မႏၱေလးတြင္ ေႏြရာသီ ရွမ္းစကားေျပာ ႏွင့္ ရွမ္းစာသင္တန္း တက္ေရာက္လိုသူမ်ား ဆက္သြယ္ႏိုင္

မႏၱေလးတြင္ ေႏြရာသီ ရွမ္းစကားေျပာ ႏွင့္ ရွမ္းစာသင္တန္း တက္ေရာက္လိုသူမ်ား ဆက္သြယ္ႏိုင္
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency

မႏၱေလးၿမိဳ႕တြင္ အခ်ိန္ကာလ တစ္လတာ ရွမ္းစကားေျပာ ႏွင့္ ရွမ္းစာသင္တန္းကို ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၁)ရက္ေန႔ကစ၍ ဖြင့္လွစ္လိုက္ၿပီး စိတ္ပါ၀င္စားသူ မည္သူမဆို ဆက္လက္ စာရင္းေပးသြင္းကာ အခမဲ့ တက္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းကို မႏၱေလးရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းက ႀကီးမွဴးက်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး သင္တန္းအား နံနက္ ႏွင့္ ေန႔လည္အျဖစ္ အခ်ိန္ႏွစ္ပိုင္းကို ႏွစ္ေနရာခြဲ၍ သင္ၾကားေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

"အခုလည္း စာရင္းေပးလို႔ရပါတယ္၊ အသက္အရြယ္မကန္႔သတ္ထားပါဘူး၊ အခမဲ့သင္ၾကားေပးတာပါ"ဟု မႏၱေလးရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နံနက္(၉)နာရီမွ နံနက္(၁၁)နာရီခြဲအခ်ိန္အထိ သင္ၾကားေပးမႈကို မႏၱေလးၿမိဳ႕ (၆၅)လမ္း၊ (၃၈)လမ္းႏွင့္(၃၉)လမ္းၾကားရွိ တိုက္(B)အခန္း(၁၀)တြင္ လည္းေကာင္း၊ ေန႔လည္(၂)နာရီမွ ညေန(၄)နာရီအထိ သင္ၾကားေပးမႈကို မႏၱေလးၿမိဳ႕ စက္မႈ(၁)၊ (၆၂)လမ္းႏွင့္(၆၃)လမ္းၾကား၊ ရတနာလမ္း ႏွင့္ မဂၤလာလမ္းၾကားရွိ ေရႊခ်ယ္ရီ ရွမ္းေခါက္ဆြဲဆိုင္တြင္ လည္းေကာင္း သတ္မွတ္ထားေၾကာင္း သိရသည္။

ရွမ္းစကားေျပာ ႏွင့္ ရွမ္းစာသင္တန္းအား အခမဲ့ သင္ၾကားေပးမည္ျဖစ္ၿပီး သင္တန္းကာလအား တစ္လတာ သတ္မွတ္ထားသည့္ အတြက္ ဖုန္း 09776680588 ႏွင့္ 09793970750 သို႔လည္း ဆက္သြယ္ စံုစမ္းႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေးမြို့တွင် အချိန်ကာလ တစ်လတာ ရှမ်းစကားပြော နှင့် ရှမ်းစာသင်တန်းကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ကစ၍ ဖွင့်လှစ်လိုက်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ဆက်လက် စာရင်းပေးသွင်းကာ အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မန္တလေးရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းအား နံနက် နှင့် နေ့လည်အဖြစ် အချိန်နှစ်ပိုင်းကို နှစ်နေရာခွဲ၍ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"အခုလည်း စာရင်းပေးလို့ရပါတယ်၊ အသက်အရွယ်မကန့်သတ်ထားပါဘူး၊ အခမဲ့သင်ကြားပေးတာပါ"ဟု မန္တလေးရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နံနက်(၉)နာရီမှ နံနက်(၁၁)နာရီခွဲအချိန်အထိ သင်ကြားပေးမှုကို မန္တလေးမြို့ (၆၅)လမ်း၊ (၃၈)လမ်းနှင့်(၃၉)လမ်းကြားရှိ တိုက်(B)အခန်း(၁၀)တွင် လည်းကောင်း၊ နေ့လည်(၂)နာရီမှ ညနေ(၄)နာရီအထိ သင်ကြားပေးမှုကို မန္တလေးမြို့ စက်မှု(၁)၊ (၆၂)လမ်းနှင့်(၆၃)လမ်းကြား၊ ရတနာလမ်း နှင့် မင်္ဂလာလမ်းကြားရှိ ရွှေချယ်ရီ ရှမ်းခေါက်ဆွဲဆိုင်တွင် လည်းကောင်း သတ်မှတ်ထားကြောင်း သိရသည်။

ရှမ်းစကားပြော နှင့် ရှမ်းစာသင်တန်းအား အခမဲ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလအား တစ်လတာ သတ်မှတ်ထားသည့် အတွက် ဖုန်း 09776680588 နှင့် 09793970750 သို့လည်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~