ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႕စည္းရန္ ေဆြးေႏြးမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ (၃၆)ဦးတြင္ အမ်ိဳးသမီး (၆) ဦးပါဝင္

ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႕စည္းရန္ ေဆြးေႏြးမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ (၃၆)ဦးတြင္ အမ်ိဳးသမီး (၆) ဦးပါဝင္
ဖေဖော်ဝါရီ 5, 2019
By 🌸
ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီကို ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းေရးအဆိုကို ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝး ပဥၥမေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔၌ ေဆြးေႏြးမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ (၃၆)ဦးတြင္ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ (၆)ဦးပါဝင္ေၾကာင္း သိရသည္။

ဖြဲ႕စည္းပံုအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ျပင္ဆင္ေရးလုပ္ငန္းမ်ားကို ေဆာလ်င္စြာ ေဆာင္ရြက္ႏုိင္ေရးအတြက္ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီတစ္ရပ္ကို သင့္ေလ်ာ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းရန္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တုိက္တြန္းေၾကာင္းအဆိုကို ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး တတိယေန႔အျဖစ္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၉)ရက္ေန႔က  မေကြးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၄) မွ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က အေရးႀကီး အဆိုတစ္ရပ္ တင္သြင္းထားျခင္းျဖစ္သည္။

ေဆြးေႏြးမည့္ကိုယ္စားလွယ္မ်ားစာရင္းတြင္ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည့္ အိမ္မဲ မဲဆႏၵနယ္မွ ေဒၚသႏၱာ၊ ရခုိင္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁)မွ ေဒၚထုေမ၊ ေပါင္မဲဆႏၵနယ္မွ ေဒၚမိကြန္ခ်မ္း၊ ေတာင္ကုတ္မဲဆႏၵနယ္မွ ေဒၚနီနီေမျခင့္၊ ကရင္ျပည္နယ္မဲဆႏၵနယ္အမွတ္ (၆)မွ ေဒၚနန္းနီနီေအး၊ ရွားေတာမဲဆႏၵနယ္မွ ေဒၚဝင့္ဝါထြန္းတို႔ ပါဝင္ေဆြးေႏြးၾကမည္ျဖစ္သည္။

ယင္းအဆိုႏွင့္ပတ္သက္၍ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ (၃၀)ဦးျဖစ္သည့္ မင္းကင္းမဲဆႏၵနယ္မွ ဦးေမာင္ျမင့္၊ ေဇယ်ာသီရိမဲဆႏၵနယ္မွ ဦးလွေဌးဝင္း၊ ေကာ့ကရိတ္မဲဆႏၵနယ္မွ ဦးစိုးေဌး၊ ရခုိင္ျပည္နယ္မဲဆႏၵနယ္အမွတ္(၁)မွ ဦးေဝစိန္ေအာင္၊ခ်င္းျပည္နယ္မဲဆႏၵနယ္အမွတ္(၁၀)မွ ဦးလားလ္မင္းထန္၊ ဇီးကုန္းမဲဆႏၵနယ္မွ ဦးဥာဏ္ထြန္း၊ မုိင္းရႈးမဲဆႏၵနယ္မွ ဦးစိုင္းထြန္းေအး၊ ပဲခူးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္(၁၀)မွ ဦးဝင္းႀကိဳင္၊ ရွမ္းျပည္နယ္မဲဆႏၵနယ္အမွတ္(၁၂)မွ ဦးစိုင္းစံေအာင္၊ မအူပင္မဲဆႏၵနယ္မွ ဦးစိန္ဝင္း၊ မက္မန္းမဲဆႏၵနယ္မွ ဦးတင္ေအး၊ ရခုိင္ျပည္နယ္မဲဆႏၵနယ္အမွတ္(၅)မွ ဦးျမင့္ႏိုင္၊ ေျမာက္ဦးမဲဆႏၵနယ္မွ ဦးဦးလွေစာ၊ စစ္ကိုင္းတုိင္းေဒသႀကီးမဲဆႏၵနယ္အမွတ္(၄)မွ ဦးလွဦး၊ ေပ်ာ္ဘြယ္မဲဆႏၵနယ္မွ ဦးေသာင္းေအး၊ ရွမ္းျပည္နယ္မဲဆႏၵနယ္ အမွတ္(၅)မွ ဦးညီစိန္၊ မင္းတပ္မဲဆႏၵနယ္မွ ဦးေနလင္းေအာင္၊ မိတၳီလာမဲဆႏၵနယ္မွ ေဒါက္တာေမာင္သင္း၊ ကယားျပည္နယ္မဲဆႏၵနယ္အမွတ္(၉)မွ ဦးစိုးသိန္း၊ မေကြးတုိင္းေဒသႀကီးမဲဆႏၵနယ္အမွတ္ (၅)မွ ဦးတင္ေအာင္ထြန္း၊ ကခ်င္ျပည္နယ္မဲဆႏၵနယ္အမွတ္(၂)မွ ဦးဆီဟူးေဒြ႕၊ အင္ဂ်န္းယန္မဲဆႏၵနယ္မွ ဦးလမာေနာ္ေအာင္၊ ေစတုတၱရာမဲဆႏၵနယ္မွ ဦးေက်ာ္ေအာင္လြင္၊ ေက်ာင္းကုန္းမဲဆႏၵနယ္မွ ဦးသိန္းထြန္း၊ မြန္ျပည္နယ္မဲဆႏၵနယ္အမွတ္(၇)မွ ဦးႏုိင္သီဟ၊ ကခ်င္ျပည္နယ္မဲဆႏၵနယ္အမွတ္(၁၁)မွ ေဒါက္တာခြန္ဝင္းေသာင္း၊ သီေပါမဲဆႏၵနယ္မွ ဦးစိုင္းသန္႔ဇင္၊ သိႏၷီမဲဆႏၵနယ္မွ  ဦးစိုင္းဦးခမ္း၊ နမ့္ဆန္မဲဆႏၵနယ္မွ ဦးဝင္းထူးႏွင့္ ရန္ကုန္တုိင္းေဒသႀကီးမဲဆႏၵနယ္အမွတ္(၃)မွ ေဒါက္တာျမတ္ဥာဏစိုးတို႔က ေဆြးေႏြးၾကမည္ျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရန် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦးတွင် အမျိုးသမီး (၆) ဦးပါဝင်
************
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရေးအဆိုကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့၌ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦးတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၆)ဦးပါဝင်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့က  မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းထားခြင်းဖြစ်သည်။

ဆွေးနွေးမည့်ကိုယ်စားလှယ်များစာရင်းတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်ထုမေ၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေခြင့်၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါ်နန်းနီနီအေး၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းတို့ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

ယင်းအဆိုနှင့်ပတ်သက်၍ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် (၃၀)ဦးဖြစ်သည့် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးလှဌေးဝင်း၊ ကော့ကရိတ်မဲဆန္ဒနယ်မှ ဦးစိုးဌေး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်း၊ မိုင်းရှုးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးညီစိန်၊ မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၅)မှ ဦးတင်အောင်ထွန်း၊ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၊ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ သိန္နီမဲဆန္ဒနယ်မှ  ဦးစိုင်းဦးခမ်း၊ နမ့်ဆန်မဲဆန္ဒနယ်မှ ဦးဝင်းထူးနှင့် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးတို့က ဆွေးနွေးကြမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~