တာေလၿမိဳ႕ ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တို႔တြင္ ေႏြရာသီ ရွမ္းစာႏွင့္ရွမ္းစကား သင္တန္းဖြင့္လွစ္မည္ျဖစ္ရာ မည္သူမဆို တက္ေရာက္သင္ယူႏိုင္

တာေလၿမိဳ႕ ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တို႔တြင္ ေႏြရာသီ ရွမ္းစာႏွင့္ရွမ္းစကား သင္တန္းဖြင့္လွစ္မည္ျဖစ္ရာ မည္သူမဆို တက္ေရာက္သင္ယူႏိုင္
ဖေဖော်ဝါရီ 26, 2019
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕ ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တို႔တြင္ ေႏြရာသီ ရွမ္းစာႏွင့္ရွမ္းစကား သင္ၾကားေပးမႈကို မတ္လ(၂၅)ရက္ေန႔တြင္ စတင္မည္ျဖစ္ရာ ရွမ္းတိုင္းရင္းသားမ်ားအျပင္  မည္သည့္ တိုင္းရင္းသားမဆို စိတ္၀င္စားပါက တက္ေရာက္ႏို္င္ေၾကာင္း သိရသည္။

"တာေလအတြက္က ရက္သတ္မွတ္ၿပီးၿပီ သံုးလပိုင္း ႏွစ္ဆယ့္ငါးရက္ေန႔ စသင္မွာ၊ ငါးလပိုင္း ဒုတိယပတ္ေလာက္ အထိေပါ့၊ ၿပီးရင္ သင္တန္းဆင္းပြဲ ဆုေပးပြဲေတြ လုပ္မွာပါ၊ တာေလ၊ က်ဳိင္းလပ္ အားလံုး ပါတယ္ သင္ေပးမွာ၊ လာသင္ေပးမဲ့ ဆရာေတြက သီေပါ နဲ႔ ေက်းသီးက ဆရာေတြ လာသင္မွာ၊ ျမန္မာလိုေရာ အဂၤလိပ္လိုေရာ တတ္တယ္၊  ရွမ္းစာစကားတတ္ခ်င္တဲ့ ဘယ္သူမဆို တိုင္းရင္းသားအားလံုး လာသင္ႏိုင္ပါတယ္၊ ဘယ္သူမဆို လာသင္ယူႏိုင္ေအာင္လို႔လည္း စီစဥ္ထားတာပါ၊ အဓိက ကေတာ့ တိုင္းရင္းသားအားလံုး ခ်စ္ခ်စ္ခင္ခင္ျဖစ္တာကို လိုလားပါတယ္"ဟု တာေလ/က်ိဳင္းလပ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမွဳအသင္း ဥကၠဌ ဦးစိုင္းသန္႔ဇင္လတ္(ခ)ကိုအိုက္ပီးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လူငယ္မ်ားကို ေန႔ပိုင္းတြင္ သင္ၾကားေပးႏိုင္ရန္စီစဥ္ထားရွိၿပီး ေန႔ပိုင္း အလုပ္ကိစၥႏွင့္ မအားလပ္သည့္ လူလတ္၊ လူႀကီးမ်ားကိုေတာ့ ညပိုင္းမ်ားတြင္ သင္ၾကားေပးႏိုင္ရန္အတြက္လည္း စီစဥ္ထားရွိေၾကာင္း သိရသည္။

"လူလတ္၊ လူႀကီးပိုင္းေတြအေနနဲ႔ ေန႔ပိုင္းမအားရင္ ညပိုင္းေတြမွာ သင္ယူႏိုင္ေအာင္လို႔လည္း စီစဥ္ထားပါတယ္၊ ဒီႏွစ္အေကာင္းဆံုးျဖစ္ေအာင္ လုပ္မယ္ေပါ့ဗ်ာ။ တာေလ၊ က်ဳိင္းလပ္အထိေပါ့၊ ေနရာေပါင္းကေတာ့ (၂၀)ေလာက္ရွိမယ္၊ "ဟု ဦးစိုင္းသန္႔ဇင္လတ္က ေျပာသည္။

