တာခ်ီလိတ္တြင္ ထိုင္းႏိုင္ငံသား (၂)ဦး ႏွင့္ ျမန္မာႏိုင္ငံသား(၂)ဦးအား မူးယစ္ေဆး၊ လက္နက္ခဲယမ္းတုိ႔ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္တြင္ ထိုင္းႏိုင္ငံသား (၂)ဦး ႏွင့္ ျမန္မာႏိုင္ငံသား(၂)ဦးအား မူးယစ္ေဆး၊ လက္နက္ခဲယမ္းတုိ႔ႏွင့္အတူ ဖမ္းမိ
ဖေဖော်ဝါရီ 25, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း၌ ထိုင္းႏိုင္ငံသား (၂)ဦး ႏွင့္ ျမန္မာႏိုင္ငံသား(၂)ဦးတို႔ကို  မူးယစ္ေဆး၊ လက္နက္ခဲယမ္းတုိ႔ႏွင့္အတူ ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၃ဝ) တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား၊ စစ္ဘက္ေရးရာ လံုၿခံဳေရးတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၄) ရက္ေန႔ ညေန (၅)နာရီဝန္းက်င္က တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံုရြာအဝင္ ေရွာင္ကြင္းလမ္းတြင္ စစ္ေဆးရာမွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ဘက္မွ မိုင္းဟဲဘက္သို႔ ထိုင္းႏိုင္ငံသား အသက္(၂၅)ႏွစ္အရြယ္ Phurin Phonbun ေမာင္းႏွင္ၿပီး ထိုင္းႏိုင္ငံသူ အသက္(၂၃)ႏွစ္အရြယ္ Kuntima Chootan၊ ျမန္မာႏိုင္ငံမွႏွစ္ဦးျဖစ္သည့္ ေလာ္ဆာႏွင့္ မီညိဳးတို႔ စီးနင္းလာသည့္ ေမာ္ေတာ္ယာဥ္၏ ဒက္ခ်္ဘုတ္အတြင္း ပီေကဗူးခြံျဖင့္ ထည့္ထားသည့္ စိတ္ၾကြရူးသြပ္ေဆးျပား အက်ိဳးအေၾက အေလးခ်ိန္ (၅) ဂရမ္ခန္႔၊ ယာဥ္ေရွ႕ခန္း ထိုင္ခံုႏွစ္ခုၾကားရွိ တူးေဘာက္အတြင္းမွ ေျခာက္လံုးျပဴးေသနတ္ တစ္လက္ႏွင့္ က်ည္ (၆) ေတာင့္တို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ညေန (၅) နာရီေလာက္ကဖမ္းမိတာပါခင္ဗ်။ ကၽြန္ေတာ္တို႔ လြယ္စတံုဟိုဘက္ ျပည္သူ႔စစ္ကြင္းလမ္း လမ္းမေပၚမွာ ဖမ္းမိတာေပ့ါ။"ဟု မူးယစ္တပ္ဖြဲ႕စု(၃၀) တာခ်ီလိတ္မွ ဒုရဲအုပ္ျမတ္ၾကည္သာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖမ္ဆီးရမိသည့္ ထုိင္းႏုိင္ငံသား (၂)ဦးမွာ ထိုင္းႏိုင္ငံ တခ့္ခရိုင္တြင္ ေနထုိင္သူမ်ားျဖစ္ၾကၿပီး ၎တို႔သည္ တာခ်ီလိတ္သို႔ တရား၀င္ ေရာက္ရွိလာျခင္း  ဟုတ္ မဟုတ္ကို ဆက္လက္စစ္ေဆးေနလ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၃၁/၂၀၁၉ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒ ၁၉(က)/ ၂၂(ခ)/၂၁ ျဖင့္ အမႈဖြင့္ထားၿပီး ဆက္လက္ စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း၌ ထိုင်းနိုင်ငံသား (၂)ဦး နှင့် မြန်မာနိုင်ငံသား(၂)ဦးတို့ကို မူးယစ်ဆေး၊ လက်နက်ခဲယမ်းတို့နှင့်အတူ ဖေဖော်ဝါရီလ(၂၄)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃ဝ) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံရွာအဝင် ရှောင်ကွင်းလမ်းတွင် စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ဘက်မှ မိုင်းဟဲဘက်သို့ ထိုင်းနိုင်ငံသား အသက်(၂၅)နှစ်အရွယ် Phurin Phonbun မောင်းနှင်ပြီး ထိုင်းနိုင်ငံသူ အသက်(၂၃)နှစ်အရွယ် Kuntima Chootan၊ မြန်မာနိုင်ငံမှနှစ်ဦးဖြစ်သည့် လော်ဆာနှင့် မီညိုးတို့ စီးနင်းလာသည့် မော်တော်ယာဉ်၏ ဒက်ချ်ဘုတ်အတွင်း ပီကေဗူးခွံဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား အကျိုးအကြေ အလေးချိန် (၅) ဂရမ်ခန့်၊ ယာဉ်ရှေ့ခန်း ထိုင်ခုံနှစ်ခုကြားရှိ တူးဘောက်အတွင်းမှ ခြောက်လုံးပြူးသေနတ် တစ်လက်နှင့် ကျည် (၆) တောင့်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ညနေ (၅) နာရီလောက်ကဖမ်းမိတာပါခင်ဗျ။ ကျွန်တော်တို့ လွယ်စတုံဟိုဘက် ပြည်သူ့စစ်ကွင်းလမ်း လမ်းမပေါ်မှာ ဖမ်းမိတာပေါ့။"ဟု မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဒုရဲအုပ်မြတ်ကြည်သာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်ဆီးရမိသည့် ထိုင်းနိုင်ငံသား (၂)ဦးမှာ ထိုင်းနိုင်ငံ တခ့်ခရိုင်တွင် နေထိုင်သူများဖြစ်ကြပြီး၎င်းတို့သည် တာချီလိတ်သို့ တရားဝင် ရောက်ရှိလာခြင်း ဟုတ် မဟုတ်ကို ဆက်လက်စစ်ဆေးနေလျက်ရှိပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၃၁/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၉(က)/ ၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~