ေရြးေကာက္ပြဲဝင္မည့္ ထုိင္းေမာ္ဒယ္လ္၏ မလံု႔တလံု ဓါတ္ပံုမ်ားေၾကာင့္ TLP ပါတီက လူထုကို ေမတၱာရပ္ခံ

ေရြးေကာက္ပြဲဝင္မည့္ ထုိင္းေမာ္ဒယ္လ္၏ မလံု႔တလံု ဓါတ္ပံုမ်ားေၾကာင့္ TLP ပါတီက လူထုကို ေမတၱာရပ္ခံ
ဖေဖော်ဝါရီ 22, 2019
By Tachileik News Agency

ထုိင္းႏိုင္ငံေရြးေကာက္ပြဲဝင္မည့္ အမတ္ေလာင္း၏ ေမာ္ဒယ္အျဖစ္ ရိုက္ကူးထားသည့္ မလံု႔တလံု ဓါတ္ပံုမ်ားေၾကာင့္ လူအမ်ားစိတ္ဝင္စားေနသျဖင့္ အမတ္ေလာင္း၏ ယခင္အလုပ္အကိုင္ေဟာင္းေၾကာင့္ စိတ္အေႏွာင့္အယွက္ မျဖစ္ၾကရန္ ပါတီေျပာေရးဆိုခြင့္ရိွသူက လူထုကို ေမတၱာရပ္ခံထားေၾကာင္း သိရသည္။

“လူတုိင္းဟာ ကိုယ့္ႏုိင္ငံအတြက္ တာဝန္ထမ္းေဆာင္ႏုိင္ပါတယ္။ ပလိြဳင္းပီလင္း လွပတာက ဥပေဒကို ဆန္႔က်င္ေနတာ မဟုတ္ပါဘူး။ သူ႔ဓါတ္ပံုေတြက သူ႔ကိုယ္ေရးကိုယ္တာေတြပဲျဖစ္ပါတယ္။ သူ႔ကို ႏုိင္ငံအတြက္ အလုပ္ လုပ္ခြင့္ ေပးၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္။ အေပၚယံၾကည့္ၿပီး မဆံုးျဖတ္ေစခ်င္ပါဘူး”ဟု Thai Local Power Party ၏ ေျပာေရးဆိုခြင့္ရိွသူ Chuenchob Kong-udom က ေျပာၾကားလုိက္ေၾကာင္း Khaosod သတင္းဌာနတြင္ ေဖၚျပထားသည္။

ပလိြဳင္းပီလင္းအား အမတ္ေလာင္းအျဖစ္ ေရြးေကာက္ပြဲေကာ္မရွင္က အတည္ျပဳထားၿပီးျဖစ္၍ ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္မည္ မဟုတ္ေၾကာင္းလည္း ေျပာၾကားသြားသည္။

လက္ရိွ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႕ေနသည့္ဓါတ္ပံုမ်ားမွာ ၂၀၁၈ ခုႏွစ္က ေဖ့စ္ဘုတ္ေပ့ခ်္အမ်ားအျပားတြင္ တင္ထားခဲ့သည့္ ပံုမ်ားျဖစ္ၾကၿပီး ျပန္လည္မွ်ေဝလာၾကျခင္းျဖစ္ၿပီး ေဝဖန္တုိက္ခိုက္ခံရမႈမ်ားလည္း ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

Thai Local Power Party ၏ မူဝါဒမ်ားကို ယံုၾကည္၍ ေရြးေကာက္ပြဲဝင္ျခင္းျဖစ္သည္ဟု ပလြိဳင္းက အင္တာဗ်ဴးတစ္ခုတြင္ ေျဖၾကားထားၿပီး ေရြးေကာက္ပြဲမဲဆြယ္ပိုစတာမ်ားတြင္ အခမဲ့ ပညာေရး၊
မူးယစ္ေဆးဝါး တုိက္ဖ်က္ေရးႏွင့္ ျပည္တြင္း ထုတ္ကုန္မ်ား ျမႇင့္တင္ေရးတို႔ျဖင့္ မဲဆြယ္ထားျခင္းျဖစ္သည္။

