ျပည္ေထာင္စု၀န္ႀကီးႏွင့္အဖြဲ႔မွ တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရး တံတား(၁)ႏွင့္တံတား(၂)သို႔ သြားေရာက္ စစ္ေဆး

ျပည္ေထာင္စု၀န္ႀကီးႏွင့္အဖြဲ႔မွ တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရး တံတား(၁)ႏွင့္တံတား(၂)သို႔ သြားေရာက္ စစ္ေဆး
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၁) ႏွင့္ အမွတ္(၂)တံတားတြင္ လုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေန ႏွင့္အတူ ကုန္တင္ယာဥ္မ်ား၊ အျခားယာဥ္မ်ား စနစ္တက် သြားလာႏိုင္ေရးႏွင့္ ႏွစ္ႏိုင္ငံပိုင္ေမာ္ေတာ္ယာဥ္မ်ား အျပန္အလွန္ လြယ္ကူစြာ သြားလာႏိုင္ေရး စီစဥ္ေဆာင္ရြက္ရန္အတြက္  ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္ ႏွင့္ အဖြဲ႔မွ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔ နံနက္ပိုင္းက သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္ ႏွင့္ အဖြဲ႔သည္ ျမန္မာ - ထိုင္းႏွစ္ႏုိင္ငံ နယ္စပ္ေခ်ာင္းတစ္ေလွ်ာက္ ေရတိုက္စားမႈေၾကာင့္ ျဖစ္ေပၚေနသည့္ ကမ္းပါးၿပိဳေနမႈ အေျခအေနမ်ားအား ၾကည့္ရႈစစ္ေဆးရန္အတြက္ တာခ်ီလိတ္သို႔ ဇန္န၀ါရီလ(၂၃)ရက္ေန႔က ေရာက္ရွိလာျခင္းျဖစ္ၿပီး  ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔ ညေနပိုင္းတြင္ တာခ်ီလိတ္မွ ျပန္လည္ထြက္ခြာ သြားၿပီျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ်(၂)တံတားတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ နှင့်အတူ ကုန်တင်ယာဉ်များ၊ အခြားယာဉ်များ စနစ်တကျ သွားလာနိုင်ရေးနှင့် နှစ်နိုင်ငံပိုင်မော်တော်ယာဉ်များ အပြန်အလှန် လွယ်ကူစွာ သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် အဖွဲ့မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် အဖွဲ့သည် မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်ချောင်းတစ်လျှောက် ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်နေသည့် ကမ်းပါးပြိုနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရန်အတွက် တာချီလိတ်သို့ ဇန်နဝါရီလ(၂၃)ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်မှ ပြန်လည်ထွက်ခွာ သွားပြီဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~