တာခ်ီလိတ္တြင္ ဆိုင္ကယ္ျဖင့္ စားစရာ လိုက္လံေရာင္းခ်ေနသည့္ အမ်ဳိးသားတစ္ဦး တူမီးေသနတ္ျဖင့္ ပစ္ခတ္ခံရ

တာခ်ီလိတ္တြင္ ဆိုင္ကယ္ျဖင့္ စားစရာ လိုက္လံေရာင္းခ်ေနသည့္ အမ်ဳိးသားတစ္ဦး တူမီးေသနတ္ျဖင့္ ပစ္ခတ္ခံရ
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဟဲေက်းရြာအုပ္စု၊ က်ဆီးရြာအနီး လမ္းမေပၚတြင္ ဆိုင္ကယ္ျဖင့္ ေကာက္ညႇင္းေပါင္း၊ ငါးေၾကာ္လွည့္လည္ေရာင္းခ်သည့္ အမ်ိဳးသားတစ္ဦး တူမီးေသနတ္ျဖင့္ ပစ္ခံရ၍ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးတြင္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

ဒဏ္ရာရသြားသည့္ ဦးစိန္ေသာင္းမွာ တာခ်ီလိတ္ၿမိဳ႕တြင္ ေနထုိင္သူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၉)ရက္ေန႔ နံနက္(၈)နာရီခြဲဝန္းက်င္က တာခ်ီလိတ္ၿမိဳ႕မွ က်ဆီးေက်းရြာသို႔ ေစ်းသြားေရာင္းစဥ္ မုိင္းဟဲ(ေအာက္)ေက်းရြာအနီး လမ္းမေပၚ၌ ဝါးလံုးတစ္လံုး ကန္႔လန္႔ျဖတ္ပိတ္ထား၍ ဖယ္ရွားစဥ္ လမ္းယာဘက္ျခမ္းမွ တူမီးေသနတ္သံၾကားရၿပီး ဝမ္းဗိုက္ကို ထိမွန္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးစိန္ေသာင္းသည္ ဆုိင္ကယ္ျဖင့္ တာခ်ီလိတ္ဘက္သို႔ ျပန္လာရာ အခင္းျဖစ္ေနရာႏွင့္ မိုင္ဝက္ခန္႔အကြာ၌ တဲတစ္တဲတြင္ ေတြ႔ရသူမ်ားကို အကူအညီေတာင္းခံရာ ၎တို႔က ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ဒဏ္ရာရသူ ဦးစိန္ေသာင္းအား တာခ်ီလိ္တ္နာေရးကူညီမႈအသင္းမွ တာခ်ီလိတ္ျပည္သူ႔ ေဆးရံုမွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ေဆးရံုသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ဳိးခိုင္၊ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦး ႏွင့္ တာ၀န္မွဴး ရဲအုပ္ဆန္းညႊန္႔ဦး ႏွင့္ တာဝန္ရိွသူမ်ားက အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၈၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၂၆ျဖင့္ အမႈဖြင့္ထားၿပီး တူမီးျဖင့္ ပစ္ခတ္သူအား စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ကျဆီးရွာအနီး လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ကောက်ညှင်းပေါင်း၊ ငါးကြော်လှည့်လည်ရောင်းချသည့် အမျိုးသားတစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခံရ၍ တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် ဦးစိန်သောင်းမှာ တာချီလိတ်မြို့တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့မှ ကျဆီးကျေးရွာသို့ ဈေးသွားရောင်းစဉ် မိုင်းဟဲ(အောက်)ကျေးရွာအနီး လမ်းမပေါ်၌ ဝါးလုံးတစ်လုံး ကန့်လန့်ဖြတ်ပိတ်ထား၍ ဖယ်ရှားစဉ် လမ်းယာဘက်ခြမ်းမှ တူမီးသေနတ်သံကြားရပြီး ဝမ်းဗိုက်ကို ထိမှန်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိန်သောင်းသည် ဆိုင်ကယ်ဖြင့် တာချီလိတ်ဘက်သို့ ပြန်လာရာ အခင်းဖြစ်နေရာနှင့် မိုင်ဝက်ခန့်အကွာ၌ တဲတစ်တဲတွင် တွေ့ရသူများကို အကူအညီတောင်းခံရာ၎င်းတို့က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒဏ်ရာရသူ ဦးစိန်သောင်းအား တာချီလိ်တ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ ဆေးရုံမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့် တာဝန်မှူး ရဲအုပ်ဆန်းညွှန့်ဦး နှင့် တာဝန်ရှိသူများက အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ဖြင့် အမှုဖွင့်ထားပြီး တူမီးဖြင့် ပစ်ခတ်သူအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~