ကမၻာေက်ာ္ Chanel ၏ဖန္တီးရွင္ ကားလ္လာဂါဖဲ၏ ဗမာေၾကာင္ ေဒၚလာသန္း (၃၀၀) အေမြဆက္ခံခြင့္ရရိွ

ကမၻာေက်ာ္ Chanel ၏ဖန္တီးရွင္ ကားလ္လာဂါဖဲ၏ ဗမာေၾကာင္ ေဒၚလာသန္း (၃၀၀) အေမြဆက္ခံခြင့္ရရိွ
ဖေဖော်ဝါရီ 25, 2019
By 🌸
ဂ်ာမန္နာမည္ေက်ာ္ဖက္ရွင္ဒီဇိုင္နာ ကားလ္လာဂါဖဲ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၉)ရက္ေန႔တြင္ ေသဆံုးသြားၿပီးေနာက္ သူ၏ေၾကာင္ ရႈးပက္က အေမြဆက္ခံသူအျဖစ္ ေဒၚလာသန္း (၃၀၀) လက္ခံရရိွသြားေၾကာင္း သိရသည္။

ျပင္သစ္အမည္မွည့္ေခၚထားသည့္ ရႈးပက္သည္ ေငြေရာင္ ဗမာေၾကာင္အမ်ိုးအစားျဖစ္ၿပီး ေန႔စဥ္အစားအေသာက္အျဖစ္ ကာဗီယာငါးႏွင့္ chicken pate တို႔ကိုသာ စားသံုးရသည့္အျပင္ ခရီးသြားရာတြင္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ျဖင့္သာ သြားလာရေၾကာင္း သိရသည္။

အေမြဆက္ခံသူ ရႈးပက္အေနျဖင့္ အေမြဆက္ခံရျခင္းမရိွပါကလည္း တစ္ႏွစ္လွ်င္ ဝင္ေငြ အေမရိကန္ေဒၚလာ (၃)သန္းခန္႔ ဝင္ေငြရိွေနသည့္ေၾကာင္ျဖစ္ၿပီး အင္စတာဂရမ္တြင္ follower ေပါင္း (၂၆)သိန္းေက်ာ္ျဖင့္ ေက်ာ္ၾကားလွသည့္ေၾကာင္ျဖစ္သည္။

ရႈးပက္သည္ ဂ်ာမန္ကားအမွတ္တံဆိပ္ Opel ၏ အမွတ္တံဆိပ္သံတမန္လည္းျဖစ္ၿပီး Shu Uemura ႏွင့္ အဆင့္ျမင့္ ေၾကာင္ပစၥည္းထုတ္ကုန္ျဖစ္သည့္ Cheshire & Wain တို႔၏ ေၾကာ္ျငာရွင္လည္းျဖစ္သည္။

ကားလ္လာဂါဖဲက သူမရိွခ်ိန္တြင္ ရႈးပက္အားထိန္းသိမ္းေစာင့္ေရွာက္ရသူအေနျဖင့္ စိတ္ပူရန္မလိုဘဲ ေစာင့္ေရွာက္ႏုိင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။

“သူက ခ်မ္းသာတဲ့ေကာင္မေလးေလ”လို႔ ကားလ္လာဂါဖဲက ေျပာခဲ့ေၾကာင္း သိရသည္။

ကမၻာေက်ာ္ Chanel ၏ ဖန္တီးရွင္ ကားလ္လာဂါဖဲသည္ ျပင္သစ္ႏုိင္ငံတြင္ ေနထုိင္ေသာ္လည္း ဂ်ာမန္ႏုိင္ငံသားျဖစ္သည့္အတြက္ ၎၏ခ်စ္လွစြာေသာ အိမ္ေမြးေၾကာင္အား အေမြဆက္ခံပိုင္ခြင့္ ေပးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပင္သစ္ႏို္င္ငံ ဥပေဒအရ အိမ္ေမြးတိရိစၦာန္မ်ားအား အေမြဆက္ခံခြင့္မေပးထားေသာ္လည္း ဂ်ာမန္ႏုိင္ငံသားျဖစ္သူ လာဂါဖဲက  ပိုင္ဆိုင္မႈမ်ားကို သူ၏အိမ္ေမြးေၾကာင္ ရႈးပက္အား အေမြဆက္ခံသူအျဖစ္ ေသတမ္းစာျဖင့္ လႊဲေျပာင္းေပးႏိုင္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Ref:COS

