ကယားျပည္နယ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ ႏွင့္ ပတ္သက္၍ ၿငိမ္းစုစီျဖင့္ တရားစြဲခံရသူမ်ား၏ အမႈကို တရားရံုးက အၿပီးရုတ္သိမ္းေပး

ကယားျပည္နယ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ ႏွင့္ ပတ္သက္၍ ၿငိမ္းစုစီျဖင့္ တရားစြဲခံရသူမ်ား၏ အမႈကို တရားရံုးက အၿပီးရုတ္သိမ္းေပး
ဖေဖော်ဝါရီ 20, 2019
By Tachileik News Agency

ကယားျပည္နယ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ မစိုက္ထူစဥ္ကႏွင့္ စိုက္ထူၿပီးေနာက္တြင္ ဆႏၵျပကန္႔ကြက္ခဲ့ၾကသျဖင့္ ၿငိမ္းစုစီပုဒ္မမ်ားျဖင့္ တရားစြဲဆိုခံထားရေသာ ကရင္နီလူငယ္မ်ားအား ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံးက အမႈမွ အၿပီး ႐ုတ္သိမ္းေပးလိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။

“ေၾကး႐ုပ္ကို ဟိုအရင္စကန္႔ကြက္ကတည္းကနဲ႔ ခုတည္ထားတဲ့ အခ်ိန္ထိ ကန္႔ကြက္ခဲ့လို႔ စြဲဆိုထားတဲ့့ ပုဒ္မ (၁၆၊ ၂၀) အမႈေပါ့။ ဒီေန႔အကုန္ျပန္႐ုတ္သိမ္းေပးလိုက္တယ္။ အစိုးရနဲ႔ သေဘာတူညီခ်က္ပါအတိုင္း အားလုံး႐ုပ္သိမ္းလိုက္ၿပီေပါ့။ ဒီအမႈက အရင္ကတည္းမစြဲသင့္ဘူး။ ကြၽန္ေတာ္တို႔ ႏွစ္ဖက္စလုံး အခ်ိန္ေတြကုန္တယ္။ လူ႔အခြင့္ေရးေတြ ဆုံး႐ႈံးတယ္။ ေနာက္မ်ားမွာ ဒီလိုလြယ္လြယ္ကူကူ မဆြဲဖို႔ ေျပာခ်င္တယ္”ဟု တရားစြဲဆိုခံရမႈတြင္ ပါဝင္သည့္ ကိုဒီးဒီက ေျပာသည္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္ထူျခင္း မျပဳရန္ ႏွင့္ ကရင္နီသမိုင္းမွန္စာရြက္မ်ားျဖန္႔ေဝခဲ့သျဖင့္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လမွစ၍ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ (၅၀၅(ခ)(ဂ))တို႔ျဖင့္ တရားစြဲဆိုထားေသာ လူငယ္ (၇)ဦးကို လည္း ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၅) ရက္ေန႔က ဒီးေမာ့ဆိုၿမိဳ႕နယ္တရား႐ုံးမွ အမႈအား အၿပီး႐ုပ္သိမ္းေပးခဲ့ၿပီး ယခုလို ရုတ္သိမ္းေပးမႈသည့္ ေဖေဖာ္၀ါရီလ (၁၂) ရက္ေန႔က ျပဳလုပ္သည့္ ေတြ႕ဆံုပြဲ၏ သေဘာတူညီခ်က္မ်ားအရ ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္အစိုးရႏွင့္ ဆႏၵျပ ကရင္နီလူငယ္မ်ား သေဘာတူညီခ်က္အတိုင္း ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ျဖစ္ေျမာက္ေရး ေကာ္မတီႏွင့္ ကရင္နီလူငယ္အင္အားစု ေကာ္မတီတို႔ ေဖေဖာ္ဝါရီလ (၁၇) ရက္ေန႔တြင္ ေတြ႕ဆုံ ညိႇႏိႈင္းခဲ့ၾကေသာ္လည္း ေၾကး႐ုပ္ျဖစ္ေျမာက္ေရး ေကာ္မတီကိုယ္စားလွယ္မ်ားမွ ေဆြးေႏြးပြဲ မၿပီးခင္ အစည္းအေဝးဖ်က္သိမ္းကာ ျပန္သြားခဲ့သျဖင့္ ေၾကး႐ုပ္ကိစၥႏွင့္ပက္သက္၍ လက္႐ွိတြင္ အစိုးရ၏ အသံကိုသာ ေစာင့္ၾကည့္သြားမည္ဟု ကရင္နီလူငယ္အင္အားစု ေခါင္းေဆာင္ ကိုဒီးဒီက ေျပာသည္။

“ကြၽန္ေတာ္တို႔ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ေကာ္မတီနဲ႔ ေတြ႕ထားတယ္။ သူတို႔က တာဝန္ယူ တာဝန္ခံမႈ မလုပ္ႏိုင္ဘူး ေျပာင္းေရြ႕ ေပးေရးကိုလည္း လက္မခံဘူး။ အစိုးရနဲ႔ပဲဆိုင္တယ္လို႔ ေျပာထားတဲ့အတြက္ ကြၽန္ေတာ္တို႔က အစိုးရက ဘာဆက္လုပ္ေပးသြားမလဲဆိုတာ ဒီတစ္လအတြင္း ေစာင့္ၾကည့္မယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔က လုပ္စရာရွိတာ ဆက္လုပ္ သြားမွာပါ”ဟု ကိုဒီးဒီးကေျပာသည္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထားရွိမည့္ အေပၚ ၂၀၁၈ ခုႏွစ္ ကတည္း က ဆႏၵျပကန္႔ကြက္ခဲ့ေသာ ကရင္နီ လူငယ္မ်ားအား ၿငိမ္းစုစီ ပုဒ္မ (၁၉) ျဖင့္ တရားစြဲဆိုခံထားရသူမ်ားႏွင့္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း လိြဳင္ေကာ္ၿမိဳ႕ ကႏၶာေဟဝန္ပန္းျခံတြင္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္ထူလိုက္သည့္အေပၚ ဆႏၵျပ ကန္႔ကြက္ခဲ့ၾကေသာ ကရင္နီလူငယ္မ်ားအား ၿငိမ္းစုစီပုဒ္မ (၁၉၊ ၂၀) ျဖင့္ တရားစြဲဆိုခံထားရသူ စုစုေပါင္း (၅၅) ဦးကို လိြဳင္ေကာ္ၿမိဳ႕နယ္တရားသူႀကီးမွ အမႈကို အၿပီး႐ုတ္သိမ္းေပးလိုက္ျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် မစိုက်ထူစဉ်ကနှင့် စိုက်ထူပြီးနောက်တွင် ဆန္ဒပြကန့်ကွက်ခဲ့ကြသဖြင့် ငြိမ်းစုစီပုဒ်မများဖြင့် တရားစွဲဆိုခံထားရသော ကရင်နီလူငယ်များအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးက အမှုမှ အပြီး ရုတ်သိမ်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ကြေးရုပ်ကို ဟိုအရင်စကန့်ကွက်ကတည်းကနဲ့ ခုတည်ထားတဲ့ အချိန်ထိ ကန့်ကွက်ခဲ့လို့ စွဲဆိုထားတဲ့ ပုဒ်မ (၁၆၊ ၂၀) အမှုပေါ့။ ဒီနေ့အကုန်ပြန်ရုတ်သိမ်းပေးလိုက်တယ်။ အစိုးရနဲ့ သဘောတူညီချက်ပါအတိုင်း အားလုံးရုပ်သိမ်းလိုက်ပြီပေါ့။ ဒီအမှုက အရင်ကတည်းမစွဲသင့်ဘူး။ ကျွန်တော်တို့ နှစ်ဖက်စလုံး အချိန်တွေကုန်တယ်။ လူ့အခွင့်ရေးတွေ ဆုံးရှုံးတယ်။ နောက်များမှာ ဒီလိုလွယ်လွယ်ကူကူ မဆွဲဖို့ ပြောချင်တယ်”ဟု တရားစွဲဆိုခံရမှုတွင် ပါဝင်သည့် ကိုဒီးဒီက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်း မပြုရန် နှင့် ကရင်နီသမိုင်းမှန်စာရွက်များဖြန့်ဝေခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လမှစ၍ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅(ခ)(ဂ))တို့ဖြင့် တရားစွဲဆိုထားသော လူငယ် (၇)ဦးကို လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ဒီးမော့ဆိုမြို့နယ်တရားရုံးမှ အမှုအား အပြီးရုပ်သိမ်းပေးခဲ့ပြီး ယခုလို ရုတ်သိမ်းပေးမှုသည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲ၏ သဘောတူညီချက်များအရ ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရနှင့် ဆန္ဒပြ ကရင်နီလူငယ်များ သဘောတူညီချက်အတိုင်း ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီနှင့် ကရင်နီလူငယ်အင်အားစု ကော်မတီတို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် တွေ့ဆုံ ညှိနှိုင်းခဲ့ကြသော်လည်း ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီကိုယ်စားလှယ်များမှ ဆွေးနွေးပွဲ မပြီးခင် အစည်းအဝေးဖျက်သိမ်းကာ ပြန်သွားခဲ့သဖြင့် ကြေးရုပ်ကိစ္စနှင့်ပက်သက်၍ လက်ရှိတွင် အစိုးရ၏ အသံကိုသာ စောင့်ကြည့်သွားမည်ဟု ကရင်နီလူငယ်အင်အားစု ခေါင်းဆောင် ကိုဒီးဒီက ပြောသည်။

“ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ကော်မတီနဲ့ တွေ့ထားတယ်။ သူတို့က တာဝန်ယူ တာဝန်ခံမှု မလုပ်နိုင်ဘူး ပြောင်းရွေ့ ပေးရေးကိုလည်း လက်မခံဘူး။ အစိုးရနဲ့ပဲဆိုင်တယ်လို့ ပြောထားတဲ့အတွက် ကျွန်တော်တို့က အစိုးရက ဘာဆက်လုပ်ပေးသွားမလဲဆိုတာ ဒီတစ်လအတွင်း စောင့်ကြည့်မယ်။ ပြီးရင် ကျွန်တော်တို့က လုပ်စရာရှိတာ ဆက်လုပ် သွားမှာပါ”ဟု ကိုဒီးဒီးကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် အပေါ် ၂၀၁၈ ခုနှစ် ကတည်း က ဆန္ဒပြကန့်ကွက်ခဲ့သော ကရင်နီ လူငယ်များအား ငြိမ်းစုစီ ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခံထားရသူများနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူလိုက်သည့်အပေါ် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသော ကရင်နီလူငယ်များအား ငြိမ်းစုစီပုဒ်မ (၁၉၊ ၂၀) ဖြင့် တရားစွဲဆိုခံထားရသူ စုစုပေါင်း (၅၅) ဦးကို လွိုင်ကော်မြို့နယ်တရားသူကြီးမှ အမှုကို အပြီးရုတ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~