တာခ်ီလိတ္ၿမိဳ႕ရိွ တည္းခိုခန္းတစ္ခုတြင္ လူငယ္ႏွစ္ဦးကို စိတ္ၾကြေဆးျပား ၄၀,၀၀၀ ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ရိွ တည္းခိုခန္းတစ္ခုတြင္ လူငယ္ႏွစ္ဦးကို စိတ္ၾကြေဆးျပား ၄၀,၀၀၀ ႏွင့္အတူ ဖမ္းမိ
ဖေဖော်ဝါရီ 16, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရိွ တည္းခုိခန္းတစ္ခုတြင္ လူငယ္(၂)ဦးကို စိတ္ၾကြေဆးျပား (၄၀,၀၀၀)ျပားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၆)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔တို႔က  ဆန္ဆိုင္း(ခ)ရပ္ကြက္ရိွ တည္းခိုခန္းတစ္ခုတြင္ ေစာင့္ဆုိင္းဖမ္းဆီးရာ ည(၇)နာရီဝန္းက်င္က တည္းခိုခန္း စႀကၤန္လမ္း၌ အသက္ (၁၉)ႏွစ္အရြယ္ ေလာ္ေဘႏွင့္ အသက္ ( ၁၇)ႏွစ္အရြယ္ ေလာ္ဘာတို႔ႏွစ္ဦးထံမွ စိတ္ၾကြေဆးျပား (၄၀,၀၀၀)ျပားကို ရွာေဖြ ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔စီးနင္းလာသည့္ ဆုိင္ကယ္တစ္စီးကိုလည္း တည္းခိုခန္းေရွ႕ လမ္းမေပၚတြင္ ေတြ႔ရိွရသျဖင့္ သိမ္းဆည္းထားေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းမိသည့္ ေလာ္ေဘႏွင့္ ေလာ္ဘာတုိ႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ (ပ) ၂၇/၂၀၁၉၊ မူး/စိတ္ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖဲြ႕




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် လူငယ်(၂)ဦးကို စိတ်ကြွဆေးပြား (၄၀,ဝဝဝ)ပြားနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် စောင့်ဆိုင်းဖမ်းဆီးရာ ည(၇)နာရီဝန်းကျင်က တည်းခိုခန်း စင်္ကြန်လမ်း၌ အသက် (၁၉)နှစ်အရွယ် လော်ဘေနှင့် အသက် ( ၁၇)နှစ်အရွယ် လော်ဘာတို့နှစ်ဦးထံမှ စိတ်ကြွဆေးပြား (၄၀,ဝဝဝ)ပြားကို ရှာဖွေ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကိုလည်း တည်းခိုခန်းရှေ့ လမ်းမပေါ်တွင် တွေ့ရှိရသဖြင့် သိမ်းဆည်းထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် လော်ဘေနှင့် လော်ဘာတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ (ပ) ၂၇/၂၀၁၉၊ မူး/စိတ် ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~