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကမ္ဘာကျော် Chanel ၏ဖန်တီးရှင် ကားလ်လာဂါဖဲ၏ ဗမာကြောင် ဒေါ်လာသန်း (၃၀၀) အမွေဆက်ခံခွင့်ရရှိ
*******
ဂျာမန်နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာ ကားလ်လာဂါဖဲ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် သေဆုံးသွားပြီးနောက် သူ၏ကြောင် ရှုးပက်က အမွေဆက်ခံသူအဖြစ် ဒေါ်လာသန်း (၃၀၀) လက်ခံရရှိသွားကြောင်း သိရသည်။

ပြင်သစ်အမည်မှည့်ခေါ်ထားသည့် ရှုးပက်သည် ငွေရောင် ဗမာကြောင်အမျိုးအစားဖြစ်ပြီး နေ့စဉ်အစားအသောက်အဖြစ် ကာဗီယာငါးနှင့် chicken pate တို့ကိုသာ စားသုံးရသည့်အပြင် ခရီးသွားရာတွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်သာ သွားလာရကြောင်း သိရသည်။

အမွေဆက်ခံသူ ရှုးပက်အနေဖြင့် အမွေဆက်ခံရခြင်းမရှိပါကလည်း တစ်နှစ်လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ (၃)သန်းခန့် ဝင်ငွေရှိနေသည့်ကြောင်ဖြစ်ပြီး အင်စတာဂရမ်တွင် follower ပေါင်း (၂၆)သိန်းကျော်ဖြင့် ကျော်ကြားလှသည့်ကြောင်ဖြစ်သည်။

ရှုးပက်သည် ဂျာမန်ကားအမှတ်တံဆိပ် Opel ၏ အမှတ်တံဆိပ်သံတမန်လည်းဖြစ်ပြီး Shu Uemura နှင့် အဆင့်မြင့် ကြောင်ပစ္စည်းထုတ်ကုန်ဖြစ်သည့် Cheshire & Wain တို့၏ ကြော်ငြာရှင်လည်းဖြစ်သည်။

ကားလ်လာဂါဖဲက သူမရှိချိန်တွင် ရှုးပက်အားထိန်းသိမ်းစောင့်ရှောက်ရသူအနေဖြင့် စိတ်ပူရန်မလိုဘဲ စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“သူက ချမ်းသာတဲ့ကောင်မလေးလေ”လို့ ကားလ်လာဂါဖဲက ပြောခဲ့ကြောင်း သိရသည်။

ကမ္ဘာကျော် Chanel ၏ ဖန်တီးရှင် ကားလ်လာဂါဖဲသည် ပြင်သစ်နိုင်ငံတွင် နေထိုင်သော်လည်း ဂျာမန်နိုင်ငံသားဖြစ်သည့်အတွက် ၎င်း၏ချစ်လှစွာသော အိမ်မွေးကြောင်အား အမွေဆက်ခံပိုင်ခွင့် ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ဥပဒေအရ အိမ်မွေးတိရိစ္ဆာန်များအား အမွေဆက်ခံခွင့်မပေးထားသော်လည်း ဂျာမန်နိုင်ငံသားဖြစ်သူ လာဂါဖဲက  ပိုင်ဆိုင်မှုများကို သူ၏အိမ်မွေးကြောင် ရှုးပက်အား အမွေဆက်ခံသူအဖြစ် သေတမ်းစာဖြင့် လွှဲပြောင်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Ref:COS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~