ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ မေကြးၿမိဳ႕တြင္ ပဲျပဳတ္ႏွင့္နံျပား ပြဲေရ(၇၀၀၀)ေက်ာ္ျဖင့္ ေကြ်းေမြးဧည့္ခံ

ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ မေကြးၿမိဳ႕တြင္ ပဲျပဳတ္ႏွင့္နံျပား ပြဲေရ(၇၀၀၀)ေက်ာ္ျဖင့္ ေကြ်းေမြးဧည့္ခံ
ဖေဖော်ဝါရီ 13, 2019
By Tachileik News Agency

ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ပဲျပဳတ္ႏွင့္နံျပား ပြဲေရ(၇၀၀၀)ေက်ာ္ျဖင့္ ေကြ်းေမြးဧည့္ခံမႈကို မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေၾကးရုပ္ပန္းၿခံတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ နံနက္က ျပဳလုပ္ခဲ့ၾကသည္။

“ေရသန္႔လုပ္ငန္းရွင္ အသင္းကလည္း ဒီႏွစ္မွ တရားဝင္ျဖစ္တယ္။ ကြ်န္ေတာ္ တို႔ FDA နဲ႔ ေပါင္းၿပီးေတာ့ ပရဟိတေလးေတြလုပ္ၾကမယ္ဆိုၿပီး တိုင္ပင္ထားၾကတဲ့အတိုင္း ဒီႏွစ္ ဗိုလ္ခ်ဳပ္ေမြးေန႔မွာ ပဲျပဳတ္နဲ႔ နံျပား စတုဒီ သာေလး စလုပ္ၾကမယ္။ ၿပီးရင္ ေႏြရာသီမွာ ေရလွဴတာေတြလည္း လုပ္ၾကမယ္ ဆိုၿပီး ကြ်န္ေတာ္တို႔ ဌာန ဘက္က လူအင္အားရယ္၊ ႏွမ္းဆီသန္႔ရယ္ေပါ့။ လုပ္ငန္းရွင္အသင္းက နံျပား တာဝန္ယူတယ္ေပါ့။ ကုန္က်စ ရိတ္အေနနဲ႔ (၇)သိန္းခဲြေလာက္ကုန္မယ္လို႔ မွန္းထားေပမယ့္ (၁၃)သိန္းေလာက္ ကုန္က်ပါတယ္။ ပဲြကေတာ့ ဒီေလာက္စည္ကားသိုက္ၿမိဳက္မႈမ်ိဳး တစ္ခါမွ မၾကံဳခဲ့ဖူးပါဘူး။ အရမ္းဝမ္းသာပီတိျဖစ္ရပါတယ္”ဟု မေကြး တိုင္းေဒသႀကီး အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန FDA ၏ မေကြးတိုင္းတာဝန္ခံ ေဒါက္တာ ျပည့္ထူးက ေျပာသည္။

အခမ္းအနားအား မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳႏွင့္ လူမႈေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ေအးတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး FDA ႏွင့္ ေရသန္႔လုပ္ငန္းရွင္မ်ားက တက္ေရာက္ လာသူမ်ားကို ပဲျပဳတ္၊ နံျပားမ်ားျဖင့္ ေကၽြးေမြးဧည့္ခံၾကသည္။

“ဒီေန႔ပဲြကေတာ့ တကယ့္ကို သမိုင္းဝင္ပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ကို ကေလးမ်ားေန႔အျဖစ္ သတ္မွတ္ၿပီးေတာ့ အခုလို ခမ္းခမ္းနားနားနဲ႔ က်င္းပတာဟာ ကေလးေတြ အတြက္ အဓိပၸါယ္ရိွတဲ့ေန႔ပါပဲ။ အထူးသျဖင့္ ေအာင္ဆန္းစိတ္ဓာတ္ကို ကေလးေတြ မ်ားမ်ားအတုယူႏိုင္ေအာင္ ေဆာင္ရြက္ေပးႏိုင္တဲ့ ပဲြလို႔ ေျပာခ်င္ပါတယ္”ဟု မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေဇာ္မ်ိဳးဝင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အခမ္းအနားတြင္ ေက်ာင္းသားေက်ာင္းသူမ်ားက ဗိုလ္ခ်ဳပ္မိန္႔ခြန္းေျပာၾကားျခင္း၊ ကဗ်ာရြတ္ဆိုျခင္း၊ ပံုေျပာျခင္း၊ တိုင္းရင္းသားအကျဖင့္ ေဖ်ာ္ေျဖျခင္း၊ Wom an Club ၊ ေအးခ်မ္းေမတၱာပရဟိတအသင္းႏွင့္ မသန္ စြမ္းလူငယ္ ေက်ာင္းသား ေက်ာင္းသူေလးမ်ားက ေတးသီခ်င္းမ်ားျဖင့္ေဖ်ာ္ေျဖျခင္း၊ Book Club (Magway) မွ စာေရးဆရာ(၅)ဦး က ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ ပတ္သက္သည့္ ေလးစားအားက်ဖြယ္၊ အတုယူဖြယ္ ဂုဏ္ျဒဒ္မ်ားကို ေဖာ္ညႊန္းသည့္ ေဆြးေႏြးပဲြစကားဝိုင္း က်င္းပျခင္း၊ တက္ေရာက္လာသည့္ ကေလးမ်ားကို SCVG မွ ဗို္လ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ပတ္သက္ သည့္ ေမးခြန္း တိုမ်ားေမး၍ လက္ေဆာင္ေပးျခင္း၊ ပန္းခ်ီ ပညာရွင္မ်ားအစည္းအရံုးမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပန္းခ်ီကားမ်ား ျပသကာ ပန္းခ်ီကားမ်ားကို မဲေဖာက္၍ လက္ေဆာင္ေပးျခင္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ သမိုင္းဝင္ဓာတ္ပံုမ်ား၊ အတၳဳပၸတၱိစာအုပ္မ်ား၊ သမိုင္းဝင္မိန္႔ ခြန္းမ်ား ခင္းက်င္းျပသျခင္း အစီအစဥ္မ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~⊰❂ Unicode Version ~~~~~~~~

