တာခ်ီလိတ္တြင္ မူးယစ္ေဆးမ်ားႏွင့္ ဖမ္းမိသည့္ ထုိင္းႏုိင္ငံသားလူငယ္တစ္ဦးကို ဗီဇာစည္းကမ္းခ်ဳိးေဖါက္မႈျဖင့္ ထပ္မံအေရးယူ

တာခ်ီလိတ္တြင္ မူးယစ္ေဆးမ်ားႏွင့္ ဖမ္းမိသည့္ ထုိင္းႏုိင္ငံသားလူငယ္တစ္ဦးကို ဗီဇာစည္းကမ္းခ်ဳိးေဖါက္မႈျဖင့္ ထပ္မံအေရးယူ
ဖေဖော်ဝါရီ 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၈)ရက္ေန႔ ညပိုင္းက  စိတ္ၾကြေဆးျပား (၆)ျပားႏွင့္ အိုက္စ္ (၆.၅၂)ဂရမ္တို႔ျဖင့္ ဖမ္းဆီးရမိသည့္ ထုိင္းႏုိင္ငံသားမွာ ျမန္မာႏိုင္ငံသို႔ တရားဝင္ ဝင္ေရာက္လာျခင္းျဖစ္ၿပီး ဗီဇာစည္းကမ္းခ်ိဳးေဖါက္ျခင္းျဖစ္သျဖင့္ လဝကအက္ ဥပေဒျဖင့္ ထပ္မံ အေရးယူထားေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံသား Khwan ေနထုိင္ရာ တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္၊ မိုးေသာက္ၾကယ္လမ္းရိွ ေနအိမ္ခန္းကို ရဲတပ္ဖြဲ႕က ဝင္ေရာက္စစ္ေဆးရာ မူးယစ္ေဆးမ်ားကို စစ္ေဆးေတြ႔ရိွရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၁၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏိုင္ငံသားသည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၈)ရက္ေန႔ နံနက္ (၁၀)နာရီခန္႔တြင္ မယ္ဆုိင္မွ တစ္ဆင့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ တာခ်ီလိတ္ဘက္သို႔ လာေရာက္ေနထုိင္ျခင္းျဖစ္ၿပီး ည(၉)နာရီခန္႔က 1G1 ဟိုတယ္သို႔ သြားေရာက္လည္ပတ္စဥ္ စစ္ေဆးဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ဗီဇာစည္းကမ္းခ်ိဳးေဖါက္သည့္ Khwan အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆၃/၂၀၁၉၊ ၁၉၄၇ ခုနွစ္၊ ျမန္မာႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာဥပေဒမ်ားျပဌန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ ၁၃(၁)ျဖင့္ ေဖေဖၚဝါရီလ (၉)ရက္ေန႔တြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ ညပိုင်းက စိတ်ကြွဆေးပြား (၆)ပြားနှင့် အိုက်စ် (၆.၅၂)ဂရမ်တို့ဖြင့် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားမှာ မြန်မာနိုင်ငံသို့ တရားဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ဗီဇာစည်းကမ်းချိုးဖောက်ခြင်းဖြစ်သဖြင့် လဝကအက် ဥပဒဖြေင့် ထပ်မံ အရေးယူထားကြောင်း သိရသည်။

ထိုင်းနိုင်ငံသား Khwan နေထိုင်ရာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မိုးသောက်ကြယ်လမ်းရှိ နေအိမ်ခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးများကို စစ်ဆေးတွေ့ရှိရသဖြင့် တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၁၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် မယ်ဆိုင်မှ တစ်ဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တာချီလိတ်ဘက်သို့ လာရောက်နေထိုင်ခြင်းဖြစ်ပြီး ည(၉)နာရီခန့်က 1G1 ဟိုတယ်သို့ သွားရောက်လည်ပတ်စဉ် စစ်ဆေးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဗီဇာစည်းကမ်းချိုးဖောက်သည့် Khwan အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၆၃/၂၀၁၉၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောဥပဒေများပြဌန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~