မူကြိုပညာရေးသင် ဆရာ၊ဆရာမများ စွမ်းရည်ပြည့်ရေးနှင့် ကလေးများ အဟာရကျွေးမွေးရေး အစိုးရအားတိုက်တွန်းသည့်အဆိုကို လွှတ်တော်က အတည်ပြု

မူကြိုပညာရေးသင် ဆရာ၊ဆရာမများ စွမ်းရည်ပြည့်ရေးနှင့် ကလေးများ အဟာရကျွေးမွေးရေး အစိုးရအားတိုက်တွန်းသည့်အဆိုကို လွှတ်တော်က အတည်ပြု
ဖေဖော်ဝါရီ 25, 2019
By Tachileik News Agency

မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ၊ဆရာမများ လေ့ကျင့်သင်ကြားပေးရေးနှင့် မူကြိုကျောင်းများတွင် အဟာရ ကျွေးမွေးရေးအတွက် ဘတ်ဂျက်ပံ့ပိုးပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့၌ ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနက မူကြိုကလေးငယ်များအတွက် တစ်ဦးလျှင် (၃၅၀)ကျပ်နှုန်းဖြင့် အဟာရ ကျွေးမွေးနေပြီး မူကြိုကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် မြို့နယ်ပေါင်း (၂၃၄)မြို့နယ်တွင်လည်း နှစ်စဉ် မိခင်ဝိုင်း (၁,၀၀၀)နှုန်းဖွဲ့စည်းထောက်ပံ့ပေးနိုင်ရန် လုပ်ဆောင်နေသဖြင့် အဆိုရှင်၏ အဆိုအား အတည်ပြုပေးရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လွှတ်တော်တွင် တိုက်တွန်းခဲ့သည်။

မူကြိုကျောင်းများအတွက် သင်ရိုးညွှန်းတမ်းနှင့် ဆရာ၊ဆရာမများအား သင်တန်းပေးခြင်းတို့ကို UNCEF၊ စင်္ကာပူနိုင်ငံနှင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်နေပြီး ကလေးငယ်များ အဟာရကျွေးမွေးခြင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများအား ပံ့ပိုးခြင်းတို့အတွက် ဘတ်ဂျက်ပိုမိုတောင်းခံ ဆောင်ရွက်ပေးသွားမည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ၊ဆရာမများ လေ့ကျင့်သင်ကြားပေးရေးနှင့် မူကြိုကျောင်းများတွင် အဟာရ ကျွေးမွေးရေးအတွက် ဘတ်ဂျက်ပံ့ပိုးပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၌ ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနက မူကြိုကလေးငယ်များအတွက် တစ်ဦးလျှင် (၃၅၀)ကျပ်နှုန်းဖြင့် အဟာရ ကျွေးမွေးနပြေီး မူကြိုကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် မြို့နယ်ပေါင်း (၂၃၄)မြို့နယ်တွင်လည်း နှစ်စဉ် မိခင်ဝိုင်း (၁,ဝဝဝ)နှုန်းဖွဲ့စည်းထောက်ပံ့ပေးနိုင်ရန် လုပ်ဆောင်နေသဖြင့် အဆိုရှင်၏ အဆိုအား အတည်ပြုပေးရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လွှတ်တော်တွင် တိုက်တွန်းခဲ့သည်။

မူကြိုကျောင်းများအတွက် သင်ရိုးညွှန်းတမ်းနှင့် ဆရာ၊ဆရာမများအား သင်တန်းပေးခြင်းတို့ကို UNCEF၊ စင်္ကာပူနိုင်ငံနှင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်နပြေီး ကလေးငယ်များ အဟာရကျွေးမွေးခြင်းနှင့် ကိုယ်ထူကိုယ်ထကျောင်းများအား ပံ့ပိုးခြင်းတို့အတွက် ဘတ်ဂျက်ပိုမိုတောင်းခံ ဆောင်ရွက်ပေးသွားမည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးများ၏ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ၊ဆရာမများ လေ့ကျင့် သင်ကြားပေးပါရန်နှင့် မူကြိုကျောင်းများတွင် အာဟာရ ကျွေးမွေးနိုင်ရန် အတွက် သင့်လျော်သော ဘတ်ဂျက်ထည့်သွင်း ပံ့ပိုးပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက အဆိုတင်သွင်းထားခြင်း ဖြစ်သည်။

ယင်းအဆိုကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ ကွမ်းလုံ မဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်၊ မကွေး မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၊ ချမ်းအေးသာစံမဲဆန္ဒနယ်မှ ဦးမျိုးနိုင်နှင့် ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီတို့က ထောက်ခံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~