ထုိင္းႏိုင္ငံတြင္ မူးယစ္ဂိုဏ္းႏွင့္ ဆက္စပ္သည္ဟု သံသယရိွသူ (၁၇၁)ဦးကို ဖမ္းဆီးထားၿပီး ဦးေဆာင္သူ (၄)ဦးမွာ ျမန္မာဘက္တြင္ ရိွေနႏိုင္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႔က ခန္႔မွန္းထား

ထုိင္းႏိုင္ငံတြင္ မူးယစ္ဂိုဏ္းႏွင့္ ဆက္စပ္သည္ဟု သံသယရိွသူ (၁၇၁)ဦးကို ဖမ္းဆီးထားၿပီး ဦးေဆာင္သူ (၄)ဦးမွာ ျမန္မာဘက္တြင္ ရိွေနႏိုင္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႔က ခန္႔မွန္းထား
ဖေဖော်ဝါရီ 6, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ အေရွ႕ေျမာက္ပိုင္း ခရိုင္(၁၂)ခုတြင္ မူးယစ္ဂိုဏ္းႏွင့္ဆက္စပ္သည္ဟု သံသယရိွသူ (၁၇၁) ဦးကို ရဲတပ္ဖြဲ႕က ထိန္းသိမ္းလုိက္ၿပီး အဆုိပါဂိုဏ္းမွ ဦးေဆာင္သူ (၄)ဦးမွာ ျမန္မာႏိုင္ငံဘက္တြင္ ရိွေနႏုိင္သည္ဟု ထုိင္းရဲတပ္ဖြဲ႕က ခန္႔မွန္းထားသည္။

၎တို႔ႏွင့္အတူ စိတ္ၾကြေဆးျပား (၁၅၅,၉၉၅)ျပား၊ ေဆးေျခာက္ (၄၉၅)ကီလိုဂရမ္၊ အုိက္စ္ (၅)ဂရမ္ႏွင့္ လက္နက္ (၁၂)လက္တုိ႔ကို ဖမ္းဆီးရမိထားျခင္းျဖစ္ၿပီး ဦးေဆာင္သူမ်ားဟု ယူဆရသည့္ အသက္ (၃၀)အရြယ္ Pannawit၊ အသက္ (၂၈)ႏွစ္အရြယ္ Chatchai Pimbut၊ အသက္ (၂၉)ႏွစ္အရြယ္ Chanchai Pimbut ႏွင့္ အသက္ (၄၂)ႏွစ္အရြယ္ Suwit Intasorn တို႔မွာ ျမန္မာႏုိင္ငံဘက္ျခမ္းတြင္ ရိွေနႏုိင္သည္ဟု ရဲတပ္ဖြဲ႕က ခန္႔မွန္းထားသည္။

အဆိုပါ (၄)ဦးမွာ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၃)ရက္ေန႔က ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မုိင္းဆတ္ၿမဳိ႕နယ္၊ မုိင္းထလန္းေက်းရြာအုပ္စု၊ မုိင္းကန္းေက်းရြာ “ ၀ ”အထူးေဒသ (၂)သို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသား (၈၀)ဦးထဲတြင္ ပါဝင္ျခင္းရိွ၊ မရိွကို ရဲတပ္ဖြဲ႕က အတည္မျပဳ ႏိုင္ေသးေၾကာင္း သိရသည္။

ခုမ္ကန္တြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၄)ရက္ေန႔က အသက္ (၁၇)ႏွစ္အရြယ္ လူငယ္တစ္ဦးကို ဆယ္ေက်ာ္သက္ေက်ာင္းသားအုပ္စုက ဝိုင္း၍ရိုက္ႏွက္သတ္ပစ္လုိက္ၿပီး အသတ္ခံရသည့္လူငယ္က မူးယစ္ေဆးဖိုး မေပးသျဖင့္ အသတ္ခံရျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕က ယူဆထားျခင္းျဖစ္သည္။

