ဘန္ေကာက္တြင္ အိမ္ရွင္ထံမွ ဘတ္ေငြတစ္သိန္းခိုးယူမႈျဖင့္ ျမန္မာအိမ္ေဖၚ အဖမ္းခံရ

ဘန္ေကာက္တြင္ အိမ္ရွင္ထံမွ ဘတ္ေငြတစ္သိန္းခိုးယူမႈျဖင့္ ျမန္မာအိမ္ေဖၚ အဖမ္းခံရ
ဖေဖော်ဝါရီ 27, 2019
By 🌸
ထုိင္းနုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ အလုပ္ဝင္ၿပီး (၃)ရက္အၾကာ၌ အိမ္ရွင္ထံမွ ဘတ္တစ္သိန္းခုိုးယူမႈျဖင့္ ျမန္မာအမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးထားေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔တြင္ သတင္းစာရွင္းလင္းေၾကာင္း The Nation သတင္းစာတြင္ ေဖၚျပထားသည္။

အသက္ (၃၄)ႏွစ္အရြယ္ ျမန္မာအမ်ိဳးသမီးသည္ ဘန္ေကာက္၊ ဆူခြန္ဗစ္ရိွ ကြန္ဒိုတစ္ခုတြင္ အိမ္ေဖၚအျဖစ္ အလုပ္လုပ္ကိုင္ေနျခင္းျဖစ္ၿပီး အလုပ္ဝင္ၿပီး (၃)ရက္အၾကာ ေဖေဖၚဝါရီလ (၂၄)ရက္ေန႔က အိမ္ရွင္၏ပိုက္ဆံကို ခိုးယူျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕က ဆိုသည္။

အဆိုပါေန႔က အိမ္ေဖာ္အမ်ိဳးသမီး၏ ေယာကၡထီးျဖစ္သူနာေရးရိွသည္ဟုဆိုကာ ခြင့္ေတာင္းၿပီး အေရးတႀကီး ထြက္ခြာသြားၿပီးေနာက္ ေနအိမ္၌ ဘတ္ေငြတစ္သိန္းေပ်ာက္ေနသည္ကို သတိထားခဲ့မိျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အဆိုပါအိမ္ေဖာ္အမ်ိဳးသမီးကို ၎တို႔ငွားရမ္းေနထုိင္သည့္အခန္းတြင္ ခင္ပြန္းျဖစ္သူႏွင့္အတူ ေတြ႔ရျခင္းျဖစ္ေၾကာငး္ သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဘန်ကောက်တွင် အိမ်ရှင်ထံမှ ဘတ်ငွေတစ်သိန်းခိုးယူမှုဖြင့် မြန်မာအိမ်ဖေါ် အဖမ်းခံရ
*********
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်ဝင်ပြီး (၃)ရက်အကြာ၌ အိမ်ရှင်ထံမှ ဘတ်တစ်သိန်းခိုးယူမှုဖြင့် မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့တွင် သတင်းစာရှင်းလင်းကြောင်း The Nation သတင်းစာတွင် ဖေါ်ပြထားသည်။

အသက် (၃၄)နှစ်အရွယ် မြန်မာအမျိုးသမီးသည် ဘန်ကောက်၊ ဆူခွန်ဗစ်ရှိ ကွန်ဒိုတစ်ခုတွင် အိမ်ဖေါ်အဖြစ် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး အလုပ်ဝင်ပြီး (၃)ရက်အကြာ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့က အိမ်ရှင်၏ပိုက်ဆံကို ခိုးယူခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါနေ့က အိမ်ဖော်အမျိုးသမီး၏ ယောက္ခထီးဖြစ်သူနာရေးရှိသည်ဟုဆိုကာ ခွင့်တောင်းပြီး အရေးတကြီး ထွက်ခွာသွားပြီးနောက် နေအိမ်၌ ဘတ်ငွေတစ်သိန်းပျောက်နေသည်ကို သတိထားခဲ့မိခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါအိမ်ဖော်အမျိုးသမီးကို ၎င်းတို့ငှားရမ်းနေထိုင်သည့်အခန်းတွင် ခင်ပွန်းဖြစ်သူနှင့်အတူ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~