ရန္ကုန္ၿမိဳ႕ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္စီမံကိန္းအတြက္ လူငယ္ပန္းခ်ီဆရာမ်ား ဖိတ္ေခၚ

ရန္ကုန္ၿမိဳ႕ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္စီမံကိန္းအတြက္ လူငယ္ပန္းခ်ီဆရာမ်ား ဖိတ္ေခၚ
ဖေဖော်ဝါရီ 22, 2019
By 🌸
ရန္ကုန္ၿမိဳ႕ရိွ တုိက္ခန္းမ်ား၏ေနာက္ေဖးလမ္းၾကားမ်ားတြင္ အမိႈက္စြန္႔ပစ္သည့္အေလ့အက်င့္ကို ျပဳျပင္ရန္အတြက္ ေဆာင္ရြက္ေနသည့္ ဒို႔အိမ္အဖြဲ႔၏ ေနာက္ေဖးလမ္းၾကားစီမံကိန္းတြင္ လူငယ္ပန္းခ်ီပညာရွင္မ်ားပါဝင္ႏုိင္မည့္ အစီအစဥ္အေၾကာင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၃)ရက္ေန႔ ေန႔လယ္ (၃)နာရီတြင္ ပန္းခ်ီပညာရွင္မ်ားသို႔ ရွင္းလင္းမည္ျဖစ္ေၾကာင္း သိရသည္။

ေနာက္ေဖးလမ္းၾကားရိွ တုိက္ခန္းနံရံမ်ားတြင္ ပန္းခ်ီေရးဆြဲမည့္ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ စီမံကိန္းသစ္အတြက္ အသက္ (၁၃)ႏွစ္မွ (၃၀)ၾကား လူငယ္ပန္းခ်ီပညာရွင္မ်ား ရွာေဖြေနျခင္းျဖစ္ၿပီး  ဖန္တီးမႈစြမ္းရည္ေကာင္းမြန္သူ  ျမန္မာႏိုင္ငံသားလူငယ္မ်ားအေနျဖင့္ ပါဝင္ႏုိင္ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းႏွင့္ပတ္သက္၍ အေသးစိတ္သိရိွလိုပါက ပန္းဘဲတန္းၿမိဳ႕နယ္၊ လမ္း (၃၀)ႏွင့္ ဗိုလ္ဆြန္ပက္လမ္း အထက္ဘေလာက္ရိွ ေနာက္ေဖးလမ္းၾကားတြင္က်င္းပမည့္ အစီရင္ခံရွင္းလင္းပြဲသို႔လည္းေကာင္း ဖုန္း 09421028872 ႏွင့္ 0995499779 တို႔သို႔လည္းေကာင္း ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။

ဒို႔အိမ္အဖြဲ႕က ရန္ကုန္ၿမိဳ႕ရိွ အေဆာက္အအံုမ်ား၏ ေနာက္ေဖးလမ္းၾကားမ်ားတြင္ စြန္႔ပစ္အမိႈက္မ်ား စည္းကမ္းမဲ့ စြန္႔ပစ္မႈမ်ားကို ရွင္းလင္းၿပီး နံရံပန္းခ်ီမ်ား၊ အသုံးမျပဳေတာ့သည့္ပစၥည္းမ်ားျဖင့္ ပန္းစိုက္ပ်ိဳးစင္မ်ား ျပဳလုပ္၍ ပန္းၿခံမ်ား ဖန္တီးေပးျခင္း၊ ေနာက္ေဖးလမ္းၾကား စာၾကည့္တုိက္မ်ား၊ စကားဝိုင္းမ်ားကို လုပ္ေဆာင္ေပးေနရာ ရပ္ကြက္လူထုႏွင့္ တာဝန္ရိွသူမ်ားကလည္း ပူးေပါင္းေဆာင္ရြက္ေပးၾကေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရန်ကုန်မြို့ နောက်ဖေးလမ်းကြားဥယျာဉ်စီမံကိန်းအတွက် လူငယ်ပန်းချီဆရာများ ဖိတ်ခေါ်
**************
ရန်ကုန်မြို့ရှိ တိုက်ခန်းများ၏နောက်ဖေးလမ်းကြားများတွင် အမှိုက်စွန့်ပစ်သည့်အလေ့အကျင့်ကို ပြုပြင်ရန်အတွက် ဆောင်ရွက်နေသည့် ဒို့အိမ်အဖွဲ့၏ နောက်ဖေးလမ်းကြားစီမံကိန်းတွင် လူငယ်ပန်းချီပညာရှင်များပါဝင်နိုင်မည့် အစီအစဉ်အကြောင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့ နေ့လယ် (၃)နာရီတွင် ပန်းချီပညာရှင်များသို့ ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

နောက်ဖေးလမ်းကြားရှိ တိုက်ခန်းနံရံများတွင် ပန်းချီရေးဆွဲမည့် နောက်ဖေးလမ်းကြားဥယျာဉ် စီမံကိန်းသစ်အတွက် အသက် (၁၃)နှစ်မှ (၃၀)ကြား လူငယ်ပန်းချီပညာရှင်များ ရှာဖွေနေခြင်းဖြစ်ပြီး  ဖန်တီးမှုစွမ်းရည်ကောင်းမွန်သူ  မြန်မာနိုင်ငံသားလူငယ်များအနေဖြင့် ပါဝင်နိုင်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ပန်းဘဲတန်းမြို့နယ်၊ လမ်း (၃၀)နှင့် ဗိုလ်ဆွန်ပက်လမ်း အထက်ဘလောက်ရှိ နောက်ဖေးလမ်းကြားတွင်ကျင်းပမည့် အစီရင်ခံရှင်းလင်းပွဲသို့လည်းကောင်း ဖုန်း 09421028872 နှင့် 0995499779 တို့သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ဒို့အိမ်အဖွဲ့က ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ နောက်ဖေးလမ်းကြားများတွင် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှုများကို ရှင်းလင်းပြီး နံရံပန်းချီများ၊ အသုံးမပြုတော့သည့်ပစ္စည်းများဖြင့် ပန်းစိုက်ပျိုးစင်များ ပြုလုပ်၍ ပန်းခြံများ ဖန်တီးပေးခြင်း၊ နောက်ဖေးလမ်းကြား စာကြည့်တိုက်များ၊ စကားဝိုင်းများကို လုပ်ဆောင်ပေးနေရာ ရပ်ကွက်လူထုနှင့် တာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~