“ကၽြန္မကို ကေလးတစ္ေယာက္လုိ႔ပဲ ျမင္ခ်င္ ျမင္ႏုိင္ပါတယ္။ ဒါေပမဲ့ ဒီေန႔ေခတ္ ကေလးေတြမွာ လူ႔အဖြဲ႕အစည္းအတြက္ ေကာင္းမြန္တာေတြလုပ္ေပးႏုိင္တဲ့ စြမ္းအားေတြ၊ စိတ္ကူးေကာင္းေတြ အမ်ားႀကီးရိွၾကပါတယ္။ ကၽြန္မကို ယံုၾကည္ပါ”ဟု ပလိြဳင္းက ေျပာၾကားထားသည္။

လတ္တေလာတြင္ ထုိင္းလူထုအတြင္း ပလိြဳင္း၏ဓါတ္ပံုမ်ားေၾကာင့္ လူေျပာအမ်ားဆံုး ထုိင္းႏုိင္ငံေရးသမားျဖစ္လာေနသည္။

Tachileik News Agency
Ref; khaosodenglish.com
Photographer : Batt Suwannachot



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံရွေးကောက်ပွဲဝင်မည့် အမတ်လောင်း၏ မော်ဒယ်အဖြစ် ရိုက်ကူးထားသည့် မလုံ့တလုံ ဓာတ်ပုံများကြောင့် လူအများစိတ်ဝင်စားနေသဖြင့် အမတ်လောင်း၏ ယခင်အလုပ်အကိုင်ဟောင်းကြောင့် စိတ်အနှောင့်အယှက် မဖြစ်ကြရန် ပါတီပြောရေးဆိုခွင့်ရှိသူက လူထုကို မေတ္တာရပ်ခံထားကြောင်း သိရသည်။

“လူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ပလွိုင်းပီလင်း လှပတာက ဥပဒေကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ သူ့ဓာတ်ပုံတွေက သူ့ကိုယ်ရေးကိုယ်တာတွေပဲဖြစ်ပါတယ်။ သူ့ကို နိုင်ငံအတွက် အလုပ် လုပ်ခွင့် ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ အပေါ်ယံကြည့်ပြီး မဆုံးဖြတ်စေချင်ပါဘူး”ဟု Thai Local Power Party၏ ပြောရေးဆိုခွင့်ရှိသူ Chuenchob Kong-udom က ပြောကြားလိုက်ကြောင်း Khaosod သတင်းဌာနတွင် ဖော်ပြထားသည်။

ပလွိုင်းပီလင်းအား အမတ်လောင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားပြီးဖြစ်၍ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်မည် မဟုတ်ကြောင်းလည်း ပြောကြားသွားသည်။

လက်ရှိ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့်ဓာတ်ပုံများမှာ ၂၀၁၈ ခုနှစ်က ဖေ့စ်ဘုတ်ပေ့ချ်အများအပြားတွင် တင်ထားခဲ့သည့် ပုံများဖြစ်ကြပြီး ပြန်လည်မျှဝေလာကြခြင်းဖြစ်ပြီး ဝေဖန်တိုက်ခိုက်ခံရမှုများလည်း ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

Thai Local Power Party၏ မူဝါဒများကို ယုံကြည်၍ ရွေးကောက်ပွဲဝင်ခြင်းဖြစ်သည်ဟု ပလွိုင်းက အင်တာဗျူးတစ်ခုတွင် ဖြကြေားထားပြီး ရွေးကောက်ပွဲမဲဆွယ်ပိုစတာများတွင် အခမဲ့ ပညာရေး၊
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပြည်တွင်း ထုတ်ကုန်များ မြှင့်တင်ရေးတို့ဖြင့် မဲဆွယ်ထားခြင်းဖြစ်သည်။

“ကျွန်မကို ကလေးတစ်ယောက်လို့ပဲ မြင်ချင် မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ကလေးတွေမှာ လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တာတွေလုပ်ပေးနိုင်တဲ့ စွမ်းအားတွေ၊ စိတ်ကူးကောင်းတွေ အများကြီးရှိကြပါတယ်။ ကျွန်မကို ယုံကြည်ပါ”ဟု ပလွိုင်းက ပြောကြားထားသည်။

လတ်တလောတွင် ထိုင်းလူထုအတွင်း ပလွိုင်း၏ဓာတ်ပုံများကြောင့် လူပြောအများဆုံး ထိုင်းနိုင်ငံရေးသမားဖြစ်လာနေသည်။

Tachileik News Agency
Ref; khaosodenglish.com
Photographer : Batt Suwannachot

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~