ရက်ပေါင်း (၆၉)ရက်အကြာ ကျင်းပမည့် မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော် စတင်

ရက်ပေါင်း (၆၉)ရက်အကြာ ကျင်းပမည့် မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော် စတင်
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency



နံနက်(၇)နာရီခွဲအချိန်တွင် (၂၅၈၅)ကြိမ်မြောက် မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယ မဟာမင်္ဂလာပူ ဇာသဘင် မုခ်ဦးတော်ကို သီတဂူဆရာ​တော်​ အဘိဓဇမဟာ ရဋ္ဌဂုရု ဒေါက်တာအရှင် ဥာဏိဿရက စက်​ခလုပ်​နှိပ်​ကာ ဖွင့်​လှစ်​​ပေးပြီး မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယမဟာမင်္ဂလာပူဇာသဘင်ပွဲ​တော်​ကို အလယ်​ပိုင်းတိုင်း စစ်​ဌာနချုပ်​ တိုင်းမှူးဗိုလ်​ချုပ်​ ကျော်​စွာလင်းမှ  ဖဲကြိုးဖြတ်​ဖွင့်​လှစ်​ပေးခဲ့ကြောင်း သိရသည်​။

ဆက်​လက်​၍ အောက်စက်တော်ရာပါဒစေတီ အလင်းပေါက်ဖန်အုပ်ဆောင်းတော်ကို သီတဂူဆရာ​တော်​ အဘိဓဇမဟာရဋ္ဌဂုရုဒေါက်တာ အရှင်ဥာဏိဿရက ဖွင့်​လှစ်ကာ ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ခြင်း၊ အထက်စက်တော်ရာပါဒစေတီ ဗုဒ္ဓဘိသေကအနေကဇာ တင်ပူဇော်ခြင်း၊ မန်းစက်တော်ရာ ဘုရား ဗုဒ္ဓပူ ဇနိယပွဲတော် ဖွင့်ပွဲအထမ်းအမှတ်ကုသိုလ်ပြု ရေစက်ချခြင်း အခမ်းအနားများကို ကျင်းပပြု လုပ်ကြောင်း သိရသည်။

ယခင်နှစ်များကနှင့်မတူ ယခုနှစ်မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်လှစ်ရာတွင် ဖွင့်ပွဲနေ့ မတိုင်မီ ဖေဖော်ဝါရီလ(၈)ရက် ညနေပိုင်း၊ ညပိုင်းနှင့် ဖွင့်ပွဲနေ့ ဖေဖော်ဝါရီလ(၉)ရက် နံနက်ပိုင်းတို့တွင် အလင်္ကာ ဝတ်ရည် မြန်မာမှုတေးဂီတအဖွဲ့နှင့် တွဲဖက်၍ မန္တလေးသိန်းဇော်၊ အကယ်ဒမီချိုပြုံး၊ ပိုးအိစံ၊ စိမ့်နေခြည်၊ ခင်စုစုနိုင်စသည့် နိုင်ငံကျော်တေးသံရှင်များ၊ ယဉ်ကျေးမှုအကအဖွဲ့များဖြင့် ဖျော်ဖြေကြပြီးဖွင့်ပွဲ ​နေ့ညပိုင်း တွင် သီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာအရှင်ဥာဏိဿရက လည်းကောင်း၊ ဖေဖော်ဝါရီလ (၁၀)ရက် ညပိုင်းတွင် ချင်းတောင်တန်းသာသနာပြုဆရာတော်ဓမ္မကထိက ဗဟုဇနဟိတဓရ မဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တတေဇောသာရတို့က တရားဓမ္မများချီမြှင့်ကြမည်ဖြစ် ​ကြောင်း သိရသည်။

