ဌာန(၁၀)ခု ပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)လုပ်ငန်းများအား ရပ်ကွက်များအထိ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို တာချီလိတ်ခရိုင် တစ်ခုလုံးတွင် လုပ်ဆောင်မည်
ဌာန(၁၀)ခု ပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)လုပ်ငန်းများအား ရပ်ကွက်များအထိ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို တာချီလိတ်ခရိုင် တစ်ခုလုံးတွင် လုပ်ဆောင်မည်
ဖေဖော်ဝါရီ 22, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်များ၌ စမ်းသပ် ဆောင်ရွက်နေသည့် ရပ်ကွက်ရုံး များတွင် ဌာန (၁၀)ခု၏ OSS ဝန်ဆောင်မှု ကွင်းဆင်း ဆောင်ရွက်ပေးခြင်းလုပ်ငန်းမှာ လူထုအတွက် အထောက်အကူပြုသဖြင့် ခရိုင်တစ်ခုလုံး အတိုင်းတာဖြင့် ဆောင်ရွက်ပေးသွားတော့မည် ဖြစ်ကြောင်း သိရသည်။
ဌာန (၁၀)ခု၏ လုပ်ငန်းများကိုတစ်နေရာထဲတွင် ဆောင်ရွက်ပေးသည့် One Stop Shop ကို တာချီလိတ်မြို့ရှိ ခရိုင်စုပေါင်းရုံးတွင် ဆောင်ရွက်ပေးနေရာမှ ဒေသခံများအနေဖြင့် ဘာသာစကား အခက်အခဲ အပါအဝင် ရုံးဌာနများသို့ လာရောက်ရန်စိုးရိမ်မှုများရှိတတ်သဖြင့် ရပ်ကွက်ရုံးများအထိ သွားရောက်ဝန်ဆောင်မှုပေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစ၍ စမ်းသပ်ဆောင်ရွက်ခဲ့ပြီးနောက် တိုးချဲ့ဆောင်ရွက်လာခြင်းဖြစ်သည်။
One Stop Shop(OSS) အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ (၁၅) ရက်နေ့မှစတင်ကာ စမ်းစပ်ကာလအဖြစ် တာချီလိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ၀မ်ကောင်း ရပ်ကွက်တွင် (၁၁၁)ဦး၊ ပုန်းထွန်ရပ်ကွက်တွင် (၁၁၉)ဦး၊ တာလော့ရပ်ကွက်တွင် (၃၆)ဦး၊ မကာဟိုခမ်းရပ်ကွက်တွင် (၇၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၆၁)ဦး နှင့် ဆန်ဆိုင်း(က)ရပ်ကွက်တွင် (၈၄)ဦး စုစုပေါင်း (၃၉၈)ဦးကို  ၀န်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်း၌ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် နှင့် မိုင်းယောင်းမြို့နယ် စသည့် မြို့နယ်(၃)မြို့နယ်ပါဝင်ရာ အဆိုပါ မြို့နယ်များထဲတွင် မြို့များအဖြစ် တာလေမြို့၊ ကျိုင်းလပ်မြို့ နှင့် မိုင်းယုမြို့တို့ ပါဝင်သည်။
တာချီလိတ်မြို့တွင် ကျပ်သန်းပေါင်း (၁,၄၇၀)ဖြင့် တည်ဆောက်ထားသည့် ခရိုင်၊မြို့နယ် စုပေါင်းရုံးနှင့် OSS ရုံးကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ပြီး အစိုးရ ဌာန(၁၀)ခုက နေ့ချင်းပြီး လုပ်ဆောင်ပေးနိုင်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးနေရာမှ ပြည်သူများအတွက် ထိရောက်မှုရှိစေရန်ရည်ရွယ်၍ ရပ်ကွက်များသို့ သွားရောက်ကာ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သတ်မှတ်နေ့အလိုက် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်များ၌ စမ်းသပ် ဆောင်ရွက်နေသည့် ရပ်ကွက်ရုံး များတွင် ဌာန (၁၀)ခု၏ ဉှ ဝန်ဆောင်မှု ကွင်းဆင်း ဆောင်ရွက်ပေးခြင်းလုပ်ငန်းမှာ လူထုအတွက် အထောက်အကူပြုသဖြင့် ခရိုင်တစ်ခုလုံး အတိုင်းတာဖြင့် ဆောင်ရွက်ပေးသွားတော့မည် ဖြစ်ကြောင်း သိရသည်။
