ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ က်ဳိင္းတံု လူထုေတြ႔ဆံုပြဲတြင္ တိုင္ၾကားစာ (၄)ေစာင္ ရရွိ

ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ က်ဳိင္းတံု လူထုေတြ႔ဆံုပြဲတြင္ တိုင္ၾကားစာ (၄)ေစာင္ ရရွိ
ဖေဖော်ဝါရီ 6, 2019
By Tachileik News Agency

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ က်ဳိင္းတံု လူထုေတြ႕ဆံုပြဲ အခမ္းအနားအား က်ိဳင္းတံုၿမိဳ႕ရိွ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပျပဳလုပ္ရာ  ၿမိဳ႕ေတာ္ခန္းမ ၀င္ေပါက္ေဘးတြင္ တိုင္ၾကားစာေကာ္မတီ မွ တိုင္ၾကားစာမ်ားကို ေတြ႔ဆံုပြဲ ျပဳလုပ္ေနစဥ္အတြင္း လက္ခံေပးေနရာ တိုင္ၾကားစာ  (၄)ေစာင္ လက္ခံရရွိေၾကာင္း သိရသည္။

“တို္င္ၾကားစာလက္ခံေရးဌာနကေနၿပီးေတာ့ တိုင္ၾကားစာ(၄)ေစာင္ရရိွခဲ့ပါတယ္။ အဲဒီ(၄)ေစာင္မွာ (၃)ေစာင္က ျပည္သူေတြက ေပးတာပါ။ ေနာက္(၁)ေစာင္ကေတာ့ က်ိဳင္းတုံတကၠသိုလ္ပါခ်ဳပ္ကေပးတဲ့ တင္ျပစာ ျဖစ္ပါတယ္။ အဲဒီစာေလးေစာင္လုံးကို သက္ဆိုင္ရာ တာ၀န္ရိွသူကို တိုက္ရိုက္ေပးလုိက္ပါၿပီ”ဟု က်ိဳင္းတုံခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဦးစီးအရာရိွ ဦးေအာင္ေရႊဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေတြ႔ဆံုပြဲအား  က်ိဳင္းတံုၿမိဳ႕ရိွ ၿမိဳ႕ေတာ္ခန္းမတြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၆) ရက္ေန႔ နံနက္(၈)နာရီခြဲ၀န္းက်င္အခ်ိန္ကစ၍ နံနက္(၁၀)နာရီ၀န္းက်င္အထိ ျပဳလုပ္ျခင္းျဖစ္သည္။

က်ဳိင္းတံု ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သည့္ အဖြဲ႕သည္ သံလြင္ျမစ္ကူးတံတား(တာဆန္း) တံတားသစ္ ပႏၷက္တင္မဂၤလာပြဲသို႕ တက္ေရာက္ရန္အတြက္ တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ မိုင္းတုံၿမိဳ႕သို႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္က ဆက္လက္ ထြက္ခြာသြားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းခရီးစဥ္အျဖစ္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ားပါဝင္သည့္ အဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔ နံနက္ (၈)နာရီခြဲဝန္းက်င္က ေနျပည္ေတာ္မွ Myanmar National Airlines ေလေၾကာင္းလုိင္းျဖင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ နံနက္ ( ၉း၃၅ )နာရီက ေရာက္ရိွလာျခင္း ျဖစ္ၿပီး တာခ်ီလိတ္ ႏွင့္ မိုင္းေယာင္းၿမိဳ႕တို႔တြင္ ေတြ႔ဆံုပြဲမ်ားျပဳလုပ္ကာ ညေနပိုင္းတြင္ က်ဳိင္းတံုၿမိဳ႕သို႔ ရဟတ္ယာဥ္ျဖင့္ ဆက္လက္ထြက္ခြာသြားရာ ညေန (၄) နာရီတြင္ က်ိဳင္းတံုၿမိဳ႕သို႔ ေရာက္ရိွခဲ့ၿပီး  ေဖေဖာ္၀ါရီလ (၆) ရက္ေန႔ နံနက္ပိုင္းတြင္ က်ဳိင္းတံုလူထု နဲ႔ ေတြ႔ဆံုခဲ့ၾကျခင္းျဖစ္သည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ ရွမ္းျပည္နယ္အေရွ႕ပိုင္း ခရီးစဥ္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ နယ္စပ္ေရးရာဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးဝန္ႀကီး ဦးမင္းသူႏွင့္ ရဲခ်ဳပ္ ဒုရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးတုိ႔ အပါအဝင္ စုစုေပါင္း (၂၇)ဦး လုိက္ပါလာျခင္းျဖစ္ေၾကာင္း သိရသည္။

နိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ဦးေဆာင္သည့္အဖြဲ႕က ေဒသခံလူထုႏွင့္ ေတြ႔ဆံုခဲ့ၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ တာခ်ီလိတ္၊ က်ိဳင္းတံု၊ မိုင္းေယာင္း၊ မုိင္းတံုႏွင့္ မုိင္းဆတ္ၿမိဳ႕မ်ားသို႔လည္း သြားေရာက္မည္ျဖစ္ေၾကာင္းႏွင့္ ထိုမွတဆင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးသို႔ သြားေရာက္မည္ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္ - Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျိုင်းတုံ လူထုတွေ့ဆုံပွဲ အခမ်းအနားအား ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့တော်ခန်းမ ဝင်ပေါက်ဘေးတွင် တိုင်ကြားစာကော်မတီ မှ တိုင်ကြားစာများကို တွေ့ဆုံပွဲ ပြုလုပ်နေစဉ်အတွင်း လက်ခံပေးနေရာ တိုင်ကြားစာ (၄)စောင် လက်ခံရရှိကြောင်း သိရသည်။

“တို်င်ကြားစာလက်ခံရေးဌာနကနပြေီးတော့ တိုင်ကြားစာ(၄)စောင်ရရှိခဲ့ပါတယ်။ အဲဒီ(၄)စောင်မှာ (၃)စောင်က ပြည်သူတွေက ပေးတာပါ။ နောက်(၁)စောင်ကတော့ ကျိုင်းတုံတက္ကသိုလ်ပါချုပ်ကပေးတဲ့ တင်ပြစာ ဖြစ်ပါတယ်။ အဲဒီစာလေးစောင်လုံးကို သက်ဆိုင်ရာ တာဝန်ရှိသူကို တိုက်ရိုက်ပေးလိုက်ပါပြီ”ဟု ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရွှေဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံပွဲအား ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်ကစ၍ နံနက်(၁၀)နာရီဝန်းကျင်အထိ ပြုလုပ်ခြင်းဖြစ်သည်။

ကျိုင်းတုံ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အဖွဲ့သည် သံလွင်မြစ်ကူးတံတား(တာဆန်း) တံတားသစ် ပန္နက်တင်မင်္ဂလာပွဲသို့ တက်ရောက်ရန်အတွက် တပ်မတော်ရဟတ်ယာဉ်ဖြင့် မိုင်းတုံမြို့သို့ နံနက်(၁၀)နာရီခွဲဝန်းကျင်က ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က နပြေည်တော်မှ Myanmar National Airlines လေကြောင်းလိုင်းဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ နံနက် ( ၉း၃၅ )နာရီက ရောက်ရှိလာခြင်း ဖြစ်ပြီး တာချီလိတ် နှင့် မိုင်းယောင်းမြို့တို့တွင် တွေ့ဆုံပွဲများပြုလုပ်ကာ ညနေပိုင်းတွင် ကျိုင်းတုံမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာသွားရာ ညနေ (၄) နာရီတွင် ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံလူထု နဲ့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူနှင့် ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးတို့ အပါအဝင် စုစုပေါင်း (၂၇)ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့်အဖွဲ့က ဒေသခံလူထုနှင့် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်းနှင့် ထိုမှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ် - Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~