ျမန္မာႏုိင္ငံ အေရွ႕ဖ်ား တာခ်ီလိတ္မွ ေတာင္ဘက္ဖ်ားေကာ့ေသာင္းအထိ ကီလိုမီတာ ေလးေထာင္ေက်ာ္ စက္ဘီးစီးနင္းသည့္အဖြဲ႕ ေကာ့ေသာင္းၿမိဳ႕သို႔ ေအာင္ျမင္စြာေရာက္ရိွ

ျမန္မာႏုိင္ငံ အေရွ႕ဖ်ား တာခ်ီလိတ္မွ ေတာင္ဘက္ဖ်ားေကာ့ေသာင္းအထိ ကီလိုမီတာ ေလးေထာင္ေက်ာ္ စက္ဘီးစီးနင္းသည့္အဖြဲ႕ ေကာ့ေသာင္းၿမိဳ႕သို႔ ေအာင္ျမင္စြာေရာက္ရိွ
ဖေဖော်ဝါရီ 3, 2019
By 🌸
ျမန္မာႏိုင္ငံအေရွ႕ဖ်ားမွ ထိုင္းႏိုင္ငံကို ျဖတ္သန္းကာ ျမန္မာႏုိင္ငံ ေတာင္ဘက္ဖ်ား ေကာ့ေသာင္းၿမိဳ႕အထိ ကီလိုမီတာ (၄,၀၀၀)ေက်ာ္ စက္ဘီးစီးနင္းေနသည့္ Tour of  2019 Eastern  to Thailand South Myanmar ခရီးစဥ္မွ စက္ဘီးသမား (၄)ဦးတုိ႔သည္  (၂၂)ရက္ေျမာက္ေန႔၌ ေကာ့ေသာင္းၿမိဳ႕သို႔ ေရာက္ရိွၿပီျဖစ္သည္။

က်ိဳင္းတံုၿမိဳ႕မွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔ နံနက္က စတင္ထြက္ခြာခဲ့ကာ တာခ်ီလိတ္ၿမိဳ႕မွ ဇန္နဝါရီလ (၁၂)ရက္ေန႔တြင္ ထြက္ခြာသြားသည့္ အဆိုပါ စက္ဘီးစီးအဖြဲ႕မွ (၆)ဦးအနက္ (၄)ဦးက တနသၤာရီတုိင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕သို႔ စီးနင္းျခင္းျဖစ္ၿပီး က်န္ (၂)ဦးက ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕သို႔ စီးနင္းၾကျခင္းျဖစ္သည္။

“ ကၽြန္ေတာ္တုိ႔ ေကာ့ေသာင္းကို ၿမိတ္ကေန ႏွစ္ညအိပ္ သံုးရက္ နင္းရတယ္။ ပံုမွန္ဆိုရင္ေတာ့ သံုးညအိပ္ ေလးရက္ နင္းရတယ္လို႔ သိရတယ္။ ကၽြန္ေတာ္တုိ႔အဖြဲ႕ကေတာ့ အဲဒီေလာက္ မၾကာဘဲေရာက္သြားတာေပါ့။ ေကာ့ေသာင္းမွာ မိဘမဲ့ကေလးေတြကို ျပဳစုေစာင့္ေရွာက္ထားတဲ့ ေရႊေတာင္ဦးမိဘမဲ့ပရဟိတေဂဟာကိုလည္း သြားခဲ့ၾကတယ္။ ေကာ့ေသာင္းစက္ဘီးစီးအဖြဲ႕ကလည္း ေကာ့ေသာင္းၿမိဳ႕က (၁၀)မို္င္အကြာထိကို လာႀကိဳေပးၾကတယ္”ဟု Tour of  2019 Eastern  to Thailand South Myanmar ခရီးစဥ္မွ ကိုေနဇာ (ေနဇာ only biker)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါစက္ဘီးစီးအဖြဲ႕တြင္ ကိုေလာလူ၊ ကိုအိုက္တီးအြန္၊ ကိုေနဇာ(Only Biker)ႏွင့္ ကိုစိုင္းခမ္းရွဲန္တို႔ (၄)ဦးအဖြဲ႕က ေကာ့ေသာင္းၿမိဳ႕အထိ စီးနင္းကာ ကိုလွျမင့္မိုး(ခ)ကိုတူး၊ ဦးစိုင္းရီဆိုင္ (ခ)ပီနန္က ကရင္ျပည္နယ္ ေကာ့ကရိတ္အထိ စီးနင္းေနၾကျခင္းျဖစ္သည္။

အဆိုပါ ျမန္မာစက္ဘီးသမားမ်ားသည္ မိမိတို႔အစီအစဥ္ျဖင့္ ခရီးစဥ္အား စီစဥ္ျခင္းျဖစ္ေသာ္လည္း ခရီးစဥ္တစ္ေလွ်ာက္တြင္ ေဒသတြင္းမွ စက္ဘီးအဖြဲ႕မ်ားက လာေရာက္ႀကိဳဆိုျခင္း၊ လိုအပ္သည္မ်ားကို ပံ့ပိုးကူညီေပးခဲ့ၾကေၾကာင္း သိရသည္။

အျပန္ခရီးတြင္ တာခ်ီလိတ္ၿမိဳ႕မွ ကိုေနဇာ(Only Biker)ႏွင့္ တာေလၿမိဳ႕မွ ကိုစိုင္းခမ္းရွဲန္တို႔က ေကာ့ေသာင္းမွေန၍ တာခ်ီလိတ္သို႔ ထိုင္းႏိုင္ငံအတြင္း ရေနာင္း - ခြ်န္းေဖာ၊ ေဟြဟင္၊ လမ္းပန္း၊ ခ်င္းရိုင္း၊ မယ္ဆိုင္ကိုျဖတ္သန္းၿပီး စက္ဘီးျပန္လည္စီးနင္းၾကမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Tour of  2019 Eastern  to Thailand South Myanmar

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာနိုင်ငံ အရှေ့ဖျား တာချီလိတ်မှ တောင်ဘက်ဖျားကော့သောင်းအထိ ကီလိုမီတာ လေးထောင်ကျော် စက်ဘီးစီးနင်းသည့်အဖွဲ့ ကော့သောင်းမြို့သို့ အောင်မြင်စွာရောက်ရှိ
*********
မြန်မာနိုင်ငံအရှေ့ဖျားမှ ထိုင်းနိုင်ငံကို ဖြတ်သန်းကာ မြန်မာနိုင်ငံ တောင်ဘက်ဖျား ကော့သောင်းမြို့အထိ ကီလိုမီတာ (၄,၀၀၀)ကျော် စက်ဘီးစီးနင်းနေသည့် Tour of  2019 Eastern  to Thailand South Myanmar ခရီးစဉ်မှ စက်ဘီးသမား (၄)ဦးတို့သည်  (၂၂)ရက်မြောက်နေ့၌ ကော့သောင်းမြို့သို့ ရောက်ရှိပြီဖြစ်သည်။

ကျိုင်းတုံမြို့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်က စတင်ထွက်ခွာခဲ့ကာ တာချီလိတ်မြို့မှ ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ထွက်ခွာသွားသည့် အဆိုပါ စက်ဘီးစီးအဖွဲ့မှ (၆)ဦးအနက် (၄)ဦးက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ စီးနင်းခြင်းဖြစ်ပြီး ကျန် (၂)ဦးက ကရင်ပြည်နယ် ကော့ကရိတ်မြို့သို့ စီးနင်းကြခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ကော့သောင်းကို မြိတ်ကနေ နှစ်ညအိပ် သုံးရက် နင်းရတယ်။ ပုံမှန်ဆိုရင်တော့ သုံးညအိပ် လေးရက် နင်းရတယ်လို့ သိရတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ အဲဒီလောက် မကြာဘဲရောက်သွားတာပေါ့။ ကော့သောင်းမှာ မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ထားတဲ့ ရွှေတောင်ဦးမိဘမဲ့ပရဟိတဂေဟာကိုလည်း သွားခဲ့ကြတယ်။ ကော့သောင်းစက်ဘီးစီးအဖွဲ့ကလည်း ကော့သောင်းမြို့က (၁၀)မိုင်အကွာထိကို လာကြိုပေးကြတယ်”ဟု Tour of  2019 Eastern  to Thailand South Myanmar ခရီးစဉ်မှ ကိုနေဇာ (နေဇာ only biker)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါစက်ဘီးစီးအဖွဲ့တွင် ကိုလောလူ၊ ကိုအိုက်တီးအွန်၊ ကိုနေဇာ(Only Biker)နှင့် ကိုစိုင်းခမ်းရှဲန်တို့ (၄)ဦးအဖွဲ့က ကော့သောင်းမြို့အထိ စီးနင်းကာ ကိုလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းရီဆိုင် (ခ)ပီနန်က ကရင်ပြည်နယ် ကော့ကရိတ်အထိ စီးနင်းနေကြခြင်းဖြစ်သည်။

အဆိုပါ မြန်မာစက်ဘီးသမားများသည် မိမိတို့အစီအစဉ်ဖြင့် ခရီးစဉ်အား စီစဉ်ခြင်းဖြစ်သော်လည်း ခရီးစဉ်တစ်လျှောက်တွင် ဒေသတွင်းမှ စက်ဘီးအဖွဲ့များက လာရောက်ကြိုဆိုခြင်း၊ လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ကြကြောင်း သိရသည်။

အပြန်ခရီးတွင် တာချီလိတ်မြို့မှ ကိုနေဇာ(Only Biker)နှင့် တာလေမြို့မှ ကိုစိုင်းခမ်းရှဲန်တို့က ကော့သောင်းမှနေ၍ တာချီလိတ်သို့ ထိုင်းနိုင်ငံအတွင်း ရနောင်း - ချွန်းဖော၊ ဟွေဟင်၊ လမ်းပန်း၊ ချင်းရိုင်း၊ မယ်ဆိုင်ကိုဖြတ်သန်းပြီး စက်ဘီးပြန်လည်စီးနင်းကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Tour of  2019 Eastern  to Thailand South Myanmar

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~