အေမရိကန္ျပည္ေထာင္စုတြင္ စံခ်ိန္တင္အေအးဒဏ္ေၾကာင့္ ေသဆံုးသူ တိုးလာေန

အေမရိကန္ျပည္ေထာင္စုတြင္ စံခ်ိန္တင္အေအးဒဏ္ေၾကာင့္ ေသဆံုးသူ တိုးလာေန
ဖေဖော်ဝါရီ 1, 2019
By Tachileik News Agency

အေမရိကန္ျပည္ေထာင္စုတြင္ စံခ်ိန္တင္ အေအးဒဏ္ေၾကာင့္ ေသဆံုးသူ (၁၃)ဦးအထိရိွလာေၾကာင္း ေဒးလီးေမး၏ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၃၁)ရက္ေန႔ညပိုင္း သတင္းေဖၚျပခ်က္အရ သိရသည္။

အေမရိကန္ျပည္ေထာင္စု၏ အေနာက္အလယ္ပိုင္းတေလွ်ာက္ၿမိဳ႕မ်ားတြင္ အေအးဒဏ္စံခ်ိန္သစ္တင္သည္ အထိျဖစ္ခဲ့ရၿပီး အခ်ိဳ႕ေနရာမ်ားတြင္ အႏုတ္ (၄၂)ဒီဂရီဖာရင္ဟိုက္အထိ အပူခ်ိန္က်ဆင္းခဲ့ကာ ဇန္နဝါရီလ (၃၁)ရက္ေန႔တြင္ ေလေၾကာင္းခရီးစဥ္ေပါင္း (၂,၃၀၀) ထက္မနည္းကို ဖ်က္သိမ္းခဲ့ရကာ ခရီးစဥ္ေပါင္း (၁,၅၀၀) ေက်ာ္မွာ အခ်ိန္ေရႊ႕ဆုိင္းရမႈမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

၁၉၈၅ ခုႏွစ္ ဇန္နဝါရီလက အႏုတ္ (၂၇)ဒီဂရီဖာရင္ဟိုက္ျဖင့္ စံခ်ိန္တင္ခဲ့သည့္ ခ်ီကာဂိုၿမိဳ႕တြင္ အႏုတ္ (၂၁)ဒီဂရီဖာရင္ဟိုက္အထိ က်ဆင္းခဲ့ကာ ေမဝပ္ကီးတြင္ အႏုတ္ (၂၅) ဒီဂရီဖာရင္ဟိုက္၊ မင္နီပိုးလစ္စ္တြင္ အႏုတ္ (၂၄)ဒီဂရီဖာရင္ဟိုက္၊ ေရာ့ခ္ဖို႔ဒ္ႏွင့္ အီလီႏိြဳက္တုိ႔တြင္ အႏုတ္ (၃၁)ဒီဂရီဖာရင္ဟိုက္၊ စီဒါရိနွင့္ အိုင္အိုဝါတို႔တြင္ အႏုတ္ (၃၀) ဒီဂရီဖာရင္ဟိုက္အသီးသီးရိွေနခဲ့ျခင္းျဖစ္သည္။

အမ်ားသူငါ အသံုးျပဳႏုိင္ရန္ အပူေပးစက္ဖြင့္ေပးထားသည့္ အခန္းမ်ား၊ အိမ္ရာမဲ့မ်ားခိုနားရန္ေနရာမ်ားကို စီစဥ္ေပးထားေနရသည့္ အျပင္ ခ်ီကာဂိုတြင္ အိမ္ရာမဲ့(၇၀)ခိုနားႏုိင္ရန္ ဟိုတယ္အခန္းမ်ားကို အမည္မေဖၚဘဲ လွဴဒါန္းေပးထားေၾကာင္း သိရသည္။

