“ဝ”အထူးေဒသ (၂)အတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသား (၈၀)ကို ဖမ္းဆီးရမိ

“ဝ”အထူးေဒသ (၂)အတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသား (၈၀)ကို ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မုိင္းဆတ္ၿမဳိ႕နယ္၊ မုိင္းထလန္းေက်းရြာအုပ္စု၊ မုိင္းကန္းေက်းရြာ “ ၀ ”အထူးေဒသ (၂)သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသား (၈၀)ဦးကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၃)ရက္ေန႔ ညေနပိုင္းက ထိန္းသိမ္းလုိက္ေၾကာင္း သိရသည္။

“ဝ”အထူးေဒသ (၂) ရိွ နားေယာင္းတည္းခုိခန္းႏွင့္ စင္းခမ္း တည္းခုိခန္းတုိ႔တြင္ တည္းခိုေနထုိင္သည့္ ထုိင္းႏုိင္ငံသား အမ်ိဳးသား (၄၇)ဦးႏွင့္ အမ်ိဳးသမီး (၃၃)ဦးတုိ႔ကို ေဖေဖာ္၀ါရီလ (၃) ရက္၊ ညေန (၃)နာရီတြင္ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးမွဴးရံုးမွ တာဝန္ရိွသူမ်ားႏွင့္ မုိင္းတြမ္း နယ္ေျမရဲတပ္ဖြဲ႕တို႔ ပူးေပါင္းအဖြဲ႕ျဖင့္ သြားေရာက္စစ္ေဆးကာ ထိန္းသိမ္းလိုက္ျခင္းျဖစ္သည္။

အဆိုပါ စစ္ေဆးသည့္ အဖြဲ႕တြင္ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဆုိင္ရာ မုိင္းဆတ္ၿမဳိ႕နယ္ ဦးစီးမွဴးရံုးမွ ၿမဳိ႕နယ္ဦးစီးမွဴး ဦး၀င္းထြန္းႏွင့္ မုိင္းတြမ္းနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ေလးကုိကုိတို႔က ဦးစီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ထုိင္းႏိုင္ငံသား (၈၀)ဦးကို မိုင္းတြမ္းနယ္ေျမရဲစခန္းသို႔ ပို႔ေဆာင္ၿပီး လူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူျခင္းကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာ “ ဝ ”အထူးဒေသ (၂)သို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား (၈၀)ဦးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့ ညနေပိုင်းက ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

“ဝ”အထူးဒေသ (၂) ရှိ နားယောင်းတည်းခိုခန်းနှင့် စင်းခမ်း တည်းခိုခန်းတို့တွင် တည်းခိုနေထိုင်သည့် ထိုင်းနိုင်ငံသား အမျိုးသား (၄၇)ဦးနှင့် အမျိုးသမီး (၃၃)ဦးတို့ကို ဖေဖော်ဝါရီလ (၃) ရက်၊ ညနေ (၃)နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းတွမ်း နယ်မြေရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးကာ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆေးသည့် အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မိုင်းဆတ်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းနှင့် မိုင်းတွမ်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် လေးကိုကိုတို့က ဦးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား (၈၀)ဦးကို မိုင်းတွမ်းနယ်မြေရဲစခန်းသို့ ပို့ဆောင်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အမှုဖွင့်အရေးယူခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~