တာခ်ီလိတ္တြင္ အိမ္ခန္းငွားရမ္းေနထုိင္ၿပီး မူးယစ္ေဆးထုတ္လုပ္၊ ေရာင္းခ်ေနသည့္ အသက္(၁၉)ႏွစ္အရြယ္ ထုိင္းႏုိင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ အိမ္ခန္းငွားရမ္းေနထုိင္ၿပီး မူးယစ္ေဆးထုတ္လုပ္၊ ေရာင္းခ်ေနသည့္ အသက္(၁၉)ႏွစ္အရြယ္ ထုိင္းႏုိင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ခန္းငွားရမ္းေနထုိင္ၿပီး မူးယစ္ေဆးထုတ္လုပ္၊ ေရာင္းခ်ေနသည့္ အသက္(၁၉)ႏွစ္အရြယ္ ထုိင္းႏုိင္ငံသားတစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၀)ရက္ေန႔ ညပုိင္းတြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၁၀)ရက္ေန႔ ည(၉)နာရီခြဲအခ်ိန္က မယ္ေခါင္ရပ္ကြက္၊ ေရႊေျမသာယာေစ်းအနီးတြင္ လမ္းေလွ်ာက္လာသည့္ ထုိင္းနိုင္ငံသား လက္ခ်ာႏြန္းေဖးေလာင္းေထာင္ကို စစ္ေဆးရာ ၎လြယ္ထားေသာ လြယ္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၁၀၅)ျပားႏွင့္ ေတြ႔ရသျဖင့္ ၎ေနထိုင္ရာ ေတာ္ေကာ့(ျပင္)ရြာရိွေနအိမ္အား ဆက္လက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ ေဆးျပား (၆၀၀)ျပားႏွင့္ Ecstasy ေဆးျပား ( ၇၇၆ )ျပားႏွင့္အတူ ေနအိမ္မီးဖိုခန္းအတြင္းမွ စိတ္ၾကြေဆးျပားရိုက္ရာတြင္ အသံုးျပဳသည့္ သတၱဳေမႊစက္၊ ေမာ္တာ၊ အေျခာက္ခံစက္၊ စတီးကေတာ့၊ အိတ္ပိတ္စက္ႏွင့္ စိတ္ၾကြေဆးျပားထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးထုတ္လုပ္သည့္ ပစၥည္းမ်ား၊ မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ လက္ခ်ာႏြန္းေဖးေလာင္းေထာင္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၂/၂၀၁၉၊ မူး/စိတ္ ၁၉(က)/ ၂၀(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ (၁၈)ရက္အတြင္း ထုိင္းႏုိင္ငံသားအပါအဝင္ လူ(၂)ဦးေသဆံုးခဲ့ရသည့္ ေသနတ္ပစ္ခတ္မႈ(၃)မႈျဖစ္ပြားခဲ့ၿပီးေနာက္ ၿမိဳ႕တြင္း ပိတ္ဆို႔စစ္ေဆးမႈမ်ား၊ ေရွာင္တခင္စစ္ေဆးမႈမ်ားကို ရဲတပ္ဖြဲ႕က ပံုမွန္ထက္ ထပ္တိုးလုပ္ေဆာင္ေနရာ ထုိင္းႏုိင္ငံသားမ်ားကို မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းမိေနရာမွ မူးယစ္ေဆးထုတ္လုပ္သည့္ပစၥည္းမ်ားႏွင့္ပါ ဖမ္းဆီးရမိလာျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အိမ်ခန်းငှါးရမ်းနေထိုင်ပြီး မူးယစ်ဆေးထုတ်လုပ်၊ ရောင်းချနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့်အဖွဲ့ဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ည(၉)နာရီခွဲအချိန်က မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေးအနီးတွင် လမ်းလျှောက်လာသည့် ထိုင်းနိုင်ငံသား လက်ချာနွန်းဖေးလောင်းထောင်ကို စစ်ဆေးရာ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၀၅)ပြားနှင့် တွေ့ရသဖြင့်၎င်းနေထိုင်ရာ တော်ကော့(ပြင်)ရွာရှိနေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား (၆၀၀)ပြားနှင့် Ecstasy ဆေးပြား ( ၇၇၆ )ပြားနှင့်အတူ နေအိမ်မီးဖိုခန်းအတွင်းမှ စိတ်ကြွဆေးပြားရိုက်ရာတွင် အသုံးပြုသည့် သတ္တုမွှေစက်၊ မော်တာ၊ အခြောက်ခံစက်၊ စတီးကတော့၊ အိတ်ပိတ်စက်နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးထုတ်လုပ်သည့် ပစ္စည်းများ၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် လက်ချာနွန်းဖေးလောင်းထောင်ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၂/၂၀၁၉၊ မူး/စိတ် ၁၉(က)/ ၂၀(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် (၁၈)ရက်အတွင်း ထိုင်းနိုင်ငံသားအပါအဝင် လူ(၂)ဦးသေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှု(၃)မှုဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်း ပိတ်ဆို့စစ်ဆေးမှုများ၊ ရှောင်တခင်စစ်ဆေးမှုများကို ရဲတပ်ဖွဲ့က ပုံမှန်ထက် ထပ်တိုးလုပ်ဆောင်နေရာ ထိုင်းနိုင်ငံသားများကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိနေရာမှ မူးယစ်ဆေးထုတ်လုပ်သည့်ပစ္စည်းများနှင့်ပါ ဖမ်းဆီးရမိလာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~