သံလွင်မြစ်ကူး (တာကော်)တံတားတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို ငွေကြေးကောက်ခံခြင်း ပြုလုပ်ပါက အရေးယူသွားမည်ဟု ရှမ်းပြည်နယ် နယ်/လုံဝန်ကြီး ပြောကြား

သံလွင်မြစ်ကူး (တာကော်)တံတားတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို ငွေကြေးကောက်ခံခြင်း ပြုလုပ်ပါက အရေးယူသွားမည်ဟု ရှမ်းပြည်နယ် နယ်/လုံဝန်ကြီး ပြောကြား
ဖေဖော်ဝါရီ 13, 2019
By Tachileik News Agency

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်တွင် တာဝန်ထမ်း ဆောင်နေသည့် ဌာနဆိုင်ရာများအနေဖြင့် ဖြတ်သန်းသွားလာသည့် ယာဉ်များအား ငွေကြေး ကောက်ခံမှု မပြုလုပ်ရန်ရန် ညွှန်ကြားထားပြီး လိုက်နာခြင်းမရှိပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား တာကော် တံတားပေါ်မှာ ဖြတ်သန်း သွားလာလျှက်ရှိတဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား တပ်ဖွဲ့၊ ဌာနဆိုင်ရာများမှ ငွေကြေးကောက်ခံမှု မပြုလုပ် စေရေး အထူးဂရုပြုကြပ်မတ်သွားရန် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ညွှန်ကြားထားပြီးဖြစ်ပါကြောင်းနှင့် ငွေကြေး ကောက်ခံ မှုများပြုလုပ်ပါက ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီ အပြစ်ပေး အရေးယူဆောင်ရွက်သွားမှာ လည်းဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးက လွှတ်တော်တွင် ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

“တာကော်တံတားပေါ်တွင် ဖြတ်သန်းသွားလာသော ယာဉ်များကို မည်သည့်ဌာနမှငွေကြေးကောက်ခံနေပြီး မည်သည့် အတွက်ကောက်ခံနေပါသလဲ၊ အဆိုပါကောက်ခံနေမှုများကို ပြည်နယ်အစိုးရမှ တရားဝင် ခွင့်ပြုထားခြင်း ရှိ/မရှိ၊ ငွေကြေးကောက်ခံနေပါက ပြည်နယ်အစိုးရမှ အခွန်မည်မျှရရှိသလဲ၊  အချိန် အကန့်အသတ်ဖြင့် သွားလာခွင့်ပြုနေ ခြင်းမှာ အဘယ်ကြောင့်နည်း ဆိုသည့် မေးခွန်းများကို လွှတ်တော် ဥက္ကဌကြီးမှ တဆင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရခြင်း ဖြစ်ပါတယ်”ဟု ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က လွှတ်တော်တွင် မေးမြန်းခဲ့ရာ နယ်/လုံဝန်ကြီးက အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။


ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်မှ ဖြတ်သန်းသွားလာနေသည့်ယာဉ်များကို သံလွင်တံတားတာကော် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန် ထမ်းဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ မှု့ခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီမှုးရုံး၊ သစ်တောဦးစီးဌာနနှင့် ကွန်ဟိန်းစစ်ဗျူဟာ အခြေချ တံတားလုံခြုံရေးတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များအား မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ လူကုန်ကူးမှုများ၊ တရားမ၀င်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်းချုပ်ဓာတုပစ္စည်းများ၊ အခြားသော ရာဇ၀တ်မှု ကျူးလွန်ထားသူ၊ ကျူးလွန်ရန် အားထုတ်နေသူတို့ကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တားဆီးဟန့်တား ဖမ်းစီးနိုင်ရန် စနစ်တကျ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်နေပြီး ယင်းကဲ့သို့ ရှာဖွေ စစ်ဆေးမှုများကြောင့် တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခြင်းများ၊ လက်နက်ခဲယမ်းဖမ်းဆီးရမိခြင်းများနှင့် အခြားသောရာဇ၀တ်မှုများ ကိုလည်းအဟန့်အတားဖြစ်စေခဲ့ကြောင်း ဗိုလ်မှူးကြီးလှဦး၏ ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကူး (တာကော်)တံတားကို ယခင်က လေလံစနစ်ဖြင့် တံတားအသုံးပြုခ ကောက်ခံခွင့် ပြုထားသည့် တံတားဖြစ်ပြီး အစိုးရသစ်၏ ပြည်သူများအား ပွင့်လင်းမြင်သာစွာ ဖြေလျှော့သည့် အစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်မှ စတင်ကာ တံတားအသုံးပြုခ အခမဲ့ဖြတ်သန်းသွားလာခွင့် ပြုထားသည့် တံတားဖြစ်ကြောင်း၊ တံတားသက်တမ်းမှာ နှစ်ပေါင်း (၄၀) ကျော်ကြာမြင့်နေသည့်အတွက် အလေးချိန် တန် (၃၀) သာ ခံနိုင်ရည်ရှိသဖြင့် တံတားရေရှည်တည်တန့်ရေးအတွက် တန်ပိုယာဉ်များသွားလာမှုကို တားဆီးရန်အတွက် တန်ပို ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တရားဝင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံရန်ခွင့်ပြုထားခြင်း မရှိကြောင်းနှင့် အခွန်ငွေရရှိခြင်းများ မရှိပါကြောင်း အပြင် တံတားလုံခြုံရေးအရ အရေးကြီးယာဉ်တွေမှအပ နေ့စဉ် နံနက် (၆) နာရီကနေ ည (၆) နာရီအထိသာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်တွင် တာဝန်ထမ်း ဆောင်နေသည့် ဌာနဆိုင်ရာများအနဖြေင့် ဖြတ်သန်းသွားလာသည့် ယာဉ်များအား ငွေကြေး ကောက်ခံမှု မပြုလုပ်ရန်ရန် ညွှန်ကြားထားပြီး လိုက်နာခြင်းမရှိပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအေဝးတွင် ပြောကြားလိုက်သည်။

“ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား တာကော် တံတားပေါ်မှာ ဖြတ်သန်း သွားလာလျှက်ရှိတဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား တပ်ဖွဲ့၊ ဌာနဆိုင်ရာများမှ ငွေကြေးကောက်ခံမှု မပြုလုပ် စေရေး အထူးဂရုပြုကြပ်မတ်သွားရန် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ညွှန်ကြားထားပြီးဖြစ်ပါကြောင်းနှင့် ငွေကြေး ကောက်ခံ မှုများပြုလုပ်ပါက ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီ အပြစ်ပေး အရေးယူဆောင်ရွက်သွားမှာ လည်းဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးက လွှတ်တော်တွင် ဖြကြေားသွားခဲ့ခြင်း ဖြစ်သည်။