“တစ်ခရိုင်လုံးလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ခရိုင်ထဲမှာဆို တာချီလိတ်ရယ်၊ မိုင်းဖြတ်ရယ်၊ မိုင်းယောင်းရယ်။ တာချီလိတ်ကနေစပြီးတော့ စမ်းသပ်ပြီး လုပ်ကြည့်တာပေါ့။ ရပ်ကွက်တွေထဲမှာ လုပ်ကြည့်လိုက်တော့ အဆင်လည်းပြေတယ်။ ပြည်သူလူထုအတွက်ကို အထောက်အကူပြုတဲ့အခါကျတော့ ပြည်သူလည်း အကျိုးရှိတယ်။ ဒီတော့ ကျွန်တော်တို့ မိုင်းဖြတ်ရော၊ မိုင်းယောင်းရော ထပ်ပြီး ဆောင်ရွက်ပါမယ်”ဟု တာချီလိတ်ခရိုင်အထွေအထွေအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ဌာန (၁၀)ခု၏ လုပ်ငန်းများကိုတစ်နေရာထဲတွင် ဆောင်ရွက်ပေးသည့် ဥညနှအသစှ့သစ ကို တာချီလိတ်မြို့ရှိ ခရိုင်စုပေါင်းရုံးတွင် ဆောင်ရွက်ပေးနေရာမှ ဒေသခံများအနဖြေင့် ဘာသာစကား အခက်အခဲ အပါအဝင် ရုံးဌာနများသို့ လာရောက်ရန်စိုးရိမ်မှုများရှိတတ်သဖြင့် ရပ်ကွက်ရုံးများအထိ သွားရောက်ဝန်ဆောင်မှုပေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစ၍ စမ်းသပ်ဆောင်ရွက်ခဲ့ပြီးနောက် တိုးချဲ့ဆောင်ရွက်လာခြင်းဖြစ်သည်။
ဥညနှအသစှ့သစ(ဉှ) အဖွဲ့အနဖြေင့် ဖေဖော်ဝါရီ (၁၅) ရက်နေ့မှစတင်ကာ စမ်းစပ်ကာလအဖြစ် တာချီလိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ဝမ်ကောင်း ရပ်ကွက်တွင် (၁၁၁)ဦး၊ ပုန်းထွန်ရပ်ကွက်တွင် (၁၁၉)ဦး၊ တာလော့ရပ်ကွက်တွင် (၃၆)ဦး၊ မကာဟိုခမ်းရပ်ကွက်တွင် (၇၁)ဦး၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၆၁)ဦး နှင့် ဆန်ဆိုင်း(က)ရပ်ကွက်တွင် (၈၄)ဦး စုစုပေါင်း (၃၉၈)ဦးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖြတ်မြို့နယ်တွင်လည်း ဖေဖော်ဝါရီလ(၁၉)ရက်နေ့က ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က မနက်ဖြန် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ လုပ်မှာ။ မနက် (၁၀) နာရီ ဈေးတန်းရပ်ကွက်မှာ စလုပ်မယ်။ ကျွန်တော်တို့မြို့က သေးတယ်လေ။ ရုံးမှာလည်းတောက်လျှောက် လုပ်ပေးနေတယ်ဆိုတော့ မြို့ပေါ်ရုံးမှာ လိုအပ်တဲ့ဟာလေးထပ်လုပ်ဖို့ ထပ်ဆင်းမှာဗျ”ဟု မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောသည်။
တာချီလိတ်ခရိုင်အတွင်း၌ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် နှင့် မိုင်းယောင်းမြို့နယ် စသည့် မြို့နယ်(၃)မြို့နယ်ပါဝင်ရာ အဆိုပါ မြို့နယ်များထဲတွင် မြို့များအဖြစ် တာလမြေို့၊ ကျိုင်းလပ်မြို့ နှင့် မိုင်းယုမြို့တို့ ပါဝင်သည်။
"တာလေ၊ ကျိုင်းလပ်က သီးခြားမရှိဘူး။ မြို့နယ်ရုံးက လုပ်ပေးရမှာ။ ဉှ တွေအကုန်လုံးက မြို့နယ်ရုံးတွေမှာပဲ ဖွင့်ရတာ။ မြို့နယ်အဆင့် ဌာနဆိုင်ရာက လက်မှတ်ထိုးပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတာ မြို့နယ်ဦးစီးအရာရှိတွေက လုပ်ရတာကိုး။ တာလေတို့ ကျိုင်းလပ်တို့ဆိုတာက ဌာနဆိုင်ရာက ဒုဦးစီးလောက်၊ အကြီးတန်းစာရေးလောက်ရှိတော့ ဆုံးဖြတ်ပေးနိုင်တဲ့၊ လက်မှတ်ထိုးပေးနိုင်တဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ မဟုတ်ဘူးပေါ့။ မြို့ပေါ်မှာ လုပ်ပြီးလို့ ရှိရင် တာလေတို့ ကျိုင်းလပ်တို့ရောက်မှာပေါ့။ အဲဒါတွေလည်း အစီအစဉ်ထဲမှာပါတယ်။"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင် ကျပ်သန်းပေါင်း (၁ယ၄၇၀)ဖြင့် တည်ဆောက်ထားသည့် ခရိုင်၊မြို့နယ် စုပေါင်းရုံးနှင့် ဉှ ရုံးကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ပြီး အစိုးရ ဌာန(၁၀)ခုက နေ့ချင်းပြီး လုပ်ဆောင်ပေးနိုင်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးနေရာမှ ပြည်သူများအတွက် ထိရောက်မှုရှိစေရန်ရည်ရွယ်၍ ရပ်ကွက်များသို့ သွားရောက်ကာ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သတ်မှတ်နေ့အလိုက် ဆောင်ရွက်ပေးနခြေင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~