ထုိင္းႏုိင္ငံသို႔ အလည္အပတ္ဗီဇာျဖင့္ လာေရာက္ၿပီး ေတာင္းရမ္းစားေသာက္ေနသည့္ တရုတ္ႏုိင္ငံသား (၆) ဦးကို ဖမ္းဆီးအေရးယူ

ထုိင္းႏုိင္ငံသို႔ အလည္အပတ္ဗီဇာျဖင့္ လာေရာက္ၿပီး ေတာင္းရမ္းစားေသာက္ေနသည့္ တရုတ္ႏုိင္ငံသား (၆) ဦးကို ဖမ္းဆီးအေရးယူ
ဖေဖော်ဝါရီ 7, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕လမ္းမ်ားတြင္ ေတာင္းရမ္းစားေသာက္ေနသည့္ တရုတ္ႏုိင္ငံသား (၆)ဦးကို ရဲတပ္ဖြဲ႕ကဖမ္းဆီးလုိက္ၿပီး (၃)ဦးမွာ မသန္စြမ္းမ်ားျဖစ္ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းေဖၚျပခ်က္အရ သိရသည္။

တရုတ္ႏုိင္ငံသား အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးပါဝင္သည့္အဖြဲ႕ကို ဖမ္းဆီးထားေၾကာင္း ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ(၆)ရက္ေန႔က သတင္းစာရွင္းပြဲျပဳလုပ္လုိက္ျခင္းျဖစ္ၿပီး ၎တို႔သည္ အလည္အပတ္ဗီဇာျဖင့္ ထုိင္းႏုိင္ငံသို႔ လာေရာက္သူမ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္ႏုိင္ငံသားမ်ားသည္ ဟိုတယ္အခန္းမ်ားငွားရမ္းေနထုိင္ေနၾကၿပီး နံနက္ပိုင္းတြင္ အခန္းမွထြက္ကာ ဘန္ေကာက္ၿမိဳ႕တြင္းေနရာအႏွံ႔အျပား သြားေရာက္ေတာင္းရမ္း၍ ရရိွေငြမ်ားကို စတုိးဆုိင္မ်ား၌ လဲလွယ္ကာ ညေနပိုင္းတြင္ အခန္းျပန္လာေလ့ရိွေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ၎တို႔အား မိုးပ်ံရထားဘူတာအနီးတြင္ ေဖေဖၚဝါရီလ (၁)ရက္ေန႔က ထိန္းသိမ္းထားႏိုင္ခဲ့ျခင္းျဖစ္ၿပီး အမ်ားစုမွာ ေနထုိင္ခြင့္သက္တမ္းေက်ာ္လြန္ေနၿပီျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသမီး (၂)ဦးႏွင့္ အမ်ိဳသား (၁)ဦးမွာ မသန္စြမ္းမ်ားျဖစ္ၾကၿပီး ဖမ္းဆီးခံရသူ (၆)ဦးမွာ ေတာင္းရမ္းစားေသာက္သူမ်ားထိန္းခ်ဳပ္ေရးအက္ဥပေဒ ၂၀၁၆ အရ အေရးယူခံရမည္ျဖစ္ကာ အျမင့္ဆံုးအျပစ္ဒဏ္မွာ ေထာင္ဒဏ္ (၁)လ သို႔မဟုတ္ ဒဏ္ေငြ ဘတ္တစ္ေသာင္း သို႔မဟုတ္ ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ႏွစ္ရပ္လံုး ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။
Tachileik News Agency
Ref: Bangkokpost

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် လာရောက်ပြီး တောင်းရမ်းစားသောက်နေသည့် တရုတ်နိုင်ငံသား (၆) ဦးကို ဖမ်းဆီးအရေးယူ
*********
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လမ်းများတွင် တောင်းရမ်းစားသောက်နေသည့် တရုတ်နိုင်ငံသား (၆)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီး (၃)ဦးမှာ မသန်စွမ်းများဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းဖေါ်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံသား အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၂)ဦးပါဝင်သည့်အဖွဲ့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၆)ရက်နေ့က သတင်းစာရှင်းပွဲပြုလုပ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ လာရောက်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် ဟိုတယ်အခန်းများငှားရမ်းနေထိုင်နေကြပြီး နံနက်ပိုင်းတွင် အခန်းမှထွက်ကာ ဘန်ကောက်မြို့တွင်းနေရာအနှံ့အပြား သွားရောက်တောင်းရမ်း၍ ရရှိငွေများကို စတိုးဆိုင်များ၌ လဲလှယ်ကာ ညနေပိုင်းတွင် အခန်းပြန်လာလေ့ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ၎င်းတို့အား မိုးပျံရထားဘူတာအနီးတွင် ဖေဖေါ်ဝါရီလ (၁)ရက်နေ့က ထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။

အမျိုးသမီး (၂)ဦးနှင့် အမျိုသား (၁)ဦးမှာ မသန်စွမ်းများဖြစ်ကြပြီး ဖမ်းဆီးခံရသူ (၆)ဦးမှာ တောင်းရမ်းစားသောက်သူများထိန်းချုပ်ရေးအက်ဥပဒေ ၂၀၁၆ အရ အရေးယူခံရမည်ဖြစ်ကာ အမြင့်ဆုံးအပြစ်ဒဏ်မှာ ထောင်ဒဏ် (၁)လ သို့မဟုတ် ဒဏ်ငွေ ဘတ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkokpost

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~