တာချီလိတ်မြို့မသုဿာန်သစ် ဆောက်လုပ်ရေးအတွက် အလှူငွေ ဘတ်သိန်း(၁၄၀)ကျော်တွင် အမည်မဖော်လိုသည့် စေတနာရှင်များ၏ လှူဒါန်းငွေများ အများအပြားပါဝင်
တာချီလိတ်မြို့မသုဿာန်သစ် ဆောက်လုပ်ရေးအတွက် အလှူငွေ ဘတ်သိန်း(၁၄၀)ကျော်တွင် အမည်မဖော်လိုသည့် စေတနာရှင်များ၏ လှူဒါန်းငွေများ အများအပြားပါဝင်
ဖေဖော်ဝါရီ 18, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊  ဝမ်လုံးကျေးရွာအုပ်စု၊ ပုံလို့ကျေးရွာတွင်  အများပြည်သူ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်နေသည့် တာချီလိတ်မြို့မသုဿာန်သစ်အတွက် လှူဒါန်းငွေ စုစုပေါင်း ဘတ်သိန်း(၁၄၀)ကျော် ရှိနေပြီး အမည်မဖေါ်ပြဘဲ လှူဒါန်းမှု အများအပြားပါဝင်ကြောင်း သိရသည်။
ပုံလို့ဆရာတော်က လှူဒါန်းပေးထားသည့် မြေ(၁၆)ဧကတွင် လူမျိုးမရွေးအသုံးပြုနိုင်မည့် မီးသဂြုင်္ိဟ်စက် အပါအ၀င် အရိုးပြာ မြုပ်နှံမည့်နေရာများ ပါဝင်သည့် သုဿာန်တည်ဆောက်နေပြီး အဆိုပါသုဿာန်သစ် တည်ဆောက်ရေးအတွက် မတည်လှူဒါန်း ဦးဆောင်ခဲ့သူ လုပ်ငန်းရှင် ဦးအားဖာ ကွယ်လွန်သွားပြီဖြစ်၍ ၎င်းမိသားစုက  အလှူရှင်စာရင်းကို လွှဲပြောင်းပေးလာရာ ကော်မတီက လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မီးသဂြိုလ်စက်ထားရှိမည့် အဆောက်အအုံ၊ ပေ (၁၀၀) X ပေ (၇၀) ရှိ ဓမ္မာရုံနှင့် သန့်စင်ခန်း အလုံး(၂၀) ကို ဆောက်လုပ်နေပြီး  မြေသားကျောက်ချောလမ်းအဖြစ် ဖောက်လုပ်နေသည့် နှစ်မိုင်ခွဲခန့် လမ်းကို (၂၄) ပေအကျယ်ကွန်ကရစ်လမ်းခင်းရန်အတွက်  ကုန်ကျမည့် ဘတ်သိန်း(၈၀)ခန့်အတွက် လှူဒါန်းမည့်သူ ရှိကြောင်း ဦးအားဖာက ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်နေ့က အစည်းအဝေး၌ အတည်ပြုခဲ့သဖြင့် လုပ်ဆောင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
သုဿန်သစ်နေရာတွင် မြေသား ကျောက်ချောလမ်းခင်းခြင်း၊ တောင်ပေါ်သို့ ရေသွယ်ယူခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ မီးသဂြိုလ်စက်၊ ဓမ္မာရုံ၊ အများသုံး သန့်စင်ခန်းများ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ယင်းတို့အတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူပြီးချိန်တွင် လက်ကျန်ငွေ ဘတ်ငွေ သိန်း (၇၀) ခန့်ကျန်ရှိကြောင်း ကော်မတီထံမှ သိရသည်။
သတင်း - #ဟန်စိုးထိုက်
ဓါတ်ပုံ - San Thein
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ပုံလို့ကျေးရွာတွင် အများပြည်သူ စုပေါင်းလှူဒါန်းငွဖြေင့် တည်ဆောက်နေသည့် တာချီလိတ်မြို့မသုဿာန်သစ်အတွက် လှူဒါန်းငွေ စုစုပေါင်း ဘတ်သိန်း(၁၄၀)ကျော် ရှိနပြေီး အမည်မဖော်ပြဘဲ လှူဒါန်းမှု အများအပြားပါဝင်ကြောင်း သိရသည်။
