ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လိင်စိတ်ကြွဆေးအတုရောင်းသည့် နိုင်ငံခြားသား (၈)ဦးနှင့် ထိုင်းနိုင်ငံသား (၅)ဦးတို့ကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လိင်စိတ်ကြွဆေးအတုရောင်းသည့် နိုင်ငံခြားသား (၈)ဦးနှင့် ထိုင်းနိုင်ငံသား (၅)ဦးတို့ကို ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 23, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်   နိုင်ငံခြားသားအများစုလည်ပတ်လေ့ရှိသည့် ဆူခွန်ဗစ်ဧရိယာအတွင်း (၁၇)နေရာတွင် လိင်စိတ်ကြွဆေးအတုများ ရောင်းချသည့် နိုင်ငံခြားသား (၈)ဦးနှင့် ထိုင်းနိုင်ငံသား (၅)ဦးကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့ညပိုင်း စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိလိုက်ကြောင်း The Nation သတင်းတွင် ဖေါ်ပြထားသည်။


ဖမ်းဆီးရမိသည့် လိင်စိတ်ကြွဆေးအတုများမှာ အန္တရာယ်ရှိသော ဓါတုပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဆေးအစစ်မှာ တစ်ဗူးလျှင် ဘတ် (၃,၀၀၀)ခန့်ရောင်းချ နေသော်လည်း ဆေးအတုများကို တစ်ဗူးလျှင် ဘတ် (၂၀၀)ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency
Ref: The Nation



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံခြားသားအများစုလည်ပတ်လေ့ရှိသည့် ဆူခွန်ဗစ်ဧရိယာအတွင်း (၁၇)နေရာတွင် လိင်စိတ်ကြွဆေးအတုများ ရောင်းချသည့် နိုင်ငံခြားသား (၈)ဦးနှင့် ထိုင်းနို်င်ငံသား (၅)ဦးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ညပိုင်း စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိလိုက်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

စီးပွားရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့နှင့် ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့တို့ ဦးဆောင်သည့် ပူးပေါင်း အဖွဲ့က ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းမကြီးတစ်လျှောက် ကမ္ဘာလှည့်ခရီးသွားအများစု သွားလာလေ့ ရှိသည့်နေရာ (၁၇)နေရာရှိ လိင်စိတ်ကြွဆေးများထုတ်လုပ်သည့် Pfizer၏ ကိုယ်စားလှယ်နှင့်အတူ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် လိင်စိတ်ကြွဆေးအတုများမှာ အန္တရာယ်ရှိသော ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဆေးအစစ်မှာ တစ်ဗူးလျှင် ဘတ် (၃,ဝဝဝ)ခန့်ရောင်းချ နေသော်လည်း ဆေးအတုများကို တစ်ဗူးလျှင် ဘတ် (၂၀၀)ဖြင့် ရောင်းချနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုအတွင်း လိင်စိတ်ကြွဆေးအတု (၁၁၈) ဗူးအပြင် ထိန်းချုပ်ထားသည့် ဆေးအမျိုး အစားပေါင်း (၁,၆၆၇)၊ Sex Toy (၃၉၆)ခုနှင့် အမှတ်တံဆိပ်အတုပစ္စည်း (၃၄၅)ခုတို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

Tachileik News Agency
Ref: The Nation 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~