ာမနီႏုိင္ငံတုိ႔ၾကား ႏွစ္ႏုိင္ငံကုန္သြယ္ေရးမွာ ၂၀၁၄ ခုႏွစ္မွစ၍ အဆေပါင္း (၄၃၀)ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္လာၿပီး  ျမန္မာဘက္မွ သြင္းကုန္တန္ဖိုးမွာ (၁၃၃) မီလီယံတိုးလာကာ ဂ်ာမနီႏုိင္ငံမွ ပို႔ကုန္တန္ဖိုးမွာ အေမရိကန္ေဒၚလာ (၁၃၁)မီလီယံျဖင့္ အနည္းငယ္စီတိုးတက္ခဲ့ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏုိင္ငံမွ ဂ်ာမနီႏုိင္ငံသုိ႔ သြင္းကုန္တန္ဖုိး အေမရိကန္ေဒၚလာ (၁) ဘီလီယံ ရွိခဲ့ၿပီး ပုိ႔ကုန္တန္ဖိုးသည္ အေမရိကန္ေဒၚလာ (၁၄၅) မီလီယံ ရိွေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံက အဓိကပို႔ကုန္မ်ားအျဖစ္ အထည္အလိပ္၊ ေက်ာက္မ်က္ရတနာႏွင့္ ဆန္စပါးတို႔ တင္ပို႔ၿပီး ျမန္မာႏိုင္ငံသို႔ စက္ယႏ ၱရားမ်ား၊ လွ်ပ္စစ္ ပစၥည္းမ်ား၊ ေဆး၀ါးမ်ား ႏွင့္ ဓာတ္ပုံပညာရပ္ဆုိင္ရာ ထုတ္ကုန္မ်ား တင္သြင္းျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဂျာမနီနိုင်ငံက ဥရောပကုလသမဂ္ဂတွင် မြန်မာ၏အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာ
***********
ဂျာမနီနိုင်ငံသည် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁)ဘီယီယံကျော်ဖြင့် ဥရောပကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြားတွင် မြန်မာနှင့် အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနှင့် ဂျာမနီနိုင်ငံတို့ကြား နှစ်နိုင်ငံကုန်သွယ်ရေးမှာ ၂၀၁၄ ခုနှစ်မှစ၍ အဆပေါင်း (၄၃၀)ရာခိုင်နှုန်းကျော်မြင့်တက်လာပြီး  မြန်မာဘက်မှ သွင်းကုန်တန်ဖိုးမှာ (၁၃၃) မီလီယံတိုးလာကာ ဂျာမနီနိုင်ငံမှ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၃၁)မီလီယံဖြင့် အနည်းငယ်စီတိုးတက်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရှိခဲ့ပြီး ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁၄၅) မီလီယံ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံက အဓိကပို့ကုန်များအဖြစ် အထည်အလိပ်၊ ကျောက်မျက်ရတနာနှင့် ဆန်စပါးတို့ တင်ပို့ပြီး မြန်မာနိုင်ငံသို့ စက်ယန ္တရားများ၊ လျှပ်စစ် ပစ္စည်းများ၊ ဆေးဝါးများ နှင့် ဓာတ်ပုံပညာရပ်ဆိုင်ရာ ထုတ်ကုန်များ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~