တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္မွ အမ်ိဳးသမီးတစ္ဦးကို ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပား အနည္းငယ္ျဖင့္ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္မွ အမ်ိဳးသမီးတစ္ဦးကို ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပား အနည္းငယ္ျဖင့္ ဖမ္းမိ
ဖေဖော်ဝါရီ 7, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ မုိင္းကိုးေက်းရြာအုပ္စု၊ မုိင္းဟိေက်းရြာတြင္ မူးယစ္သတင္းရေနအိမ္အား ဝင္ေရာက္ဖမ္းဆီးရာ အသက္(၄၉)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးကို စိတ္ၾကြေဆးျပား (၂၂၄) ျပားႏွင့္ ဘိန္းျဖဴ (၄)ဂရမ္တို႔ျဖင့္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေဒၚနန္းခါ၏ ေနအိမ္အား ညေန(၄)နာရီအခ်ိန္က ဝင္ေရာက္ရွာေဖြရာ ၎လြယ္ထားေသာ လြယ္အိတ္အတြင္းမွ WY စာတမ္းပါ စိတ္ၾကြေဆးျပား (၁၅၀) ျပား တစ္ထုပ္ႏွင့္ (၇၄)ျပားပါ စိတ္ၾကြေဆးျပားတစ္ထုပ္ စုစုေပါင္း စိတ္ၾကြေဆးျပား (၂၂၄)ျပား၊ အေအးစုပ္ပိုက္ျဖင့္ ပိုက္တိုတစ္ေခ်ာင္းလွ်င္ ဘိန္းျဖဴ (၀.၄)ဂရမ္ခန္႔စီထည့္ထားသည့္ (၁၀)ပိုက္ စုစုေပါင္း ဘိန္းျဖဴ (၄)ဂရမ္ခန္႔ႏွင့္ မူးယစ္ေဆးသံုးသည့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ နန္းခါကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၆/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် မူးယစ်သတင်းရနေအိမ်မှ အမျိုးသမီးတစ်ဦးကို ဘိန်းဖြူ၊ စိတ်ကြွဆေးပြား အနည်းငယ်ဖြင့် ဖမ်းမိ
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဟိကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား ဝင်ရောက်ဖမ်းဆီးရာ အသက်(၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စိတ်ကြွဆေးပြား (၂၂၄) ပြားနှင့် ဘိန်းဖြူ (၄)ဂရမ်တို့ဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။

ဒေါ်နန်းခါ၏ နေအိမ်အား ညနေ(၄)နာရီအချိန်က ဝင်ရောက်ရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၅၀) ပြား တစ်ထုပ်နှင့် (၇၄)ပြားပါ စိတ်ကြွဆေးပြားတစ်ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၂၂၄)ပြား၊ အအေးစုပ်ပိုက်ဖြင့် ပိုက်တိုတစ်ချောင်းလျှင် ဘိန်းဖြူ (ဝ.၄)ဂရမ်ခန့်စီထည့်ထားသည့် (၁၀)ပိုက် စုစုပေါင်း ဘိန်းဖြူ (၄)ဂရမ်ခန့်နှင့် မူးယစ်ဆေးသုံးသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် နန်းခါကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~