“တာကော်တံတားပေါ်တွင် ဖြတ်သန်းသွားလာသော ယာဉ်များကို မည်သည့်ဌာနမှငွေကြေးကောက်ခံနပြေီး မည်သည့် အတွက်ကောက်ခံနေပါသလဲ၊ အဆိုပါကောက်ခံနေမှုများကို ပြည်နယ်အစိုးရမှ တရားဝင် ခွင့်ပြုထားခြင်း ရှိ/မရှိ၊ ငွေကြေးကောက်ခံနေပါက ပြည်နယ်အစိုးရမှ အခွန်မည်မျှရရှိသလဲ၊ အချိန် အကန့်အသတ်ဖြင့် သွားလာခွင့်ပြုနေ ခြင်းမှာ အဘယ်ကြောင့်နည်း ဆိုသည့် မေးခွန်းများကို လွှတ်တော် ဥက္ကဌကြီးမှ တဆင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရခြင်း ဖြစ်ပါတယ်”ဟု ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က လွှတ်တော်တွင် မေးမြန်းခဲ့ရာ နယ်/လုံဝန်ကြီးက အထက်ပါ အတိုင်းဖြကြေားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်တွင် ဖြတ်သန်းသွား လာသည့်ယာဉ်များမှာ နေ့စဉ်အစီးရေ (၁,ဝဝဝ) ကျော်ခန့်ရှိပြီး (၁၀) ဘီး (၁၂) ဘီး ကုန်တင်ယာဉ်တစ်စီးအတွက် ပေးဆောင် ရသည့်အခွန်အခမှာ ကျပ် (၂၅,ဝဝဝ) ခန့်၊ (၈) ဘီး ကုန်တင်ယာ ဉ်တစ်စီးလျှင် ကျပ် (၂၀,ဝဝဝ) ခန့်၊ ခရီးသည်တင်ယာဉ် တစ်စီးလျှင် ကျပ် (၁၅,ဝဝဝ) ခန့်ပေးဆောင်နေရကြောင်း ဦးသန်းထိုက်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်မှ ဖြတ်သန်းသွားလာနေသည့်ယာဉ်များကို သံလွင်တံတားတာကော် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာဝန် ထမ်းဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ မှု့ခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီမှုးရုံး၊ သစ်တောဦးစီးဌာနနှင့် ကွန်ဟိန်းစစ်ဗျူဟာ အခြေချ တံတားလုံခြုံရေးတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များအား မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ လူကုန်ကူးမှုများ၊ တရားမဝင်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်းချုပ်ဓာတုပစ္စည်းများ၊ အခြားသော ရာဇဝတ်မှု ကျူးလွန်ထားသူ၊ ကျူးလွန်ရန် အားထုတ်နေသူတို့ကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တားဆီးဟန့်တား ဖမ်းစီးနိုင်ရန် စနစ်တကျ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်နပြေီး ယင်းကဲ့သို့ ရှာဖွေ စစ်ဆေးမှုများကြောင့် တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခြင်းများ၊ လက်နက်ခဲယမ်းဖမ်းဆီးရမိခြင်းများနှင့် အခြားသောရာဇဝတ်မှုများ ကိုလည်းအဟန့်အတားဖြစ်စေခဲ့ကြောင်း ဗိုလ်မှူးကြီးလှဦး၏ ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကူး (တာကော်)တံတားကို ယခင်က လေလံစနစ်ဖြင့် တံတားအသုံးပြုခ ကောက်ခံခွင့် ပြုထားသည့် တံတားဖြစ်ပြီး အစိုးရသစ်၏ ပြည်သူများအား ပွင့်လင်းမြင်သာစွာ ဖြေလျှော့သည့် အစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် မတ်လ (၃၁) ရက်မှ စတင်ကာ တံတားအသုံးပြုခ အခမဲ့ဖြတ်သန်းသွားလာခွင့် ပြုထားသည့် တံတားဖြစ်ကြောင်း၊ တံတားသက်တမ်းမှာ နှစ်ပေါင်း (၄၀) ကျော်ကြာမြင့်နေသည့်အတွက် အလေးချိန် တန် (၃၀) သာ ခံနိုင်ရည်ရှိသဖြင့် တံတားရေရှည်တည်တန့်ရေးအတွက် တန်ပိုယာဉ်များသွားလာမှုကို တားဆီးရန်အတွက် တန်ပို ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အနဖြေင့် တရားဝင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံရန်ခွင့်ပြုထားခြင်း မရှိကြောင်းနှင့် အခွန်ငွေရရှိခြင်းများ မရှိပါကြောင်း အပြင် တံတားလုံခြုံရေးအရ အရေးကြီးယာဉ်တွေမှအပ နေ့စဉ် နံနက် (၆) နာရီကနေ ည (၆) နာရီအထိသာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~