ဒက္ထရိြဳက္တြင္ ေရေပးေဝေနသည့္ ေနရာ ႏွစ္ဒါဇင္ထက္မနည္းမွာ ေအးခဲသြားသျဖင့္ အျခားေရေပးေဝေရး ေနရာမ်ားသို႔ ေျပာင္းလဲ ခ်ိတ္ဆက္ေပးထားရၿပီး အခ်ိဳ႕ၿမိဳ႕မ်ားရိွ ေရကန္မ်ား၊ ေရတံခြန္မ်ားမွာ ေရခဲသြားသည့္ျဖစ္စဥ္မ်ားမွာ ဇန္နဝါရီလ (၃၁)ရက္ေန႔အထိ ျဖစ္ေပၚေနေၾကာင္း သိရသည္။

ဘာသာျပန္ - ဆာခူရာ - Tachileik News Agency
Ref; dailymail
Photo: Reuters, AFP



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမေရိကန်ပြည်ထောင်စုတွင် စံချိန်တင် အအေးဒဏ်ကြောင့် သေဆုံးသူ (၁၃)ဦးအထိရှိလာကြောင်း ဒေးလီးမေး၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ညပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန်ပြည်ထောင်စု၏ အနောက်အလယ်ပိုင်းတလျှောက်မြို့များတွင် အအေးဒဏ်စံချိန်သစ်တင်သည် အထိဖြစ်ခဲ့ရပြီး အချို့နေရာများတွင် အနုတ် (၄၂)ဒီဂရီဖာရင်ဟိုက်အထိ အပူချိန်ကျဆင်းခဲ့ကာ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် လေကြောင်းခရီးစဉ်ပေါင်း (၂,၃၀၀) ထက်မနည်းကို ဖျက်သိမ်းခဲ့ရကာ ခရီးစဉ်ပေါင်း (၁,၅၀၀) ကျော်မှာ အချိန်ရွှေ့ဆိုင်းရမှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

၁၉၈၅ ခုနှစ် ဇန်နဝါရီလက အနုတ် (၂၇)ဒီဂရီဖာရင်ဟိုက်ဖြင့် စံချိန်တင်ခဲ့သည့် ချီကာဂိုမြို့တွင် အနုတ် (၂၁)ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းခဲ့ကာ မေဝပ်ကီးတွင် အနုတ် (၂၅) ဒီဂရီဖာရင်ဟိုက်၊ မင်နီပိုးလစ်စ်တွင် အနုတ် (၂၄)ဒီဂရီဖာရင်ဟိုက်၊ ရော့ခ်ဖို့ဒ်နှင့် အီလီနွိုက်တို့တွင် အနုတ် (၃၁)ဒီဂရီဖာရင်ဟိုက်၊ စီဒါရိနှင့် အိုင်အိုဝါတို့တွင် အနုတ် (၃၀) ဒီဂရီဖာရင်ဟိုက်အသီးသီးရှိနေခဲ့ခြင်းဖြစ်သည်။

အများသူငါ အသုံးပြုနိုင်ရန် အပူပေးစက်ဖွင့်ပေးထားသည့် အခန်းများ၊ အိမ်ရာမဲ့များခိုနားရန်နေရာများကို စီစဉ်ပေးထားနေရသည့် အပြင် ချီကာဂိုတွင် အိမ်ရာမဲ့(၇၀)ခိုနားနိုင်ရန် ဟိုတယ်အခန်းများကို အမည်မဖော်ဘဲ လှူဒါန်းပေးထားကြောင်း သိရသည်။

ဒက်ထရွိုက်တွင် ရေပေးဝေနေသည့် နေရာ နှစ်ဒါဇင်ထက်မနည်းမှာ အေးခဲသွားသဖြင့် အခြားရေပေးဝေရေး နေရာများသို့ ပြောင်းလဲ ချိတ်ဆက်ပေးထားရပြီး အချို့မြို့များရှိ ရေကန်များ၊ ရေတံခွန်များမှာ ရေခဲသွားသည့်ဖြစ်စဉ်များမှာ ဇန်နဝါရီလ (၃၁)ရက်နေ့အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဘာသာပြန် - ဆာခူရာ - Tachileik News Agency
Ref; dailymail
Photo: Reuters, AFP

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~