တိုင္းရင္းသား လူမ်ဳိး(၁၈)မ်ဳိးပါ၀င္သည့္ ျပသပြဲႏွင့္ ေစ်းေရာင္းပြဲေတာ္အား ျပည္ေထာင္စုေန႔ အထ္ိမ္းအမွတ္အျဖစ္ မႏၱေလးၿမိဳ႕တြင္ က်င္းပေန

တိုင္းရင္းသား လူမ်ဳိး(၁၈)မ်ဳိးပါ၀င္သည့္ ျပသပြဲႏွင့္ ေစ်းေရာင္းပြဲေတာ္အား ျပည္ေထာင္စုေန႔ အထ္ိမ္းအမွတ္အျဖစ္ မႏၱေလးၿမိဳ႕တြင္ က်င္းပေန
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

တိုင္းရင္းသား လူမ်ဳိး(၁၈)မ်ဳိးတို႔၏ ရိုးရာပစၥည္းမ်ားႏွင့္ အစားအစာမ်ား ပါ၀င္ ျပသ ေရာင္းခ်သည့္ ဆ႒မအႀကိမ္ေျမာက္ တိုင္းရင္းသားလူမ်ဳိးစုမ်ား ေစ်းေရာင္းပြဲေတာ္ကို (၇၂)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ အျဖစ္ မႏၱေလးၿမိဳ႕ရွိ မႏၱလာသီရိအဆင့္ျမင့္ အားကစားကြင္းတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ (၁၀)ရက္ေန႔က စ၍ က်င္းပျပဳလုပ္ေနေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္ကို ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၀)ရက္ေန႔က စတင္ကာ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ ညပိုင္းအထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"မျမင္ဖူးတာေတြ ျမင္ရတယ္၊ တိုင္းရင္းသားေတြဆိုေတာ့လည္း စိတ္၀င္စားမႈမ်ားပါတယ္၊ ဆိုင္ေတြမွာလည္း လူအအျပည့္ပဲ၊ ညေနပိုင္းမွာ လူမ်ားလာတယ္၊ လူမ်ားလာေတာ့ ဖုန္ေတြက ထလာေရာပဲ"ဟု အဆိုပါ ပြဲသို႔ သြားေရာက္လည္ပတ္သူ မႏၱေလးသူ တစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေစ်းေရာင္ပြဲေတာ္တြင္ ကခ်င္၊ ကရင္၊ ကယန္း၊ ကိုးကန္႔၊ ခ်င္း၊ ေတာင္႐ိုး၊ တအာင္း၊နာဂ၊ ပအိုင္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း၊ ရွမ္းနီ၊ အင္းသား၊ ဓႏု၊ ေယာႏွင့္ လီဆူ စသည့္ တိုင္းရင္း (၁၈)မ်ဳိးတို႔ ေဒသထြက္ကုန္ပစၥည္းမ်ား၊ ရိုးရာအသံုးအေဆာင္မ်ားႏွင့္ ရိုးရာအစားအစာမ်ား ပါ၀င္ေၾကာင္း တိုင္းရင္းသားလူမ်ဳိးမ်ားေရးရာ ၀န္ႀကီးဌာနမွာလည္း ျပခန္းဖြင့္လွစ္ထားကာ ျပသထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တိုင်းရင်းသား လူမျိုး(၁၈)မျိုးတို့၏ ရိုးရာပစ္စည်းများနှင့် အစားအစာများ ပါဝင် ပြသ ရောင်းချသည့် ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကို (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိအဆင့်မြင့် အားကစားကွင်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က စ၍ ကျင်းပပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က စတင်ကာ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညပိုင်းအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"မမြင်ဖူးတာတွေ မြင်ရတယ်၊ တိုင်းရင်းသားတွေဆိုတော့လည်း စိတ်ဝင်စားမှုများပါတယ်၊ ဆိုင်တွေမှာလည်း လူအအပြည့်ပဲ၊ ညနေပိုင်းမှာ လူများလာတယ်၊ လူများလာတော့ ဖုန်တွေက ထလာရောပဲ"ဟု အဆိုပါ ပွဲသို့ သွားရောက်လည်ပတ်သူ မန္တလေးသူ တစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဈေးရောင်ပွဲတော်တွင် ကချင်၊ ကရင်၊ ကယန်း၊ ကိုးကန့်၊ ချင်း၊ တောင်ရိုး၊ တအာင်း၊နာဂ၊ ပအိုင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ အင်းသား၊ ဓနု၊ ယောနှင့် လီဆူ စသည့် တိုင်းရင်း (၁၈)မျိုးတို့ ဒေသထွက်ကုန်ပစ္စည်းများ၊ ရိုးရာအသုံးအဆောင်များနှင့် ရိုးရာအစားအစာများ ပါဝင်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှာလည်း ပြခန်းဖွင့်လှစ်ထားကာ ပြသထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~