မယ္ဆိုင္သြားသည့္အခါ တာခ်ီလိတ္ရွိ တံတား(၁)တြင္ ယာဥ္မ်ား စည္ပင္ဘီးခြန္ထပ္မံေပးေဆာင္ရျခင္းမွာ ၿမို႕တြင္းဘီးခြန္ႏွင့္ မတူညီ၍ ေပးေဆာင္ရျခင္းျဖစ္

မယ္ဆိုင္သြားသည့္အခါ တာခ်ီလိတ္ရွိ တံတား(၁)တြင္ ယာဥ္မ်ား စည္ပင္ဘီးခြန္ထပ္မံေပးေဆာင္ရျခင္းမွာ ၿမို႕တြင္းဘီးခြန္ႏွင့္ မတူညီ၍ ေပးေဆာင္ရျခင္းျဖစ္
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ နယ္စပ္တံတားအမွတ္(၁) မွ ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္သို႔ ျဖတ္သန္းသြားလာသည့္ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား ဘီးခြန္ ေကာက္ခံေရးကို တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ေလလံစနစ္ျဖင့္  ၿမိဳ႕၀င္ဘီးခြန္(ျပည္ပ)အျဖစ္ ခြင့္ျပဳေပးထားၿပီး ၿမိဳ႕တြင္းဘီးခြန္ေပးေဆာင္ထားသူမ်ားလည္း ထပ္မံေပးေဆာင္ရန္ လိုအပ္ေၾကာင္း သိရသည္။

“အဲဒါကၽြန္ေတာ္တို႔ ေလလံပစ္ထားတာဗ်။ ၿမိဳ႕၀င္ဘီးခြန္လိုမ်ိဳးပဲေပါ့။ ၿမိဳ႕၀င္ဘီးခြန္(ျပည္ပ)ေပါ့။ ျပည္တြင္းက မယ္ယန္းဂိတ္မွာ ရိွတယ္။ ဘီးခြန္က တံတားေပၚကေန ထိုင္းဘက္ထြက္ရင္ ေကာက္တာေပါ့။ ထိုင္းဘက္က ၀င္လာလို႔ရိွရင္ ဂိတ္ေအာက္မွာ ျပန္ေကာက္တာေပါ့။ အဲဒါေလလံတင္ထားတာ က်ပ္ သိန္း (၂,၂၀၀) ေလာက္ရိွတယ္”ဟု တာခ်ီလိတ္ၿမိဳ႕ စည္ပင္သာယာေရးေကာ္မတီမွ အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၂၇) ရက္ေန႔က ေျပာသည္။

တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ ၿမိဳ႕၀င္ဘီးခြန္(ျပည္ပ)အျဖစ္ စည္ပင္သာယာေရးေကာ္မတီက ေလလံစနစ္ျဖင့္ ခြင့္ျပဳေပးထားရာ ဆိုင္ကယ္အား က်ပ္(၂၀၀)၊ ယာဥ္ငယ္ က်ပ္(၃၀၀)၊ ယာဥ္လတ္ က်ပ္(၅၀၀)၊ ယာဥ္ႀကီး က်ပ္(၇၀၀)ႏွင့္ တန္ပိုယာဥ္ႀကီးမ်ားကို က်ပ္(၃၀၀၀)သတ္မွတ္၍ ေကာက္ခံေနလ်က္ရွိၿပီး  အဆိုပါ ေကာက္ခံႏႈန္းမ်ားကို စည္ပင္သာယာေရးေကာ္မတီမွ သတ္မွတ္ထားေပးျခင္း ျဖစ္ရာ သတ္မွတ္ ေကာက္ခံႏႈန္းထားမ်ားထက္ပို၍ ေကာက္ခံျခင္း ျပဳလုပ္ပါက စည္ပင္သာယာေရးေကာ္မတီမွ အေရးယူႏိုင္ေၾကာင္း သိရသည္။