တာေလ ႏွင့္ က်ဳိင္းလပ္ၿမိဳ႕တြင္ မတ္လ(၂၅)ရက္ေန႔မွ သႀကၤန္အၿပီး ေမလ ဒုတိယပတ္ ကာလ ၀န္းက်င္အထိ သင္ၾကားေပးမည့္ ရွမ္းစာႏွင့္ရွမ္းစကား သင္တန္းသို႔ တက္ေရာက္လိုသူမ်ားအေနျဖင့္ တာေလ/က်ိဳင္းလပ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမွဳ႕အသင္း ဥကၠဌ ဦးစိုင္းသန္႔ဇင္လတ္(ခ)ကိုအိုက္ပီး၏ ဖုန္း 09250475005 သို႔ ဆက္သြယ္ေမးျမန္းႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့ နှင့် ကျိုင်းလပ်မြို့တို့တွင် နွေရာသီ ရှမ်းစာနှင့်ရှမ်းစကား သင်ကြားပေးမှုကို မတ်လ(၂၅)ရက်နေ့တွင် စတင်မည်ဖြစ်ရာ ရှမ်းတိုင်းရင်းသားများအပြင် မည်သည့် တိုင်းရင်းသားမဆို စိတ်ဝင်စားပါက တက်ရောက်နို်င်ကြောင်း သိရသည်။

"တာလေအတွက်က ရက်သတ်မှတ်ပြီးပြီ သုံးလပိုင်း နှစ်ဆယ့်ငါးရက်နေ့ စသင်မှာ၊ ငါးလပိုင်း ဒုတိယပတ်လောက် အထိပေါ့၊ ပြီးရင် သင်တန်းဆင်းပွဲ ဆုပေးပွဲတွေ လုပ်မှာပါ၊ တာလေ၊ ကျိုင်းလပ် အားလုံး ပါတယ် သင်ပေးမှာ၊ လာသင်ပေးမဲ့ ဆရာတွေက သီပေါ နဲ့ ကျေးသီးက ဆရာတွေ လာသင်မှာ၊ မြန်မာလိုရော အင်္ဂလိပ်လိုရော တတ်တယ်၊ ရှမ်းစာစကားတတ်ချင်တဲ့ ဘယ်သူမဆို တိုင်းရင်းသားအားလုံး လာသင်နိုင်ပါတယ်၊ ဘယ်သူမဆို လာသင်ယူနိုင်အောင်လို့လည်း စီစဉ်ထားတာပါ၊ အဓိက ကတော့ တိုင်းရင်းသားအားလုံး ချစ်ချစ်ခင်ခင်ဖြစ်တာကို လိုလားပါတယ်"ဟု တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လူငယ်များကို နေ့ပိုင်းတွင် သင်ကြားပေးနိုင်ရန်စီစဉ်ထားရှိပြီး နေ့ပိုင်း အလုပ်ကိစ္စနှင့် မအားလပ်သည့် လူလတ်၊ လူကြီးများကိုတော့ ညပိုင်းများတွင် သင်ကြားပေးနိုင်ရန်အတွက်လည်း စီစဉ်ထားရှိကြောင်း သိရသည်။

"လူလတ်၊ လူကြီးပိုင်းတွေအနေနဲ့ နေ့ပိုင်းမအားရင် ညပိုင်းတွေမှာ သင်ယူနိုင်အောင်လို့လည်း စီစဉ်ထားပါတယ်၊ ဒီနှစ်အကောင်းဆုံးဖြစ်အောင် လုပ်မယ်ပေါ့ဗျာ။ တာလေ၊ ကျိုင်းလပ်အထိပေါ့၊ နေရာပေါင်းကတော့ (၂၀)လောက်ရှိမယ်၊ "ဟု ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

တာလေ နှင့် ကျိုင်းလပ်မြို့တွင် မတ်လ(၂၅)ရက်နေ့မှ သင်္ကြန်အပြီး မေလ ဒုတိယပတ် ကာလ ဝန်းကျင်အထိ သင်ကြားပေးမည့် ရှမ်းစာနှင့်ရှမ်းစကား သင်တန်းသို့ တက်ရောက်လိုသူများအနဖြေင့် တာလေ/ကျိုင်းလပ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု့အသင်း ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်(ခ)ကိုအိုက်ပီး၏ ဖုန်း 09250475005 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~