တိုင်းပြည်နယ်နိမိတ်များဖြစ်သဖြင့် သားစဉ်မြေးဆက်တည့်တံ့စေရေး တည်ဆောက်ရန် ပြည်ထောင်စုဝန်ကြီးပြော
တိုင်းပြည်နယ်နိမိတ်များဖြစ်သဖြင့် သားစဉ်မြေးဆက်တည့်တံ့စေရေး တည်ဆောက်ရန် ပြည်ထောင်စုဝန်ကြီးပြော
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency
တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ ရွှေနန်းတော်ကုန်တိုက်ဝန်းအတွင်း နံရံတွင် မယ်ဆိုင်ချောင်း ရေ၀င်ရောက်မှု ကာကွယ်ရေးလုပ်ငန်း အခြေအနေ၊  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ်(၂) တံတားပေါ်ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း၊ ရန်အောင်မြေရပ်ကွက် အတွင်းရှိ ငှက်ပျောဆိပ် ကမ်းထိန်းနံရံ တည်ဆောက်မှုလုပ်ငန်း အခြေအနေ၊ ၀မ်ပုံဆိပ်ကမ်း ကုန်သွယ်မှု အခြေအနေနှင့်  စွပ်ဆိုင်လမ်းဆုံ BRP(339) အနီးမယ်ဟောက်ချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ရွှေတြိဂံရှိ BRP-14 နှင့် BRP-15 အကြား မယ်ဟောက်ချောင်း ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများစသည့် လုပ်ငန်းအခြေအနေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့်အဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြခြင်း ဖြစ်သည်။
သတင်း  - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်၊ ချောင်းကမ်းပါးများ ပြိုခြင်းနှင့် ပတ်သက်၍ ကာကွယ်စေရန် အတွက် မြေထိန်းနံရံများ တည်ဆောက်နေသည်မှာ နိုင်ငံနယ်နိမိတ် မပျက်စီးစေရန် ရည်ရွယ်ခြင်းဖြစ်သဖြင့် သားစဉ်မြေးဆက်တည့်တံ့စေရေး တည်ဆောက်သွားကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
“နှစ် (၈၀၊ ၁၀၀) ခိုင်ခန့်ဖို့ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ နယ်နိမိတ်ဆိုတာ ရေရှည်တစ်သက်လုံး တည်တံ့ ရမယ့်ဟာ။ သားစဉ်မြေးဆက် တည်တံ့ရမှာ”ဟု ဝန်ကြီးက တာချီလိတ်မြို့ ခရီးစဉ်တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံလေဆိပ်နှင့် တာချီလိတ်လေဆိပ် တိုးချဲ့ရန် ကိစ္စရပ် အပါအဝင် မြန်မာ - ထိုင်း နယ်စပ် ချောင်းများတွင် ကမ်းပြိုမှုများ တားဆီးရန်အတွက် မြေထိမ်းနံရံများ တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရန်အတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ကျိုင်းတုံ၊ ကျိုင်းလပ်နှင့် တာချီလိတ်မြို့များသို့ သွားရောက်ခဲ့သည်။
“အမှန်တော့ ကျွန်တော်တို့မြေတွေ ဆုံးရှုံးတာပေါ့။ တိုင်းပြည်နှစ်ပြည်ကြားက နယ်စပ်တွေဟာ မြစ်ရဲ့ရေစီးကြောင်း အလယ်ကိုယူပြီးတော့ နယ်နိမိတ်အဖြစ်နဲ့ သက်မှတ်ခဲ့ကြတယ်။ ကျွန်တော်တို့ဘက်မှာ ကမ်းပါးတွပြေိုတယ်။ ကျွန်တော်တို့ ဘက်က ထိန်းသိမ်းကာကွယ်မှု အားနည်းခဲ့တာပေါ့။ မြစ်ကွေ့တွေမှာ ကျွန်တော်တို့ဘက်က မြေတွေစားတယ်ပေါ့။ စားတော့အိမ်တွေပါတယ်။ တာချီလိတ်မှာရကြေီးတယ်။ ရပ်ကွက်တွေထဲ ရေဝင်တယ်။ အဲဒါတွေကိုတတ်နိုင် သလောက် လိုက်ပြီးကာကွယ်ပေးတာပါ။ ကိုယ့်မြေလည်း မဆုံးရှုံးဘူး။ ကိုယ့်တိုင်းသူပြည်သားတွေရဲ့ လယ်တွေ၊ ယာတွေ ကိုယ့်တိုင်းပြည်ရဲ့ မြေတွေကို ကာကွယ်ဖို့လုပ်တာပါ”ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပါရာဒိုက်ဟိုတယ်တွင် တာချီလိတ်သတင်းအေဂျင်စီ၏ မေးမြန်းမှုအပေါ် ဖြကြေားခဲ့သည်။
တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ ရွှေနန်းတော်ကုန်တိုက်ဝန်းအတွင်း နံရံတွင် မယ်ဆိုင်ချောင်း ရေဝင်ရောက်မှု ကာကွယ်ရေးလုပ်ငန်း အခြေအနေ၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ်(၂) တံတားပေါ်ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်း၊ ရန်အောင်မြေရပ်ကွက် အတွင်းရှိ ငှက်ပျောဆိပ် ကမ်းထိန်းနံရံ တည်ဆောက်မှုလုပ်ငန်း အခြေအနေ၊ ဝမ်ပုံဆိပ်ကမ်း ကုန်သွယ်မှု အခြေအနေနှင့် စွပ်ဆိုင်လမ်းဆုံ BRP(339) အနီးမယ်ဟောက်ချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ရွှတြေိဂံရှိ BRP-14 နှင့် BRP-15 အကြား မယ်ဟောက်ချောင်း ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများစသည့် လုပ်ငန်းအခြေအနေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့်အဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လို်က်လံရှင်းလင်း ပြသခဲ့ကြခြင်း ဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~