ယခုနှစ် ဘုရားပွဲတော်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်မှုရှိပါက အလွယ်တကူ ရှောင်ရှား နိုင်ရန်နှင့် ယာဉ်ကြောကျပ်တည်းမှု မရှိစေရေးအတွက် ယာဉ်အပ်နှံရေးစခန်းများတွင် ယာဉ်များကို အပ်နှံ၍ တစ်လမ်းမောင်း စနစ်ကျင့်သုံးကာ ပွဲတော်အတွင်း ဝင်ရောက်လာသော မော်တော်ယာဉ်များအနေဖြင့် ဘုရားကြီးရွာ ပတ်လမ်းမှ ပြန်ထွက်စေမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေစက်တော်ဘုရားပွဲတော်နှင့် (၃)မိုင်ခန့်အကွာတွင်ရှိသည့် ဆင်စခန်းကိုလည်း ဘုရားပွဲတော်ဖွင့်ပွဲနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ကြောင်း သိရပြီး အဆိုပါ ဆင်စခန်းတွင်လည်း အခကြေးငွေဖြင့် တည်း ခိုနေထိုင်နိုင်မည့် အိပ်ခန်းရေချိုးခန်းဘိုထိုင်အိမ်သာပါဘိုတဲများ စီစဉ်ထားကြောင်း သိရသည်။



သတင်း/ဓာတ်​ပုံ - ဖီးနစ်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရက်ပေါင်း(၆၉)ရက်အကြာ ကျင်းပပြုလုပ်မည့် မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် စတင်လိုက်ပြီး အဆိုပါပွဲတော်နှင့် ခြေတော်ရာမြတ်(၂)ဆူ ဖွင့်လှစ်ပူဇော်ပွဲ၏ ဖွင့်ပွဲအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နံနက်ပိုင်းက ကျင်းပပြီး အောက်စက်တော်ရာ ဖန်အုပ်ဆောင်းကို စတင်ဖွင့် လှစ်ကြောင်း သိရသည်။

မန်းစက်တော်ရာ ခြေတော်ရာမှာ မန်းချောင်းရေတက်လျှင် ရေဝင်နစ်မြုပ်သဖြင့် ဖန်အုပ်ဆောင်းဖြင့် ထားရှိခြင်းဖြစ်ပြီး ဘုရားပွဲတော်ကာလတွင် ဖန်အုပ်ဆောင်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။

နံနက်(၇)နာရီခွဲအချိန်တွင် (၂၅၈၅)ကြိမ်မြောက် မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယ မဟာမင်္ဂလာပူ ဇာသဘင် မုခ်ဦးတော်ကို သီတဂူဆရာ​တော်​ အဘိဓဇမဟာ ရဋ္ဌဂုရု ဒေါက်တာအရှင် ဉါဏိဿရက စက်​ခလုပ်​နှိပ်​ကာ ဖွင်​့လှစ်​​ပေးပြီး မန်းစက်တော်ရာ ဗုဒ္ဓပူဇနိယမဟာမင်္ဂလာပူဇာသဘင်ပွဲ​တော်​ကို အလယ်​ပိုင်​းတိုင်​း စစ်​ဌာနချုပ်​ တိုင်​းမှူးဗိုလ်​ချုပ်​ ကျော်​စွာလင်​းမှ ဖဲကြိုးဖြတ်​ဖွင်​့လှစ်​ပေးခဲ့ကြောင်​း သိရသည်​။

ဆက်​လက်​၍ အောက်စက်တော်ရာပါဒစေတီ အလင်းပေါက်ဖန်အုပ်ဆောင်းတော်ကို သီတဂူဆရာ​တော်​ အဘိဓဇမဟာရဋ္ဌဂုရုဒေါက်တာ အရှင်ဉါဏိဿရက ဖွင်​့လှစ်ကာ ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ခြင်း၊ အထက်စက်တော်ရာပါဒစေတီ ဗုဒ္ဓဘိသေကအနေကဇာ တင်ပူဇော်ခြင်း၊ မန်းစက်တော်ရာ ဘုရား ဗုဒ္ဓပူ ဇနိယပွဲတော် ဖွင့်ပွဲအထမ်းအမှတ်ကုသိုလ်ပြု ရေစက်ချခြင်း အခမ်းအနားများကို ကျင်းပပြု လုပ်ကြောင်း သိရသည်။

