ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ထံ တုိင္ၾကားစာေပးပို႔လိုပါက ေတာင္ႀကီးၿမိဳ႕ အေဝယာကြင္းတြင္ ေဖေဖၚဝါရီလ (၇)ရက္ေန႔တစ္ေန႔လံုး လက္ခံေပးမည္

ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ထံ တုိင္ၾကားစာေပးပို႔လိုပါက ေတာင္ႀကီးၿမိဳ႕ အေဝယာကြင္းတြင္ ေဖေဖၚဝါရီလ (၇)ရက္ေန႔တစ္ေန႔လံုး လက္ခံေပးမည္
ဖေဖော်ဝါရီ 7, 2019
By 🌸
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တက္ေရာက္မည့္ (၇၂)ႀကိမ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားက်င္းပရာ အေဝယာ(မီးပံုးပ်ံကြင္း)ကြင္း၌ တုိင္ၾကားစာလက္ခံဌာနကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၇)ရက္ေန႔ နံနက္ (၇)နာရီမွ ညေန(၅)နာရီအထိ ဖြင့္လွစ္လက္ခံေပးမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ထံ တုိင္ၾကားစာ တုိက္ရိုက္ေပးပို႔လိုသည့္ျပည္သူမ်ားအေနျဖင့္ တုိင္ၾကားစာလက္ခံဌာနသို႔ နံနက္ (၇)နာရီမွ ညေန (၅)နာရီအတြင္းလာေရာက္ေပးပို႔ႏုိင္ၿပီး အရပ္ဖက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ တရားဥပေဒစိုးမိုးေရးကြန္ယက္၊ ပေဒသာမိုးအရပ္ဘက္လူမႈအဖြဲ႕အစည္း၊ ေတာင္သူလယ္သမားအက်ိဳးစီးပြားပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ႏွင့္ ရွမ္းျပည္လူမ်ိဳးေပါင္းစံု ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕တုိ႔က တုိင္ၾကားစာမ်ားလက္ခံေရးဌာနတြင္ ကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္၏ ရွမ္းျပည္နယ္အေရွ႕ပိုင္းခရီးစဥ္အတြင္း တာခ်ီလိတ္ၿမိဳ႕ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားတြင္လည္း ေဖေဖၚဝါရီလ (၅)ရက္ေန႔ႏွင့္ (၆)ရက္ေန႔တုိ႔က လူထုေတြ႔ဆံုပြဲျပဳလုပ္ခဲ့ၿပီး ေဒသခံမ်ား၏ တုိက္ရိုက္တုိင္ၾကားစာမ်ားကိုလည္း လက္ခံခဲ့ရာ တာခ်ီလိတ္ၿမိဳ႕မွ တုိင္ၾကားစာ (၃၇)ေစာင္၊ က်ိဳင္းတံုၿမိဳ႕မွ တုိင္ၾကားစာ (၄)ေစာင္ကို ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေန႔အခမ္းအနားကို ေတာင္ႀကီးၿမိဳ႕ အေဝယာ(မီးပံုးပ်ံကြင္း)ကြင္းတြင္ နံနက္ (၈)နာရီခြဲ၌ စတင္က်င္းပမည္ျဖစ္ေသာ္လည္း တုိင္ၾကားစာလက္ခံဌာနကို နံနက္ (၇)နာရီကတည္းက စတင္လက္ခံေပးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြားစာပေးပို့လိုပါက တောင်ကြီးမြို့ အဝေယာကွင်းတွင် ဖေဖေါ်ဝါရီလ (၇)ရက်နေ့တစ်နေ့လုံး လက်ခံပေးမည်
***********
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည့် (၇၂)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပရာ အဝေယာ(မီးပုံးပျံကွင်း)ကွင်း၌ တိုင်ကြားစာလက်ခံဌာနကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့ နံနက် (၇)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြားစာ တိုက်ရိုက်ပေးပို့လိုသည့်ပြည်သူများအနေဖြင့် တိုင်ကြားစာလက်ခံဌာနသို့ နံနက် (၇)နာရီမှ ညနေ (၅)နာရီအတွင်းလာရောက်ပေးပို့နိုင်ပြီး အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် တရားဥပဒေစိုးမိုးရေးကွန်ယက်၊ ပဒေသာမိုးအရပ်ဘက်လူမှုအဖွဲ့အစည်း၊ တောင်သူလယ်သမားအကျိုးစီးပွားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ရှမ်းပြည်လူမျိုးပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့က တိုင်ကြားစာများလက်ခံရေးဌာနတွင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်အတွင်း တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့များတွင်လည်း ဖေဖေါ်ဝါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တို့က လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဒေသခံများ၏ တိုက်ရိုက်တိုင်ကြားစာများကိုလည်း လက်ခံခဲ့ရာ တာချီလိတ်မြို့မှ တိုင်ကြားစာ (၃၇)စောင်၊ ကျိုင်းတုံမြို့မှ တိုင်ကြားစာ (၄)စောင်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်နေ့အခမ်းအနားကို တောင်ကြီးမြို့ အဝေယာ(မီးပုံးပျံကွင်း)ကွင်းတွင် နံနက် (၈)နာရီခွဲ၌ စတင်ကျင်းပမည်ဖြစ်သော်လည်း တိုင်ကြားစာလက်ခံဌာနကို နံနက် (၇)နာရီကတည်းက စတင်လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~