တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးထုတ္လုပ္သည့္ ထိုင္းႏိုင္ငံသားႏွင့္ စပ္ဆက္၍ ထိုင္းအမ်ဳိးသမီး (၂)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ထပ္မံဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးထုတ္လုပ္သည့္ ထိုင္းႏိုင္ငံသားႏွင့္ စပ္ဆက္၍ ထိုင္းအမ်ဳိးသမီး (၂)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ထပ္မံဖမ္းဆီးရမိ
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေဖေဖၚဝါရီလအတြင္း မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးရမိသည့္ (၆)ဦးေျမာက္အျဖစ္ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း ဟိုတယ္တစ္ခု တည္းခိုေနသည့္ ထိုင္းႏုိင္ငံသူ (၂)ဦးကို မူးယစ္ေဆးမ်ားျဖင့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၀)ရက္ေန႔ ည (၁၁)နာရီက ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(ျပင္)တြင္ ေနထုိင္သည့္ ထုိင္းႏုိင္ငံသားတစ္ဦးအား ေဖေဖၚဝါရီလ (၁၀)ရက္ေန႔ ည(၉)နာရီဝန္းက်င္က  စိတ္ၾကြေဆးျပား (၇၀၅)ျပား၊ Ectasy ေဆးျပား (၇၇၆)ျပားတုိ႔အျပင္ စိတ္ၾကြေဆးျပားထုတ္လုပ္သည့္ စက္မ်ားျဖင့္ပါ ဖမ္းဆီးရမိၿပီးေနာက္ ကြင္းဆက္ေဖၚထုတ္ခ်က္အရ ဟိုတယ္တြင္ ေနထုိင္သည့္ ထုိင္းႏုိင္ငံသူ(၂)ဦးျဖစ္သည့္   Tidarut Lorprakansit ႏွင့္ ဝမ္နာလီလီေလာ့ဖူတို႔အား စိတ္ၾကြေဆးျပား (၅)ျပား၊ အုိက္စ္ (၅)ဂရမ္၊ မူးယစ္ေဆးဝါးအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ ထုိင္းႏုိင္ငံသူမ်ားကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၃/၂၀၁၉၊ မူး/စိတ္ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

ဆန္ဆုိင္း(ခ)ရပ္ကြက္တြင္ ေဖေဖၚဝါရီလ(၈)ရက္ေန႔ ညပိုင္းက ထုိင္းႏုိင္ငံသားတစ္ဦးအား ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အဆိုပါထုိင္းႏုိင္ငံသားႏွင့္ ဆက္စပ္ဖြယ္ရိွေသာေနရာမ်ားအား ရဲတပ္ဖြဲ႕က စစ္ေဆးရာမွ ေဖေဖၚဝါရီလ (၉)ရက္ေန႔တြင္ တာခ်ီလိတ္၌ ေနအိမ္ခန္းလာေရာက္ငွားရမ္းေနထုိင္သည့္ ထုိင္းႏုိင္ငံသား (၃)ဦးကို မူးယစ္ေဆးဝါးအနည္းငယ္စီျဖင့္ ဖမ္းဆီးရမိခဲ့ကာ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ခန္းငွားရမ္းေနထုိင္ၿပီး မူးယစ္ေဆးထုတ္လုပ္၊ ေရာင္းခ်ေနသည့္ ထုိင္းႏုိင္ငံသား တစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၀)ရက္ေန႔ ညပုိင္းတြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးရမိသည့် (၆)ဦးမြောက်အဖြစ် ဝိန်းကျောက်ရပ်ကွက်အတွင်း ဟိုတယ်တစ်ခု တည်းခိုနေသည့် ထိုင်းနိုင်ငံသူ (၂)ဦးကို မူးယစ်ဆေးများဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ည (၁၁)နာရီက ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)တွင် နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးအား ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ည(၉)နာရီဝန်းကျင်က စိတ်ကြွဆေးပြား (၇၀၅)ပြား၊ Ectasy ဆေးပြား (၇၇၆)ပြားတို့အပြင် စိတ်ကြွဆေးပြားထုတ်လုပ်သည့် စက်များဖြင့်ပါ ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ဟိုတယ်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသူ(၂)ဦးဖြစ်သည့် Tidarut Lorprakansit နှင့် ဝမ်နာလီလီလော့ဖူတို့အား စိတ်ကြွဆေးပြား (၅)ပြား၊ အိုက်စ် (၅)ဂရမ်၊ မူးယစ်ဆေးဝါးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသူများကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၃/၂၀၁၉၊ မူး/စိတ် ၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါထိုင်းနိုင်ငံသားနှင့် ဆက်စပ်ဖွယ်ရှိသောနေရာများအား ရဲတပ်ဖွဲ့က စစ်ဆေးရာမှ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် တာချီလိတ်၌ နေအိမ်ခန်းလာရောက်ငှါးရမ်းနေထိုင်သည့် ထိုင်းနိုင်ငံသား (၃)ဦးကို မူးယစ်ဆေးဝါးအနည်းငယ်စီဖြင့် ဖမ်းဆီးရမိခဲ့ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အိမ်ခန်းငှါးရမ်းနေထိုင်ပြီး မူးယစ်ဆေးထုတ်လုပ်၊ ရောင်းချနေသည့် ထိုင်းနိုင်ငံသား တစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~