ယခင်နှစ်များကနှင့်မတူ ယခုနှစ်မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်လှစ်ရာတွင် ဖွင့်ပွဲနေ့ မတိုင်မီ ဖေဖော်ဝါရီလ(၈)ရက် ညနေပိုင်း၊ ညပိုင်းနှင့် ဖွင့်ပွဲနေ့ ဖေဖော်ဝါရီလ(၉)ရက် နံနက်ပိုင်းတို့တွင် အလင်္ကာ ဝတ်ရည် မြန်မာမှုတေးဂီတအဖွဲ့နှင့် တွဲဖက်၍ မန္တလေးသိန်းဇော်၊ အကယ်ဒမီချိုပြုံး၊ ပိုးအိစံ၊ စိမ့်နခြေည်၊ ခင်စုစုနိုင်စသည့် နိုင်ငံကျော်တေးသံရှင်များ၊ ယဉ်ကျေးမှုအကအဖွဲ့များဖြင့် ဖျော်ဖြကြပြေီးဖွင့်ပွဲ ​နေ့ညပိုင်း တွင် သီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာအရှင်ဉါဏိဿရက လည်းကောင်း၊ ဖေဖော်ဝါရီလ (၁၀)ရက် ညပိုင်းတွင် ချင်းတောင်တန်းသာသနာပြုဆရာတော်ဓမ္မကထိက ဗဟုဇနဟိတဓရ မဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တတေဇောသာရတို့က တရားဓမ္မများချီမြှင့်ကြမည်ဖြစ် ​ကြောင်း သိရသည်။

ယခုနှစ် ဘုရားပွဲတော်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်မှုရှိပါက အလွယ်တကူ ရှောင်ရှား နိုင်ရန်နှင့် ယာဉ်ကြောကျပ်တည်းမှု မရှိစေရေးအတွက် ယာဉ်အပ်နှံရေးစခန်းများတွင် ယာဉ်များကို အပ်နှံ၍ တစ်လမ်းမောင်း စနစ်ကျင့်သုံးကာ ပွဲတော်အတွင်း ဝင်ရောက်လာသော မော်တော်ယာဉ်များအနဖြေင့် ဘုရားကြီးရွာ ပတ်လမ်းမှ ပြန်ထွက်စေမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေစက်တော်ဘုရားပွဲတော်နှင့် (၃)မိုင်ခန့်အကွာတွင်ရှိသည့် ဆင်စခန်းကိုလည်း ဘုရားပွဲတော်ဖွင့်ပွဲနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ကြောင်း သိရပြီး အဆိုပါ ဆင်စခန်းတွင်လည်း အခကြေးငွဖြေင့် တည်း ခိုနေထိုင်နိုင်မည့် အိပ်ခန်းရေချိုးခန်းဘိုထိုင်အိမ်သာပါဘိုတဲများ စီစဉ်ထားကြောင်း သိရသည်။

ဘုရားပွဲတော်မှ ဆင်စခန်းသို့ အထက်စက် ​တော်ရာ ကိုးခန်းကြီးလမ်းခွဲမှ (၈)မိုင်လမ်းအ တိုင်း (၃)မိုင်ခန့်ဆင်းလျှင်ရောက်နိုင်မည်ဖြစ် ရာ သဘာဝတောတောင်ရှုမျှော်ခင်းများကို လှည့်လည်ကြည့်ရှုနိုင်ရန် တစ်ဦးလျှင် ကျပ် (၅၀၀၀)ဖြင့် ဆင်စီးနိုင်မည်ကြမည်ဖြစ်ပြီး ဆင်စာကျွေးခြင်း၊ မန်းချောင်းရေတွင် ရေချိုး ခြင်းတို့ ပြုလုပ်နိုင်ကြမည်ဖြစ်ကြောင်း သိရ သည်။

ရွှေစက်တော်ဘုရားပွဲတော်တွင် ရေစပ်ခန်းတစ် ခန်းလျှင် ကျပ်(၃)သောင်း၊ ကုန်းပေါ်တစ်ခန်း လျှင် ကျပ်(၂)သောင်းနှုန်းဖြင့်သာ တည်းခိုခန်းများကို ငှါးရမ်းရန်သတ်မှတ်ပေးထားပြီး ဈေးပိုမိုကောက်ခံပါက အရေးယူမည်ဖြစ်ကြောင်း နှင့် အဆိုပါ ပွဲတော်အား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့မှ ဧပြီလ(၁၇)ရက်နေ့အထိ ရက်ပေါင်း(၆၉)ရက်အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်​း/ဓာတ်​ပုံ - ဖီးနစ်​

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~