တာခ်ီလိတ္တြင္ ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားသျဖင့္ ေရွာင္တခင္ပိတ္ဆုိ႔မႈေဆာင္ရြက္ရာမွ လက္နက္ခဲယမ္း၊ မူးယစ္ေဆးမ်ားႏွင့္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးမိထားၿပီး စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္မည္

တာခ်ီလိတ္တြင္ ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားသျဖင့္ ေရွာင္တခင္ပိတ္ဆုိ႔မႈေဆာင္ရြက္ရာမွ လက္နက္ခဲယမ္း၊ မူးယစ္ေဆးမ်ားႏွင့္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးမိထားၿပီး စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္မည္
ဖေဖော်ဝါရီ 10, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၉)ရက္ေန႔ ည(၉)နာရီ ဝန္းက်င္က လက္နက္၊ ခဲယမ္းႏွင့္ မူးယစ္ေဆးမ်ား ေမာ္ေတာ္ယာဥ္ျဖင့္သယ္လာသည့္ အမ်ိဳးသားတစ္ဦးကို တာခ်ီလိတ္ခရုိင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးေပၚထြန္းဦးေဆာင္သည့္ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိလုိက္ၿပီး တာခ်ီလိတ္ၿမိဳ႕တြင္း လက္နက္မ်ား ကိုင္ေဆာင္မႈႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ခရုိင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးေပၚထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးတုိ႔ အနီးကပ္ႀကီးၾကပ္မႈျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၿမိဳ႕ပတ္လမ္းဆံုတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ စိုင္းအုိက္လူေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား တားျမစ္ စစ္ေဆးရာ ပစၥတိုေသနတ္ (၅)လက္၊ က်ည္မ်ဳိးစံု (၉၄)ေတာင့္၊ စိတ္ၾကြေဆးျပား (၁၉,၀၀၀)ျပား၊ အုိက္စ္ အျဖဴေရာင္ (၁၂၅)ဂရမ္၊ အုိက္စ္ အညိဳေရာင္ (၈၅)ဂရမ္၊ ဘိန္းျဖဴ (၃၀၀)ဂရမ္၊ ဘိန္းညို (၃၀)ဂရမ္ခန္႔၊  ျမန္မာေငြ (၃,၇၅၀)၊ ထိုင္းဘတ္ေငြ(၂၀)၊ တရုတ္ယြမ္ေငြ (၆၂)ယြမ္၊ မေလးရွားရင္းဂစ္ (၁)ရင္းဂစ္၊ ဘရူႏုိင္းေဒၚလာ (၁)ေဒၚလာ၊ ဒစ္ဂ်စ္တယ္ ခ်ိန္ခြင္(၂)ခု၊ မူးယစ္ေဆးထုပ္ပိုးရာတြင္ အသံုးျပဳသည့္ အိတ္(၁၉၀)လံုးတုိ႔ကို သိမ္းဆည္း ရမိေၾကာင္း သိရသည္။

