၀ါဂြမ္းစမ်ားျဖင့္ ျပဳလုပ္ထားသည့္ ၾကက္သားမွ်င္ထုတ္မ်ားကို လားရႈိးၿမိဳ႕တြင္ ေတြ႔ရွိရ၍ ပူးေပါင္းအဖြဲ႔ျဖင့္ ကြင္းဆင္းစစ္ေဆးမႈမ်ား လုပ္ေဆာင္သြားမည္

၀ါဂြမ္းစမ်ားျဖင့္ ျပဳလုပ္ထားသည့္ ၾကက္သားမွ်င္ထုတ္မ်ားကို လားရႈိးၿမိဳ႕တြင္ ေတြ႔ရွိရ၍ ပူးေပါင္းအဖြဲ႔ျဖင့္ ကြင္းဆင္းစစ္ေဆးမႈမ်ား လုပ္ေဆာင္သြားမည္
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕နယ္အတြင္း စားေသာက္ကုန္လုပ္ငန္းႏွင့္ ေစ်းကြက္မ်ားအတြင္း၌ ၀ါဂြမ္းစမ်ား အသံုျပဳကာ ျပဳလုပ္ထားေသာ ၾကက္သားမွ်င္မ်ားကို ေတြ႔ရွိရ၍ စားသံုးသူေရးရာဦးစီးဌာနႏွင့္ ၿမိဳ႕နယ္ အစားအေသာက္ႏွင့္ ေဆးဝါးႀကီးၾကပ္ကြပ္ကဲေရး ေကာ္မတီတို႔ ပူးေပါင္းကာ  ၿမိဳ႕နယ္အတြင္း ကြင္းဆင္း စစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လားရႈိးၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုး၌ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားႏွင့္ စားသံုးရန္မသင့္သည့္ စားေသာက္ကုန္မ်ားအား ၂၀၁၉ခုႏွစ္ ေဖေဖၚဝါရီလ (၄)ရက္ေန႔ နံနက္ပိုင္းက မီးရႈိ႕ဖ်က္ဆီးခဲ့ရာတြင္ အသားမွ်င္အစား ဝါဂြမ္းမ်ားကို အသံုးျပဳထားကာ အေရာင္ဆိုးေဆး ပမာဏမ်ားျပားစြာ အသံုးျပဳ ထုတ္လုပ္ထားၿပီး တရုတ္ႏိုင္ငံမွ အေကာက္ခြန္မဲ့ျဖင့္ တင္သြင္းလာေသာ အသင့္စား ၾကက္သားမွ်င္ ထုတ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

"လားရိႈးမွာရွိတဲ့ စားေသာက္ကုန္လုပ္ငန္းေတြ၊ မုန္႔လုပ္ငန္းေတြကို ပထမဦးဆံုးအႀကိမ္ စစ္ေဆးခဲ့စဥ္ ကတည္းက အဲ့ဒီလို အသင့္စားၾကက္သားမွ်င္ေတြကို အသံုးျပဳေနတဲ့ လုပ္ငန္းအားလံုးမွွာ အဲ့ဒါေတြကို ထပ္ၿပီးမသံုးဖို႔ အတြက္ ခံဝန္ကတိေတြ ထိုးခိုင္းထားၿပီးသားပါ၊ ဒီေန႔မီးရႈိ႕ဖ်က္ဆီးတဲ့ အခမ္းအနားမွာ အဲ့ဒီၾကက္သားမွ်င္ေတြ ထပ္ၿပီး ေတြ႔ရတဲ့အတြက္ ေစ်းကြက္ထဲကိုလည္း ျပန္ၿပီးစစ္ေဆးဖို႔ လိုအပ္ေနတာကို သတိထားမိတယ္၊ ဒါေၾကာင့္ ေစ်းကြက္ထဲေရာ မုန္႔လုပ္ငန္းေတြကိုပါ သက္ဆိုင္ရာအဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး ထပ္ၿပီးစ စ္ေဆးသြားဖို႔ စီစဥ္ေနပါတယ္"ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး (လားရိႈး) မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ဇန္န၀ါရီလ(၄)ရက္ေန႔တြင္ ေျပာသည္။

အဆိုပါ အသင့္စားၾကက္သားမွ်င္မ်ားအား ေရထဲတြင္ စိမ္ထားပါက ေရမွာ အေရာင္ေျပာင္းသြားသည္အထိ ဆိုးေဆးမ်ား အမ်ားအျပားအသံုးျပဳထားသည္ကို ျမင္ေတြ႔ႏိုင္ၿပီး ၾကက္သားမွ်င္အျဖစ္ ျပဳလုပ္ထားေသာ အရာမ်ားကို ေရထဲတြင္စိမ္၍ လက္ျဖင့္ ဖိေခ်လိုက္ပါက ဝါဂြမ္းအစမ်ားအျဖစ္ ျမင္ေတြ႔ႏိုင္သည့္အတြက္ လူတိုင္းအလြယ္တကူ စစ္ေဆးႏိုင္ေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ တရုတ္ႏိုင္ငံမွဝင္ေရာက္လာသည့္ အသင့္စား မုန္႔ပဲသြားေရစာမ်ားႏွင့္ စားသံုးရန္မသင့္ေၾကာင္း စားသံုးသူေရးရာဦးစီးဌာနက ေၾကညာထားသည့္ အစားအစာမ်ား၊ ေရေျမာင္းမ်ားမွ ခပ္ယူ၍ ျပန္ခ်က္ကာ ျမန္မာစာျဖင့္ အမည္တပ္ၿပီး တင္သြင္းလာေသာ ေျမာင္းဆီ ( စားသံုးရန္မသင့္သည့္ ဆီ )မ်ား ႏွင့္ ပတ္သက္၍ ျပည္သူလူထံ ပိုမိုသိရွိေစရန္အတြက္ အသိပညာေပးေဟာေျပာမႈမ်ားကိုလည္း က်ယ္က်ယ္ျပန္႔ျပန္႔  ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