“ေကာက္တာက ဌာနအေနနဲ႔ေကာက္တာ မဟုတ္ဘူး။ အရပ္ရပ္အခြင့္အေရးလိုင္စင္တစ္ခုအေနနဲ႔ ေလလံတင္ထားတာ။ တကယ္တမ္းေျပာမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ စည္ပင္သာယာဆိုတာကလည္း ဒီရရိွတဲ့အခြန္ေပၚမွာ မူတည္ေနတာကိုး။ ရနိုင္တဲ့အခြန္ေလးကို တတ္ႏိုင္သေလာက္ ေကာက္ရတာေပါ့။ တစ္ေယာက္နည္းနည္းဆို မသိသာဘူးေလ။ ေလးငါးေသာင္း၊ တစ္သိန္းဆိုရင္ရဖို႔ ခက္တယ္ေလ။ ကၽြန္ေတာ္တို႔ဆီမွာ ၿမိဳ႕၀င္ဘီးခြန္ေကာက္တာ (၂) ခုရိွတာေပါ့”ဟု ဦးစိုင္းေအာင္လင္းက ေျပာသည္။

ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတြင္ စည္ပင္ဘီးခြန္ေဆာင္ထားသည့္ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆုိင္ကယ္မ်ားအေနျဖင့္ ၿမိဳ႕တြင္းဘီးခြန္ဂိတ္မ်ားတြင္ ထပ္မံေပးေဆာင္ရန္မလိုေသာ္လည္း ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား(၁)တြင္ ေကာက္ခံေနသည့္ ဘီးခြန္မွာ ျပည္ပဘီးခြန္ျဖစ္သျဖင့္ ထပ္မံေပးေဆာင္ရန္လုိအပ္ေၾကာင္း သိရသည္။

"အခုဆိုရင္ ကညနသြားရင္ စည္ပင္ဘီးခြန္လည္း တခါတည္း ေဆာင္ခဲ့ၿပီးၿပီ။ အဲဒါကို မယ္ဆိုင္သြားေတာ့ ဘီးခြန္ဆိုၿပီး ထပ္ေကာက္တယ္။ အဲဒါ ဘယ္လိုေၾကာင့္ ေကာက္လဲဆိုတာ ကြ်န္ေတာ္လည္း နားမလည္ဘူး။ နားမလည္ဘဲ အေခါက္ေခါက္ အခါအခါ ေပးခဲ့ရတယ္။ ကြ်န္ေတာ္တုိ႔ သိထားတာက စည္ပင္မွာ ဘီးခြန္ေဆာင္ထားရင္ ဘီးခြန္ေကာက္ဂိတ္ေတြမွာ မေပးရေတာ့ဘူးဆိုတာေပ့ါ။ ခုေတာ့ မယ္ဆိုင္သြားမယ္ဆိုရင္ တံတားေပၚမွာ စည္ပင္ဘီခြန္းအျပင္ ကညနအတြက္ပါ ေပးရတာေတြရွိတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ေန အမ်ဳိးသားတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ စည္ပင္သာယာေရးေကာ္မတီထံမွ ေလလံဆြဲ ေကာက္ခံလ်က္ ရွိသည့္ ၿမိဳ႕၀င္ေၾကးဘီးခြန္မ်ားကို ဖ်က္သိမ္းေပးေရးကိစၥအား လႊတ္ေတာ္တြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၁၁) ရက္ေန႔က တင္သြင္းရာ ေထာက္ခံမဲ (၂၁) ဦး၊ ကန္႔ကြက္ဆႏၵမဲ (၈၆) ဦး၊ ၾကားေနဆႏၵမဲ (၄) ဦး၊ ဆႏၵမဲ မေပးသူ (၁) ဦးတို႔ျဖင့့္ အဆိုရံႈးနိမ့္ခဲ့ျခင္းျဖစ္သည္။