ပုံလို့ဆရာတော်က လှူဒါန်းပေးထားသည့် မြေ(၁၆)ဧကတွင် လူမျိုးမရွေးအသုံးပြုနိုင်မည့် မီးသင်္ဂြိုဟ်စက် အပါအဝင် အရိုးပြာ မြုပ်နှံမည့်နေရာများ ပါဝင်သည့် သုဿာန်တည်ဆောက်နပြေီး အဆိုပါသုဿာန်သစ် တည်ဆောက်ရေးအတွက် မတည်လှူဒါန်း ဦးဆောင်ခဲ့သူ လုပ်ငန်းရှင် ဦးအားဖာ ကွယ်လွန်သွားပြီဖြစ်၍၎င်းမိသားစုက အလှူရှင်စာရင်းကို လွှဲပြောင်းပေးလာရာ ကော်မတီက လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဦးအားဖာ(တပင်ရွှေထီး) သူ့မိတ်ဆွေတွေဆီက အလှူခံထားတဲ့ ပိုက်ဆံတွေက ဘတ်သိန်း (၁၄၀) လောက်ရှိပြီ။ လက်ရှိ လုပ်လိုက်တဲ့ ဟာတွေက ဘတ်သိန်း (၇၀) လောက်ကုန်သွားပြီ။ ဦးအားဖာက နပြေီးတော့ သူ့အစီအစဉ်နဲ့ သူ့မိတ်ဆွေတွေဆီက အလှူခံထားတာ။ တစ်ချို့ကျတော့လည်း အလှူငွေလာထည့်ပြီးတော့ အလှူငွဖြေတ်ပိုင်း မလိုဘူး။ နာမည် မလိုဘူးဆိုပြီး ထည့်သွားတဲ့ဟာတွေ ရှိတဲ့ အခါကျတော့ ကျွန်တော်တို့က အလှူရှင်တွေကို ပြန်ပြီးတော့မှ အသေးစိတ်ဖော်လို့ မရဘူး။ ကျွန်တော်တို့ဆီမှာ မှတ်တမ်းမှတ်ရာနဲ့ လှူထားတဲ့ဟာတွေကတော့ ကျွန်တော်တို့ဆီမှာ စာရင်းဇယားနဲ့ အတိအကျ လုပ်ထားပါတယ်”ဟု တာချီလိတ်မြို့မသုဿာန်သစ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒုရဲမှူးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် မီးသဂြိုလ်စက်ထားရှိမည့် အဆောက်အအုံ၊ ပေ (၁၀၀) X ပေ (၇၀) ရှိ ဓမ္မာရုံနှင့် သန့်စင်ခန်း အလုံး(၂၀) ကို ဆောက်လုပ်နပြေီး မြေသားကျောက်ချောလမ်းအဖြစ် ဖောက်လုပ်နေသည့် နှစ်မိုင်ခွဲခန့် လမ်းကို (၂၄) ပေအကျယ်ကွန်ကရစ်လမ်းခင်းရန်အတွက် ကုန်ကျမည့် ဘတ်သိန်း(၈၀)ခန့်အတွက် လှူဒါန်းမည့်သူ ရှိကြောင်း ဦးအားဖာက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့က အစည်းအဝေး၌ အတည်ပြုခဲ့သဖြင့် လုပ်ဆောင်ရန်စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။
ဦးအားဖာ ရုတ်တရက်ကွယ်လွန်သွားရာ ကွန်ကရစ်လမ်းခင်းမည့် အလှူရှင်အမည်ကို ကော်မတီက မသိရသဖြင့် အလှူရှင် ဆက်သွယ်လာမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
“အလှူရှင်က ကွယ်လွန်သူကို ကတိပေးခဲ့တဲ့အတိုင်း လာလုပ်ပေးမယ်ဆိုရင် ဒီလမ်းကြီးက ပြီးသွားမယ်။ တကယ်လို့မှ ခင်းပေးမယ့်သူ မရှိသေးရင် မိုးတွင်းမှာ ဒီတိုင်းထားပြီးမှ လမ်းသားသေသွားမှ ကျွန်တော်တို့ ကွန်ကရစ်လမ်းဖြစ်မလား။ ဒါမှမဟုတ် ရှမ်းပြည်နယ်အစိုးရ စည်ပင်ဝန်ကြီးကို တောင်းထားတဲ့ ကတ္တရာလမ်းဖြစ်မလား သိရမယ်”ဟု ဒုရဲမှူးစံသိန်းက ဆိုသည်။
အဆိုပါ သုဿာန် တည်ဆောက်ရေးအတွက် လုပ်ငန်းရှင် ဦးအားဖာက မတည်ငွေလှူဒါန်းပြီးနောက် မြို့လူထုက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့၌ ပူးပေါင်းလှူဒါန်းကြရာ စုစုပေါင်း အလှူငွေ ကျပ်(၇၁)သိန်းခွဲနှင့် ထိုင်းဘတ်ငွေ (၄,၆၆၆,၆၀၀)ရရှိထားခြင်းဖြစ်သည်။
သုဿန်သစ်နေရာတွင် မြေသား ကျောက်ချောလမ်းခင်းခြင်း၊ တောင်ပေါ်သို့ ရေသွယ်ယူခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ မီးသဂြိုလ်စက်၊ ဓမ္မာရုံ၊ အများသုံး သန့်စင်ခန်းများ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နပြေီး ယင်းတို့အတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူပြီးချိန်တွင် လက်ကျန်ငွေ ဘတ်ငွေ သိန်း (၇၀) ခန့်ကျန်ရှိကြောင်း ကော်မတီထံမှ သိရသည်။
သတင်း - #ဟန်စိုးထိုက်
ဓာတ်ပုံ - San Thein
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~