စားသံုးသူမ်ား အေနျဖင့္ မိမိတို႔ ေန႔စဥ္ထိေတြ႔ေနသည့္ ေစ်းကြက္မ်ားအတြင္း စားသံုးရန္မသင့္ေၾကာင္း ေၾကညာထားသည့္ အစားအစာမ်ား၊ ဆီမ်ား၊ အသင့္စား သြားေရစာမ်ားႏွင့္ ပတ္သက္၍ စားသံုးသူ အျငင္းပြားမႈ ေျဖရွင္းေရး ဌာန ( စားသံုးသူေရးရာဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး) (လားရိႈး) သို႔ လူကိုယ္တိုင္ျဖစ္ေစ စာျဖင့္ ျဖစ္ေစ တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း စားသောက်ကုန်လုပ်ငန်းနှင့် ဈေးကွက်များအတွင်း၌ ဝါဂွမ်းစများ အသုံပြုကာ ပြုလုပ်ထားသော ကြက်သားမျှင်များကို တွေ့ရှိရ၍ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီတို့ ပူးပေါင်းကာ မြို့နယ်အတွင်း ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး၌ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်များအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ရာတွင် အသားမျှင်အစား ဝါဂွမ်းများကို အသုံးပြုထားကာ အရောင်ဆိုးဆေး ပမာဏများပြားစွာ အသုံးပြု ထုတ်လုပ်ထားပြီး တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့ဖြင့် တင်သွင်းလာသော အသင့်စား ကြက်သားမျှင် ထုတ်များလည်း ပါဝင်ကြောင်း သိရသည်။

"လားရှိုးမှာရှိတဲ့ စားသောက်ကုန်လုပ်ငန်းတွေ၊ မုန့်လုပ်ငန်းတွေကို ပထမဦးဆုံးအကြိမ် စစ်ဆေးခဲ့စဉ် ကတည်းက အဲ့ဒီလို အသင့်စားကြက်သားမျှင်တွေကို အသုံးပြုနေတဲ့ လုပ်ငန်းအားလုံးမှာ အဲ့ဒါတွေကို ထပ်ပြီးမသုံးဖို့ အတွက် ခံဝန်ကတိတွေ ထိုးခိုင်းထားပြီးသားပါ၊ ဒီနေ့မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ အဲ့ဒီကြက်သားမျှင်တွေ ထပ်ပြီး တွေ့ရတဲ့အတွက် ဈေးကွက်ထဲကိုလည်း ပြန်ပြီးစစ်ဆေးဖို့ လိုအပ်နေတာကို သတိထားမိတယ်၊ ဒါကြောင့် ဈေးကွက်ထဲရော မုန့်လုပ်ငန်းတွေကိုပါ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထပ်ပြီးစ စ်ဆေးသွားဖို့ စီစဉ်နေပါတယ်"ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး) မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၄)ရက်နေ့တွင် ပြောသည်။

အဆိုပါ အသင့်စားကြက်သားမျှင်များအား ရေထဲတွင် စိမ်ထားပါက ရေမှာ အရောင်ပြောင်းသွားသည်အထိ ဆိုးဆေးများ အများအပြားအသုံးပြုထားသည်ကို မြင်တွေ့နိုင်ပြီး ကြက်သားမျှင်အဖြစ် ပြုလုပ်ထားသော အရာများကို ရေထဲတွင်စိမ်၍ လက်ဖြင့် ဖိချေလိုက်ပါက ဝါဂွမ်းအစများအဖြစ် မြင်တွေ့နိုင်သည့်အတွက် လူတိုင်းအလွယ်တကူ စစ်ဆေးနိုင်ကြောင်း၎င်းက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် အသင့်စား မုန့်ပဲသွားရေစာများနှင့် စားသုံးရန်မသင့်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ကြေညာထားသည့် အစားအစာများ၊ ရေမြောင်းများမှ ခပ်ယူ၍ ပြန်ချက်ကာ မြန်မာစာဖြင့် အမည်တပ်ပြီး တင်သွင်းလာသော မြောင်းဆီ ( စားသုံးရန်မသင့်သည့် ဆီ )များ နှင့် ပတ်သက်၍ ပြည်သူလူထံ ပိုမိုသိရှိစေရန်အတွက် အသိပညာပေးဟောပြောမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စားသုံးသူများ အနဖြေင့် မိမိတို့ နေ့စဉ်ထိတွေ့နေသည့် ဈေးကွက်များအတွင်း စားသုံးရန်မသင့်ကြောင်း ကြေညာထားသည့် အစားအစာများ၊ ဆီများ၊ အသင့်စား သွားရေစာများနှင့် ပတ်သက်၍ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး ဌာန ( စားသုံးသူရေးရာဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး) (လားရှိုး) သို့ လူကိုယ်တိုင်ဖြစ်စေ စာဖြင့် ဖြစ်စေ တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~