သီတဂူဆရာေတာ္ဘုရားႀကီး ၀ိဇာတေမြ႔ေန႔မဂၤလာပြဲတြင္ လွဴဒါန္းႏုိင္ရန္အတြက္ တာခ်ီလိတ္မွ အလွဴရွင္မ်ားမွ စတီးဓါတ္ဗူး ႏွင့္ စတီးေသာက္ေရခြက္ စုစုေပါင္း (၁၂၉၈)လံုး လွဴဒါန္း

သီတဂူဆရာေတာ္ဘုရားႀကီး ၀ိဇာတေမြ႔ေန႔မဂၤလာပြဲတြင္ လွဴဒါန္းႏုိင္ရန္အတြက္ တာခ်ီလိတ္မွ အလွဴရွင္မ်ားမွ စတီးဓါတ္ဗူး ႏွင့္ စတီးေသာက္ေရခြက္ စုစုေပါင္း (၁၂၉၈)လံုး လွဴဒါန္း
ဖေဖော်ဝါရီ 23, 2019
By Tachileik News Agency

သီတဂူဆရာေတာ္ဘုရားႀကီး၏ သက္ေတာ္(၈၂)ႏွစ္ျပည့္ ၀ိဇာတေမြ႔ေန႔မဂၤလာပြဲတြင္ သံဃာေတာ္ ႏွင့္ သီလရွင္ အပါး(၃၀၀၀)အား  လွဴဒါန္းႏုိင္ရန္အတြက္ တာခ်ီလိတ္မွ အလွဴရွင္မ်ားက ေဖေဖာ္၀ါရီလ(၂၃)ရက္ေန႔အထိ စတီးဓါတ္ဗူး ႏွင့္ စတီးေသာက္ေရခြက္ စုစုေပါင္း (၁၂၉၈)လံုးကို လွဴဒါန္းေၾကာင္း သိရသည္။

သီတဂူဆရာေတာ္ဘုရားႀကီး၏ သက္ေတာ္(၈၂)ႏွစ္ျပည့္ ေမြးေန႔မဂၤလာပြဲတြင္ သံဃာေတာ္ အပါး(၂၀၀၀) ႏွင့္ သီလရွင္ အပါး(၁၀၀၀)တို႔အား စစ္ကိုင္းၿမိဳ႕ သီတဂူ ဗုဒၶတကၠသိုလ္ႏွင့္ေကာင္းမႈေတာ္ေစတီေတာ္တြင္ ဆြမ္းဆန္စိမ္းေလာင္းလွဴမည္ျဖစ္ရာ တာခ်ီလိတ္မွာ ဌာနဆိုင္ရာမ်ားႏွင့္ ေစတနာရွင္ အလွဴရွင္မ်ားက ထိုင္းဘတ္ေငြ (၁၀၀)ဘတ္ရွိ စတီးဓါတ္ဗူး ႏွင့္ စတီးေသာက္ေရခြက္ စုစုေပါင္း (၁၂၉၈)လံုးကို စုေပါင္း လွဴဒါန္းလာၾကၿပီး ဆက္လက္၍လည္း တာခ်ီလိတ္ၿမိဳ႕ရွမ္းရိုးမကြင္းအတြင္း၌ က်င္းပျပဳလုပ္ေနသည့္ ဓမၼသဘင္တရားပြဲရွိ ျပန္ၾကားေရးႏွင့္အလွဴခံဌာနတြင္ မတ္လ(၄)ရက္ေန႔အထိ  လာေရာက္လွဴဒါန္း ႏိုင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ဗုဒၶဘာသာ သာသနာ ကိုယ္သာေစာင့္ေရွာက္ရာ တရားပြဲ ျဖစ္ေျမာက္ေရးအဖြဲ႔မွ က်င္းပျပဳလုပ္ေနသည့္   (၄၉)ႀကိမ္ေျမာက္၏ (၃)ညေျမာက္ျဖစ္သည့္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၃)ရက္ေန႔ညတြင္ တရားေဟာၾကားေတာ္မူရန္အတြက္ ေဖေဖာ္၀ါရီလ(၂၃)ရက္ေန႔ ညေနပိုင္းတြင္ သီတဂူဆရာေတာ္ဘုရားႀကီးသည္ တာခ်ီလိတ္သို႔ ၾကြေရာက္ေတာ္မူလာျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ (၁၂)ညတိုင္တိုင္ တရားပြဲအား ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၁)ရက္ေန႔ကစ၍ မတ္လ(၄)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံံု - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

သီတဂူဆရာတော်ဘုရားကြီး၏ သက်တော်(၈၂)နှစ်ပြည့် ဝိဇာတမွေ့နေ့မင်္ဂလာပွဲတွင် သံဃာတော် နှင့် သီလရှင် အပါး(၃၀၀၀)အား လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်မှ အလှူရှင်များက ဖေဖော်ဝါရီလ(၂၃)ရက်နေ့အထိ စတီးဓာတ်ဗူး နှင့် စတီးသောက်ရေခွက် စုစုပေါင်း (၁၂၉၈)လုံးကို လှူဒါန်းကြောင်း သိရသည်။

သီတဂူဆရာတော်ဘုရားကြီး၏ သက်တော်(၈၂)နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲတွင် သံဃာတော် အပါး(၂၀၀၀) နှင့် သီလရှင် အပါး(၁၀၀၀)တို့အား စစ်ကိုင်းမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ်နှင့်ကောင်းမှုတော်စေတီတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ရာ တာချီလိတ်မှာ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ထိုင်းဘတ်ငွေ (၁၀၀)ဘတ်ရှိ စတီးဓာတ်ဗူး နှင့် စတီးသောက်ရေခွက် စုစုပေါင်း (၁၂၉၈)လုံးကို စုပေါင်း လှူဒါန်းလာကြပြီး ဆက်လက်၍လည်း တာချီလိတ်မြို့ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပပြုလုပ်နေသည့် ဓမ္မသဘင်တရားပွဲရှိ ပြန်ကြားရေးနှင့်အလှူခံဌာနတွင် မတ်လ(၄)ရက်နေ့အထိ လာရောက်လှူဒါန်း နိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ဗုဒ္ဓဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ ကျင်းပပြုလုပ်နေသည့် (၄၉)ကြိမ်မြောက်၏ (၃)ညမြောက်ဖြစ်သည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ညတွင် တရားဟောကြားတော်မူရန်အတွက် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညနေပိုင်းတွင် သီတဂူဆရာတော်ဘုရားကြီးသည် တာချီလိတ်သို့ ကြွရောက်တော်မူလာခြင်း ဖြစ်သည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် (၁၂)ညတိုင်တိုင် တရားပွဲအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ကစ၍ မတ်လ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~