တာခ်ီလိတ္တြင္ လူသတ္မႈျဖစ္ပြားရာ အနီးဝန္းက်င္ရွိ ထိုင္းႏိုင္ငံသားတစ္ဦးအား စစ္ေဆးရာက ေနအိမ္အခန္းတြင္ မူးယစ္ေဆး၀ါး ေတြ႔ရွိ

တာခ်ီလိတ္တြင္ လူသတ္မႈျဖစ္ပြားရာ အနီးဝန္းက်င္ရွိ ထိုင္းႏိုင္ငံသားတစ္ဦးအား စစ္ေဆးရာက ေနအိမ္အခန္းတြင္ မူးယစ္ေဆး၀ါး ေတြ႔ရွိ
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၈)ရက္ေန႔ ညပိုင္းက ေသနတ္ ပစ္ခတ္မႈျဖစ္ပြားရာ အနီးဝန္းက်င္တြင္ ေတြ႔ရသည့္ ထုိင္းႏုိင္ငံသားတစ္ဦး၏ ေနအိမ္ခန္းအတြင္းမွ စိတ္ၾကြေဆးျပား (၆)ျပားႏွင့္ အိုက္စ္ (၆.၅၂)ဂရမ္ကို ဖမ္းမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ ေဖေဖၚဝါရီလ (၈)ရက္ေန႔ ည (၉)နာရီေက်ာ္က ေသနတ္ ပစ္ခတ္မႈျဖစ္ပြားသျဖင့္ အနီးဝန္းက်င္အား စစ္ေဆးရာ ထုိင္းနုိင္ငံသား Khwan Jarochaiyakham ဆိုသူကို ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးရာ အိမ္ခန္းငွားေနထုိင္သူျဖစ္ေၾကာင္း စစ္ေဆးသိရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎ငွားရမ္းေနထုိင္ရာ မယ္ေခါင္ရပ္ကြက္ရိွ ေနအိမ္ခန္းအတြင္း ဝင္ေရာက္ရွာေဖြရာ အေလးခ်ိန္(၆.၅၂)ဂရမ္ရွိ အုိက္စ္ႏွင့္ စိတ္ၾကြေဆးျပား(၆)ျပားတို႔ကို ရွာေဖြေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထုိင္းႏိုင္ငံသား Khwan Jarochaiyakham ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနီးဝန်းကျင်တွင် တွေ့ရသည့် ထိုင်းနိုင်ငံသားတစ်ဦး၏ နေအိမ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၆)ပြားနှင့် အိုက်စ် (၆.၅၂)ဂရမ်ကို ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဖေဖော်ဝါရီလ (၈)ရက်နေ့ ည (၉)နာရီကျော်က သေနတ် ပစ်ခတ်မှုဖြစ်ပွားသဖြင့် အနီးဝန်းကျင်အား စစ်ဆေးရာ ထိုင်းနိုင်ငံသား Khwan Jarochaiyakham ဆိုသူကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးရာ အိမ်ခန်းငှါးနေထိုင်သူဖြစ်ကြောင်း စစ်ဆေးသိရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းငှါးရမ်းနေထိုင်ရာ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်ခန်းအတွင်း ဝင်ရောက်ရှာဖွေရာ အလေးချိန်(၆.၅၂)ဂရမ်ရှိ အိုက်စ်နှင့် စိတ်ကြွဆေးပြား(၆)ပြားတို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား Khwan Jarochaiyakham ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~