နယ်စပ်ခြံစည်းရိုးကင်းလှည့်အဖွဲ့က သင်္ကန်းမျိုးစုံ (၃၅၅)စုံကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

နယ်စပ်ခြံစည်းရိုးကင်းလှည့်အဖွဲ့က သင်္ကန်းမျိုးစုံ (၃၅၅)စုံကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 10, 2019
By Tachileik News Agency


မောင်တောမြို့နယ်၊ နယ်မြေ(၃) အတွင်း နယ်စပ်ခြံစည်းရိုးတစ်လျောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်စဉ် နယ်စပ်မှတ်တိုင် (၃၆)အနီး လျှိုအတွင်း ရေပြွန်ပေါက်အနီးမှ တောတိုးသံနှင့် စကားပြောသံများ ကြားရ၍ စိစစ်စဉ် ဆာလာအိတ်ထုပ်များပစ်ချ၍ ထွက်ပြေးသွားကြခြင်း ဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - MHA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုးတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ ည (၇)နာရီခွဲဝန်းကျင်က နယ်မြေလှည့်ကင်းဆောင်ရွက်သည့် ရဲတပ်ဖွဲ့က သင်္ကန်းမျိုးစုံ (၃၅၅)စုံကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း ရမိကြောင်း သိရသည်။

မောင်တောမြို့နယ်၊ နယ်မြေ(၃) အတွင်း နယ်စပ်ခြံစည်းရိုးတစ်လျောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်စဉ် နယ်စပ်မှတ်တိုင် (၃၆)အနီး လျှိုအတွင်း ရပြွေန်ပေါက်အနီးမှ တောတိုးသံနှင့် စကားပြောသံများ ကြားရ၍ စိစစ်စဉ် ဆာလာအိတ်ထုပ်များပစ်ချ၍ ထွက်ပြေးသွားကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်ခဲ့သည့် ဆာလာအိတ် (၉)လုံးကို စစ်ဆေးရာ သင်္ကန်းမျိုးစုံ (၃၅၅) စုံအား သိမ်းဆည်းရမိခဲ့သဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~