တာချီလိတ်မြို့မသုဿာန်သစ်အတွက် လိုအပ်သည့် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် စတင်မည်
တာချီလိတ်မြို့မသုဿာန်သစ်အတွက် လိုအပ်သည့် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် စတင်မည်
ဖေဖော်ဝါရီ 16, 2019
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု ပုံလို့တွင် ပုံလို့ဆရာတော် လှူဒါန်းထားသည့် မြေ(၁၆)ဧကအတွင်း မီးသဂြုင်္ိလ်စက်၊ ခန်းမနှင့် အများသုံး သန့်စင်ခန်းများ တည်ဆောက်မှု (၄၀) ရာခိုင်နှုန်းခန့် ပြီးစီး နေပြီ ဖြစ်သဖြင့် မီးသွယ်တန်းခြင်း လုပ်ငန်းများကို စတင် နေကြောင်း သိရသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့တွင် ကော်မတီဖွဲ့စီးပြီးလုပ်ငန်းများ စတင်ချိန်တွင် မီးသွယ်တန်းရန် အတွက် နံပတ် (၁) ဦးစားပေး ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း လမ်းဖောက်လုပ်ပြီး လမ်းအခိုင်အမာ ရရှိချိန်တွင် လမ်းဘေးရေမြောင်း ဖောက်လုပ်ပြီးစီး ပြီးချိန်မှသာ မီးသွယ်တန်းခြင်းများကို လုပ်ဆောင် မည်ဟု ဒုတိယအကြိမ် ဆုံးဖြတ်ခဲ့သော်လည်း မြို့မသုဿာန်သစ် ဖြစ်မြောက်ရေး အကောင်အထည် ဖော်နေသည့် ဦးအားဖာ(တပင်ရွှေထီး) ရုတ်တရက်ကွယ်လွန်သွားချိန်တွင် လမ်းဖောက်မည့်ကိစ္စကို ပြန်စဉ်းစားရာတွင် ဖို့မြေများဖြစ်နေသည့် အတွက် မြေသားသေရန် တစ်မိုး စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီး မီးသဂြုင်္ိဟ်စက်မှာလည်း နောက် (၄) လအတွင်း ပြီးစီးမည်ဖြစ်ရာ လျှပ်စစ်မီး လိုအပ်ချက်ကြောင့်  ဖေဖော်ဝါရီ (၁၈) ရက်နေ့မှ စတင်ပြီး သွယ်တန်းရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မီးတိုင်များ စိုက်ထူရန်နှင့် ထရန်စဖော်မာထားရှိမည့် နေရာများကို တိုင်းတာစစ်ဆေး နေရာများ သက်မှတ်ကာ ဘတ်ဟိုးဖြင့် ကျင်းတူးခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ စတင်ကာ မီးတိုင်စိုက်ထူခြင်းနှင့် မီးကြိုးသွယ်တန်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု ပုံလို့တွင် ပုံလို့ဆရာတော် လှူဒါန်းထားသည့် မြေ(၁၆)ဧကအတွင်း မီးသင်္ဂြိုလ်စက်၊ ခန်းမနှင့် အများသုံး သန့်စင်ခန်းများ တည်ဆောက်မှု (၄၀) ရာခိုင်နှုန်းခန့် ပြီးစီး နပြေီ ဖြစ်သဖြင့် မီးသွယ်တန်းခြင်း လုပ်ငန်းများကို စတင် နေကြောင်း သိရသည်။