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့်နံပြား ပွဲရေ(၇၀၀၀)ကျော်ဖြင့် ကျွေးမွေးဧည့်ခံမှုကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ပန်းခြံတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။

“ရေသန့်လုပ်ငန်းရှင် အသင်းကလည်း ဒီနှစ်မှ တရားဝင်ဖြစ်တယ်။ ကျွန်တော် တို့ FDA နဲ့ ပေါင်းပြီးတော့ ပရဟိတလေးတွေလုပ်ကြမယ်ဆိုပြီး တိုင်ပင်ထားကြတဲ့အတိုင်း ဒီနှစ် ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုတ်နဲ့ နံပြား စတုဒီ သာလေး စလုပ်ကြမယ်။ ပြီးရင် နွေရာသီမှာ ရေလှူတာတွေလည်း လုပ်ကြမယ် ဆိုပြီး ကျွန်တော်တို့ ဌာန ဘက်က လူအင်အားရယ်၊ နှမ်းဆီသန့်ရယ်ပေါ့။ လုပ်ငန်းရှင်အသင်းက နံပြား တာဝန်ယူတယ်ပေါ့။ ကုန်ကျစ ရိတ်အနေနဲ့ (၇)သိန်းခွဲလောက်ကုန်မယ်လို့ မှန်းထားပေမယ့် (၁၃)သိန်းလောက် ကုန်ကျပါတယ်။ ပွဲကတော့ ဒီလောက်စည်ကားသိုက်မြိုက်မှုမျိုး တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်”ဟု မကွေး တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA၏ မကွေးတိုင်းတာဝန်ခံ ဒေါက်တာ ပြည့်ထူးက ပြောသည်။

အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး FDA နှင့် ရေသန့်လုပ်ငန်းရှင်များက တက်ရောက် လာသူများကို ပဲပြုတ်၊ နံပြားများဖြင့် ကျွေးမွေးဧည့်ခံကြသည်။

“ဒီနေ့ပွဲကတော့ တကယ့်ကို သမိုင်းဝင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ပြီးတော့ အခုလို ခမ်းခမ်းနားနားနဲ့ ကျင်းပတာဟာ ကလေးတွေ အတွက် အဓိပ္ပါယ်ရှိတဲ့နေ့ပါပဲ။ အထူးသဖြင့် အောင်ဆန်းစိတ်ဓာတ်ကို ကလေးတွေ များများအတုယူနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ပွဲလို့ ပြောချင်ပါတယ်”ဟု မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အခမ်းအနားတွင် ကျောင်းသားကျောင်းသူများက ဗိုလ်ချုပ်မိန့်ခွန်းပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပုံပြောခြင်း၊ တိုင်းရင်းသားအကဖြင့် ဖျော်ဖြခြေင်း၊ Wom an Club၊ အေးချမ်းမေတ္တာပရဟိတအသင်းနှင့် မသန် စွမ်းလူငယ် ကျောင်းသား ကျောင်းသူလေးများက တေးသီချင်းများဖြင့်ဖျော်ဖြခြေင်း၊ Book Club (Magway) မှ စာရေးဆရာ(၅)ဦး က ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သည့် လေးစားအားကျဖွယ်၊ အတုယူဖွယ် ဂုဏ်ဒြဒ်များကို ဖော်ညွှန်းသည့် ဆွေးနွေးပွဲစကားဝိုင်း ကျင်းပခြင်း၊ တက်ရောက်လာသည့် ကလေးများကို SCVG မှ ဗို်လ်ချုပ် အောင်ဆန်းနှင့်ပတ်သက် သည့် မေးခွန်း တိုများမေး၍ လက်ဆောင်ပေးခြင်း၊ ပန်းချီ ပညာရှင်များအစည်းအရုံးမှ ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားများ ပြသကာ ပန်းချီကားများကို မဲဖောက်၍ လက်ဆောင်ပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဓာတ်ပုံများ၊ အတ္ထုပ္ပတ္တိစာအုပ်များ၊ သမိုင်းဝင်မိန့် ခွန်းများ ခင်းကျင်းပြသခြင်း အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~