ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းစံေဖ ကြယ္လြန္

ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းစံေဖ ကြယ္လြန္
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းစံေဖ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔ ညေန(၃)နာရီ မိနစ္(၅၀)၀န္းက်င္ အခ်ိန္က မိုင္းရယ္ၿမိဳ႕ရွိ ေနအိမ္တြင္ ကြယ္လြန္သြားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုင္းရယ္ၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္(၂)မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းစံေဖသည္ ကြယ္လြန္ခ်ိန္တြင္ အသက္(၆၇)ႏွစ္၀န္းက်င္ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဦးစိုင္းစံေဖသည္ ၁၉၈၆ခုႏွစ္မွ ၁၉၈၇ခုႏွစ္အထိ မိုင္းရယ္ၿမိဳ႕နယ္ သမ၀ါယမအသင္းတြင္ အတြင္းေရးမွဴး အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး  ၂၀၁၅ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(SNLD) ကိုယ္စားျပဳအျဖစ္ မိုင္းရယ္ၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္(၂)မွ ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့ရာ (၇၃၄၇)မဲျဖင့္ အႏိုင္ရရွိကာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လာသူ တစ္ဦးျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံဖေ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ညနေ(၃)နာရီ မိနစ်(၅၀)ဝန်းကျင် အချိန်က မိုင်းရယ်မြို့ရှိ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံဖေသည် ကွယ်လွန်ချိန်တွင် အသက်(၆၇)နှစ်ဝန်းကျင် ရှိပြီဖြစ်ကြောင်း သိရသည်။

ဦးစိုင်းစံဖေသည် ၁၉၈၆ခုနှစ်မှ ၁၉၈၇ခုနှစ်အထိ မိုင်းရယ်မြို့နယ် သမဝါယမအသင်းတွင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ကိုယ်စားပြုအဖြစ် မိုင်းရယ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ (၇၃၄၇)မဲဖြင့် အနိုင်ရရှိကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူ တစ်ဦးဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~