“100 KVA ထရန်စဖော်မာ တစ်လုံးထိုင်မယ်။ လန်ဖုံဒန် 1000 KVA ကနေ ကျွန်တော်တို့ သီးခြားလိုင်း တစ်လိုင်းနဲ့ ကိုယ်ပိုင်မီတာတပ်ထားမှာပေါ့။ ထိပ်ကနေဆွဲရင် (၂) မိုင်ဆိုတော့ ကုန်ကျစရိတ်များမှာစိုးလို့။ လမ်းမီးတွေလည်း ကျွန်တော်တို့ ကော်မတီက လှူသွားမှာပါ”ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ပြောသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့တွင် ကော်မတီဖွဲ့စီးပြီးလုပ်ငန်းများ စတင်ချိန်တွင် မီးသွယ်တန်းရန် အတွက် နံပတ် (၁) ဦးစားပေး ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း လမ်းဖောက်လုပ်ပြီး လမ်းအခိုင်အမာ ရရှိချိန်တွင် လမ်းဘေးရေမြောင်း ဖောက်လုပ်ပြီးစီး ပြီးချိန်မှသာ မီးသွယ်တန်းခြင်းများကို လုပ်ဆောင် မည်ဟု ဒုတိယအကြိမ် ဆုံးဖြတ်ခဲ့သော်လည်း မြို့မသုဿာန်သစ် ဖြစ်မြောက်ရေး အကောင်အထည် ဖော်နေသည့် ဦးအားဖာ(တပင်ရွှေထီး) ရုတ်တရက်ကွယ်လွန်သွားချိန်တွင် လမ်းဖောက်မည့်ကိစ္စကို ပြန်စဉ်းစားရာတွင် ဖို့မြေများဖြစ်နေသည့် အတွက် မြေသားသေရန် တစ်မိုး စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီး မီးသင်္ဂြိုဟ်စက်မှာလည်း နောက် (၄) လအတွင်း ပြီးစီးမည်ဖြစ်ရာ လျှပ်စစ်မီး လိုအပ်ချက်ကြောင့် ဖေဖော်ဝါရီ (၁၈) ရက်နေ့မှ စတင်ပြီး သွယ်တန်းရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စုစုပေါင်း လမ်းအရှည်က (၂) မိုင်ရှိတာပေါ့။ ကျွန်တော်တို့ လန်ဖုန်ဒန်ကျောက်စခန်းကနေ ဖြတ်သွယ်တဲ့ အတွက်ကြောင့် အရှည်တစ်မိုင်ပေါ့။ ဓာတ်တိုင် (၂၅) တိုင်ပေါ့။ အချိန် (၂) ပတ်လောက် ကြာမြင့်မှာပါ။ အနက် (၇) ပေနီးပါးတူးမှာပေါ့။ တောင်စောင်းတွေ ဖြစ်တဲ့အတွင် ဘတ်ဟိုးနဲ့ အနက် (၃) ပေကျော် တူးမယ်။ အဲဒီထဲမှာ အချင်း (၂) ပေ၊ အမြင့် (၄) ပေလောက်ရှိတဲ့ သံဂွေတွေချမယ်။ ချပြီးတဲ့အခါ ကျွန်တော်တို့က ဓာတ်တိုင်စိုက်မယ်။ တိုင်စိုက်ပြီးရင် အဲဒီသံဂွေအပြည့်ကို ကွန်ကရစ်လောင်းမယ်။ ပြီးတော့မှ ဘေးကိုမြပြေန်ဖို့မယ်။ မိုးတွင်းမှာ ရေစီးကျလာလို့ရှိရင် တောင်ကစီးကျတဲ့ရေကို ရေမြောင်းထဲကျဖို့အတွက် ကျွန်တော်တို့ မီးတိုင်စိုက်နေစဉ်မှာပဲ မြောင်းလုပ်ဖို့အတွက် ထိုင်း အင်ဂျင်နီယာတွေ ကိုခေါ်ပြီးတော့ ခုနကပဲ ဆွေးနွေးပြီးပါပြီ”ဟု ဦးကျော်စွာလွင်က ပြောသည်။
လက်ရှိတွင် မီးတိုင်များ စိုက်ထူရန်နှင့် ထရန်စဖော်မာထားရှိမည့် နေရာများကို တိုင်းတာစစ်ဆေး နေရာများ သက်မှတ်ကာ ဘတ်ဟိုးဖြင့် ကျင်းတူးခြင်း လုပ်ငန်းများ ဆောင်ရွက်နပြေီး ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ စတင်ကာ မီးတိုင်စိုက်ထူခြင်းနှင့် မီးကြိုးသွယ်တန်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~