Update News

တာချီလိတ်တွင် ပထမအဆင့် မီးကြိုးလဲလှယ်မှုကြောင့် ပျောက်ဆုံးယူနစ်လျှော့ကျပါက အဆင့် (၂ )ဆင့် ထပ်မံလုပ်ဆောင်မည်



ပထမအဆင့် အနေဖြင့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၂)တံတား မှ ကျွန်းတောလမ်းအထိ (၂) ကီလိုမီတာ အရှည်ကို ယခင် (၇၀) မီလီမီတာ ဓာတ်ကြိုးများအစား (၁၅၀) မီလီမီတာ ဓာတ်ကြိုးများနှင့် အစားထိုး လဲလှယ်မှုကို ဖေဖော်ဝါရီ (၂) ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ကြိုးများ လဲလှယ်ထားပြီးနောက် (၃) လတာ ကာလအတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကို အပိုင်းလိုက် တိုင်းတာ စစ်ဆေးပြီး ဓါတ်အားပျောက်ဆုံးမှု အမှန်တကယ်လျော့ကျပါက ကျွန်းတော လမ်းဆုံမှ ကျိုင်းတုံလမ်းခွဲအထိကို ဒုတိယအဆင့်အနေ ဖြင့်လည်းကောင်း၊ ကျိုင်းတုံလမ်းခွဲမှ လေယာဉ်ကွင်း လမ်းပိုင်းကို တတိယ အဆင့်အနေဖြင့် လည်းကောင်း အသီးသီး လဲလှယ် သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံမှ ပို့ဆောင်ရာတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁)တံတား  မှ (၈) မဂ္ဂါဝပ်၊ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ် (၂)တံတား မှ (၈) မဂ္ဂါဝပ်၊ စုစုပေါင်း (၁၆) မဂ္ဂါဝပ် ရယူဖြန့်ဖြူးရာတွင် ပျောက်ဆုံးယူနစ်မှာ (၁၉) ရာခိုင်နှုန်းအထိရှိနေသဖြင့် ပျောက်ဆုံးယူနစ်လျှော့ချနိုင်ရေးကို အဆင့် (၃) ဆင့်ဖြင့် (၆) လတာစီမံကိန်းချ ဆောင်ရွက် နေခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖြန့်ဝေပေးနေသည့် လျှပ်စစ်ဓာတ်အား ယူနစ်ပျောက်ဆုံးမှု လျှော့ချနိုင်ရန် အတွက် မီးကြိုးလဲလှယ်မှုကို ပထမအဆင့် ဆောင်ရွက်ထားပြီး ပျောက်ဆုံးယူနစ်များ အမှန်တကယ် လျှော့ချနိုင်ပါက အဆင့်နှစ်ဆင့် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလဲထားတဲ့ (၂) ကီလိုမီတာထဲမှာ ပျောက်ဆုံးယူနစ် ဘယ်လောက်လျော့ကျသွားမလဲဆိုတာ ကြည့်ဦးမယ်။ အချိန် (၃) လ ယူကြည့်မယ်”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပထမအဆင့် အနဖြေင့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၂)တံတား မှ ကျွန်းတောလမ်းအထိ (၂) ကီလိုမီတာ အရှည်ကို ယခင် (၇၀) မီလီမီတာ ဓာတ်ကြိုးများအစား (၁၅၀) မီလီမီတာ ဓာတ်ကြိုးများနှင့် အစားထိုး လဲလှယ်မှုကို ဖေဖော်ဝါရီ (၂) ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ကြိုးများ လဲလှယ်ထားပြီးနောက် (၃) လတာ ကာလအတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကို အပိုင်းလိုက် တိုင်းတာ စစ်ဆေးပြီး ဓာတ်အားပျောက်ဆုံးမှု အမှန်တကယ်လျော့ကျပါက ကျွန်းတော လမ်းဆုံမှ ကျိုင်းတုံလမ်းခွဲအထိကို ဒုတိယအဆင့်အနေ ဖြင့်လည်းကောင်း၊ ကျိုင်းတုံလမ်းခွဲမှ လေယာဉ်ကွင်း လမ်းပိုင်းကို တတိယအဆင့်အနဖြေင့် လည်းကောင်း အသီးသီး လဲလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံမှ ပို့ဆောင်ရာတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁)တံတား မှ (၈) မဂ္ဂါဝပ်၊ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ် (၂)တံတား မှ (၈) မဂ္ဂါဝပ်၊ စုစုပေါင်း (၁၆) မဂ္ဂါဝပ် ရယူဖြန့်ဖြူးရာတွင် ပျောက်ဆုံးယူနစ်မှာ (၁၉) ရာခိုင်နှုန်းအထိရှိနေသဖြင့် ပျောက်ဆုံးယူနစ်လျှော့ချနိုင်ရေးကို အဆင့် (၃) ဆင့်ဖြင့် (၆) လတာစီမံကိန်းချ ဆောင်ရွက် နခြေင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက် 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

Note: Only a member of this blog may post a comment.