ဆက္လက္ၿပီး ၎ေနထုိင္ရာ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ စံပယ္လမ္းသြယ္ရိွ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေသနတ္အိတ္(၂)ခု၊ ခါးခ်ိတ္ေသနတ္အိတ္(၃)ခု၊ အနက္ေရာင္မွတ္ေျပာင္း (၁)ခု၊ Police စာတမ္းပါ အနက္ေရာင္ ခါးပတ္(၁)ခု၊ အရြယ္အစားမ်ိဳးစံု ဓါးဦးခၽြန္(၃)ေခ်ာင္း၊ ဖန္ေပါင္းအိုး (၁)လံုး၊ အေအးစုပ္ပိုက္ (၁)ထုပ္၊ မိႈင္းခံစကၠဴ (၉၀)ရြက္၊ႏွင့္ အစိမ္းေရာင္တိပ္(၁)ထုပ္တုိ႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးမႈအား ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦး၊ ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးမ်ိဳးခုိင္၊ ခမရ(၅၂၆)မွ ဗိုလ္ႀကီးရန္လင္းေအာင္၊ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးတို႔ ဦးစီးသည့္ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊ ျပည္နယ္(မႈ/ကူ)မွ ဒုရဲအုပ္ ေဝလင္းထြန္း၊ ခရိုင္(မႈ/ႏွိမ္)မွ ရဲအုပ္ ျမင့္ႏုိင္၊ သတင္းရဲတပ္ဖြဲ႕မွ ရဲအုပ္ မင္းကိုကို၊ ဒုရဲအုပ္ ေက်ာ္ေဇယ်ာဝင္း၊ သက္ေသမ်ား အျဖစ္ ဝမ္ေကာင္းရပ္ကြက္ ျပည္သူ႔စစ္ ဦးစည္သူ၊ ဦးထြန္းထြန္းေလးတုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ေရွာင္တခင္ ပိတ္ဆုိ႔စစ္ေဆးရာမွ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လက္နက္ခဲယမ္း ၊ မူးယစ္ေဆးမ်ားျဖင့္ ဖမ္းဆီးရမိသည့္ စိုင္းအုိက္လူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၀/၂၀၁၉၊ မူး/စိတ္ ၁၉ (က)၊ ၂၀(က)၊ ၂၂(ခ) တုိ႔ျဖင့္ အမႈဖြင့္ထားရွိၿပီး ဆက္လက္၍ စစ္ေဆးေနေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ ည(၉)နာရီ ဝန်းကျင်က လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးများ မော်တော်ယာဉ်ဖြင့်သယ်လာသည့် အမျိုးသားတစ်ဦးကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိလိုက်ပြီး တာချီလိတ်မြို့တွင်း လက်နက်များ ကိုင်ဆောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ အနီးကပ်ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့ပတ်လမ်းဆုံတွင် စစ်ဆေးမှုများ ပြုလုပ်စဉ် စိုင်းအိုက်လူမောင်းနှင်လာသည့် မော်တော်ယာဉ်အား တားမြစ် စစ်ဆေးရာ ပစ္စတိုသေနတ် (၅)လက်၊ ကျည်မျိုးစုံ (၉၄)တောင့်၊ စိတ်ကြွဆေးပြား (၁၉,ဝဝဝ)ပြား၊ အိုက်စ် အဖြူရောင် (၁၂၅)ဂရမ်၊ အိုက်စ် အညိုရောင် (၈၅)ဂရမ်၊ ဘိန်းဖြူ (၃၀၀)ဂရမ်၊ ဘိန်းညို (၃၀)ဂရမ်ခန့်၊ မြန်မာငွေ (၃,၇၅၀)၊ ထိုင်းဘတ်ငွေ(၂၀)၊ တရုတ်ယွမ်ငွေ (၆၂)ယွမ်၊ မလေးရှားရင်းဂစ် (၁)ရင်းဂစ်၊ ဘရူနိုင်းဒေါ်လာ (၁)ဒေါ်လာ၊ ဒစ်ဂျစ်တယ် ချိန်ခွင်(၂)ခု၊ မူးယစ်ဆေးထုပ်ပိုးရာတွင် အသုံးပြုသည့် အိတ်(၁၉၀)လုံးတို့ကို သိမ်းဆည်း ရမိကြောင်း သိရသည်။

ဆက်လက်ပြီး၎င်းနေထိုင်ရာ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ စံပယ်လမ်းသွယ်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ သေနတ်အိတ်(၂)ခု၊ ခါးချိတ်သေနတ်အိတ်(၃)ခု၊ အနက်ရောင်မှတ်ပြောင်း (၁)ခု၊ Police စာတမ်းပါ အနက်ရောင် ခါးပတ်(၁)ခု၊ အရွယ်အစားမျိုးစုံ ဓားဦးချွန်(၃)ချောင်း၊ ဖန်ပေါင်းအိုး (၁)လုံး၊ အအေးစုပ်ပိုက် (၁)ထုပ်၊ မှိုင်းခံစက္ကူ (၉၀)ရွက်၊နှင့် အစိမ်းရောင်တိပ်(၁)ထုပ်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး၊ မြို့မစခန်းမှူး ဒုရဲမှူးမျိုးခိုင်၊ ခမရ(၅၂၆)မှ ဗိုလ်ကြီးရန်လင်းအောင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးတို့ ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ပြည်နယ်(မှု/ကူ)မှ ဒုရဲအုပ် ဝေလင်းထွန်း၊ ခရိုင်(မှု/နှိမ်)မှ ရဲအုပ် မြင့်နိုင်၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် မင်းကိုကို၊ ဒုရဲအုပ် ကျော်ဇေယျာဝင်း၊ သက်သေများ အဖြစ် ဝမ်ကောင်းရပ်ကွက် ပြည်သူ့စစ် ဦးစည်သူ၊ ဦးထွန်းထွန်းလေးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ပိတ်ဆို့စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်း၊ မူးယစ်ဆေးများဖြင့် ဖမ်းဆီးရမိသည့် စိုင်းအိုက်လူအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၀/၂၀၁၉၊ မူး/စိတ် ၁၉ (က)၊ ၂၀(က)၊ ၂၂(ခ) တို့ဖြင့် အမှုဖွင့်ထားရှိပြီး ဆက်လက်၍ စစ်ဆေးနေကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~