သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျိုင်းတုံမြို့လူထုတွေ့ဆုံပွဲကျင်းပရာ မြို့တော်ခန်းမတွင် တိုင်ကြားစာလက်ခံဌာနဖွင့်လှစ်လက်ခံနေ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ ဒေသခံများအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံထံ တိုက်ရိုက်တိုင်ကြားစာများ ပေးပို့လိုပါက မြို့တော်ခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆)ရက်နေ့ နံနက် (၉)နာရီမှစ၍ လူထုတွေ့ဆုံပွဲကျင်းပနေစဉ်အချိန်အတွင်း လာရောက်ပေးပို့နိုင်ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲကျင်းပရာ မြို့တော်ခန်းမရှေ့တွင် တိုင်ကြားစာလက်ခံဌာနကို ဖွင့်လှစ်လက်ခံပေးနေပြီး မည်သူမဆို လာရောက်ပေးပို့နိုင်ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့်အဖွဲ့သည် ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်အဖြစ် တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး တာချီလိတ်ဒေသခံများနှင့် လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ရာတွင် တိုင်ကြားစာပေါင်း (၃၇)စောင်ကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဇွဲမြတ်