တာခ်ီလိတ္ၿမိဳ႕တြင္ နံနက္အေစာပိုင္းပိတ္ဆို႔စစ္ေဆးမႈအတြင္း မူးယစ္ေဆးမ်ားဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ နံနက္အေစာပိုင္းပိတ္ဆို႔စစ္ေဆးမႈအတြင္း မူးယစ္ေဆးမ်ားဖမ္းဆီးရမိ
ဖေဖော်ဝါရီ 13, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ မုိင္းကိုးေက်းရြာအုပ္စု၊ မယ္လိတ္ပါေကာ္(အေပၚ) ေက်းရြာတြင္ အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား၊ ဘိန္းစိမ္းမ်ားျဖင့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၃)ရက္ေန႔ နံနက္ (၃)နာရီခြဲဝန္းက်င္က ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႕စု(၃၀)မွ ရဲအုပ္ေစာခုိင္ဦးစီးအဖြဲ႕သည္ မယ္လိတ္ပါေကာ္ - ေဝွေလလန္ရြာဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ က်ေဖ့အား စစ္ေဆးရာ အက်ီ ၤအိတ္အတြင္းထည့္လာသည့္ စိတ္ၾကြေဆးျပား (၃၀၀)ျပားႏွင့္ ဘိန္းစိမ္း (၁၆)ဂရမ္ခန္႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ က်ေဖ့အား တာခ်ီလိတ္ၿမိဳ႕မွရဲစခန္းတြင္ မယ(ပ) ၂၅/၂၀၁၉၊ မူး/စိတ္ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် နံနက်အစောပိုင်းပိတ်ဆို့စစ်ဆေးမှုအတွင်း မူးယစ်ဆေးများဖမ်းဆီးရမိ
**********

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်(အပေါ်) ကျေးရွာတွင် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား၊ ဘိန်းစိမ်းများဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက် (၃)နာရီခွဲဝန်းကျင်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)မှ ရဲအုပ်စောခိုင်ဦးစီးအဖွဲ့သည် မယ်လိတ်ပါကော် - ဝှေလေလန်ရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကျဖေ့အား စစ်ဆေးရာ အကျီ ၤအိတ်အတွင်းထည့်လာသည့် စိတ်ကြွဆေးပြား (၃၀၀)ပြားနှင့် ဘိန်းစိမ်း (၁၆)ဂရမ်ခန့်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ကျဖေ့အား တာချီလိတ်မြို့မှရဲစခန်းတွင် မယ(ပ) ၂၅/၂၀၁၉၊ မူး/စိတ် ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~