အဆိုပါလူငယ္ကို သတ္ခဲ့သူ (၆)ဦးအား ရဲတပ္ဖြဲ႕က ဖမ္းမိၿပီးေနာက္ လူသတ္မႈႏွင့္ ဆက္စပ္သူမ်ား၊ လူသတ္ရန္ငွားရမ္းသူမ်ားကို ရဲတပ္ဖြဲ႕က ေဖၚထုတ္ရရိွၿပီးေနာက္ မူးယစ္ဂိုဏ္းႏွင့္ ဆက္စပ္သူမ်ားကို ဖမ္းဆီးလုိက္ျခင္းျဖစ္ကာ အဆိုပါလူငယ္ကို သတ္ပစ္ရန္ေစခိုင္းသည့္ မူးယစ္ေဆးဂိုဏ္း ဦးေဆာင္သူ Pannawit Prathum (ခ) Thep Solo သည္ ျမန္မာႏုိင္ငံတြင္ တိမ္းေရွာင္ေနသည္ဟု ရဲတပ္ဖြဲ႕က ယူဆထားေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ဂိုဏ္းမွာ မူးယစ္ေဆးမ်ားကို အြန္လုိင္းမွ အေရာင္းအဝယ္လုပ္ေနသည့္ Mun Thuk Med မူးယစ္ေဆးေရာင္းဝယ္ေရးအဖြဲ႕မွျဖစ္ၾကၿပီး ယခုအဖမ္းခံရသည့္ မူးယစ္ဂိုဏ္းမ်ားနည္းတူ မူးယစ္ဂိုဏ္းမ်ား ခြဲထြက္ဖြဲ႕စည္းလာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; Bangkok Post


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း ခရိုင်(၁၂)ခုတွင် မူးယစ်ဂိုဏ်းနှင့်ဆက်စပ်သည်ဟု သံသယရှိသူ (၁၇၁) ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီး အဆိုပါဂိုဏ်းမှ ဦးဆောင်သူ (၄)ဦးမှာ မြန်မာနိုင်ငံဘက်တွင် ရှိနေနိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

၎င်းတို့နှင့်အတူ စိတ်ကြွဆေးပြား (၁၅၅,၉၉၅)ပြား၊ ဆေးခြောက် (၄၉၅)ကီလိုဂရမ်၊ အိုက်စ် (၅)ဂရမ်နှင့် လက်နက် (၁၂)လက်တို့ကို ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး ဦးဆောင်သူများဟု ယူဆရသည့် အသက် (၃၀)အရွယ် Pannawit၊ အသက် (၂၈)နှစ်အရွယ် Chatchai Pimbut၊ အသက် (၂၉)နှစ်အရွယ် Chanchai Pimbut နှင့် အသက် (၄၂)နှစ်အရွယ် Suwit Intasorn တို့မှာ မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှိနေနိုင်သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

အဆိုပါ (၄)ဦးမှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာ “ ဝ ”အထူးဒေသ (၂)သို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား (၈၀)ဦးထဲတွင် ပါဝင်ခြင်းရှိ၊ မရှိကို ရဲတပ်ဖွဲ့က အတည်မပြု နိုင်သေးကြောင်း သိရသည်။

ခုမ်ကန်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့က အသက် (၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ဆယ်ကျော်သက်ကျောင်းသားအုပ်စုက ဝိုင်း၍ရိုက်နှက်သတ်ပစ်လိုက်ပြီး အသတ်ခံရသည့်လူငယ်က မူးယစ်ဆေးဖိုး မပေးသဖြင့် အသတ်ခံရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားခြင်းဖြစ်သည်။

အဆိုပါလူငယ်ကို သတ်ခဲ့သူ (၆)ဦးအား ရဲတပ်ဖွဲ့က ဖမ်းမိပြီးနောက် လူသတ်မှုနှင့် ဆက်စပ်သူများ၊ လူသတ်ရန်ငှါးရမ်းသူများကို ရဲတပ်ဖွဲ့က ဖော်ထုတ်ရရှိပြီးနောက် မူးယစ်ဂိုဏ်းနှင့် ဆက်စပ်သူများကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ အဆိုပါလူငယ်ကို သတ်ပစ်ရန်စေခိုင်းသည့် မူးယစ်ဆေးဂိုဏ်း ဦးဆောင်သူ Pannawit Prathum (ခ) Thep Solo သည် မြန်မာနိုင်ငံတွင် တိမ်းရှောင်နေသည်ဟု ရဲတပ်ဖွဲ့က ယူဆထားကြောင်း သိရသည်။

အဆိုပါ မူးယစ်ဂိုဏ်းမှာ မူးယစ်ဆေးများကို အွန်လိုင်းမှ အရောင်းအဝယ်လုပ်နေသည့် Mun Thuk Med မူးယစ်ဆေးရောင်းဝယ်ရေးအဖွဲ့မှဖြစ်ကြပြီး ယခုအဖမ်းခံရသည့် မူးယစ်ဂိုဏ်းများနည်းတူ မူးယစ်ဂိုဏ်းများ ခွဲထွက်ဖွဲ့စည်းလာကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~