ရပ္ေစာက္ၿမဳိ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ ဦးခိုင္ညီညီေက်ာ္က ၿမဳိ႕၀င္ေၾကးဘီးခြန္မ်ား ေကာက္ခံျခင္း မျပဳေရးႏွင့္ ပတ္သက္သည့္အဆိုကို ရွမ္းျပည္နယ္ စည္ပင္သာယာေရး ၀န္ႀကီး ဦးစိုင္းစြံဆိုင္းက ရွမ္းျပည္နယ္တြင္း ၿမိဳ႕နယ္ (၅၅) ၿမိဳ႕မွ ဘီးခြန္ ေကာက္ခံရသည့္ ေငြပမာဏမွာ မ်ားျပားသျဖင့္ ဘီးခြန္ေကာက္ခံမႈ ရပ္ဆိုင္းလိုက္ပါက စည္ပင္ဘ႑ာေငြမ်ား ထိခိုက္နစ္နာမည္ျဖစ္သျဖင့္ အဆိုကို မွတ္တမ္းအျဖစ္သာ ထားရိွရန္ ေဖေဖာ္၀ါရီ (၁၁) ရက္ေန႔က လႊတ္ေတာ္တြင္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ နယ်စပ်တံတားအမှတ်(၁) မှ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဘီးခွန် ကောက်ခံရေးကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက လေလံစနစ်ဖြင့် မြို့ဝင်ဘီးခွန်(ပြည်ပ)အဖြစ် ခွင့်ပြုပေးထားပြီး မြို့တွင်းဘီးခွန်ပေးဆောင်ထားသူများလည်း ထပ်မံပေးဆောင်ရန် လိုအပ်ကြောင်း သိရသည်။

“အဲဒါကျွန်တော်တို့ လေလံပစ်ထားတာဗျ။ မြို့ဝင်ဘီးခွန်လိုမျိုးပဲပေါ့။ မြို့ဝင်ဘီးခွန်(ပြည်ပ)ပေါ့။ ပြည်တွင်းက မယ်ယန်းဂိတ်မှာ ရှိတယ်။ ဘီးခွန်က တံတားပေါ်ကနေ ထိုင်းဘက်ထွက်ရင် ကောက်တာပေါ့။ ထိုင်းဘက်က ဝင်လာလို့ရှိရင် ဂိတ်အောက်မှာ ပြန်ကောက်တာပေါ့။ အဲဒါလေလံတင်ထားတာ ကျပ် သိန်း (၂,၂၀၀) လောက်ရှိတယ်”ဟု တာချီလိတ်မြို့ စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ပြောသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားတွင် မြို့ဝင်ဘီးခွန်(ပြည်ပ)အဖြစ် စည်ပင်သာယာရေးကော်မတီက လေလံစနစ်ဖြင့် ခွင့်ပြုပေးထားရာ ဆိုင်ကယ်အား ကျပ်(၂၀၀)၊ ယာဉ်ငယ် ကျပ်(၃၀၀)၊ ယာဉ်လတ် ကျပ်(၅၀၀)၊ ယာဉ်ကြီး ကျပ်(၇၀၀)နှင့် တန်ပိုယာဉ်ကြီးများကို ကျပ်(၃၀၀၀)သတ်မှတ်၍ ကောက်ခံနေလျက်ရှိပြီး အဆိုပါ ကောက်ခံနှုန်းများကို စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားပေးခြင်း ဖြစ်ရာ သတ်မှတ် ကောက်ခံနှုန်းထားများထက်ပို၍ ကောက်ခံခြင်း ပြုလုပ်ပါက စည်ပင်သာယာရေးကော်မတီမှ အရေးယူနိုင်ကြောင်း သိရသည်။

“ကောက်တာက ဌာနအနေနဲ့ကောက်တာ မဟုတ်ဘူး။ အရပ်ရပ်အခွင့်အရေးလိုင်စင်တစ်ခုအနေနဲ့ လေလံတင်ထားတာ။ တကယ်တမ်းပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ စည်ပင်သာယာဆိုတာကလည်း ဒီရရှိတဲ့အခွန်ပေါ်မှာ မူတည်နေတာကိုး။ ရနိုင်တဲ့အခွန်လေးကို တတ်နိုင်သလောက် ကောက်ရတာပေါ့။ တစ်ယောက်နည်းနည်းဆို မသိသာဘူးလေ။ လေးငါးသောင်း၊ တစ်သိန်းဆိုရင်ရဖို့ ခက်တယ်လေ။ ကျွန်တော်တို့ဆီမှာ မြို့ဝင်ဘီးခွန်ကောက်တာ (၂) ခုရှိတာပေါ့”ဟု ဦးစိုင်းအောင်လင်းက ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် စည်ပင်ဘီးခွန်ဆောင်ထားသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအနဖြေင့် မြို့တွင်းဘီးခွန်ဂိတ်များတွင် ထပ်မံပေးဆောင်ရန်မလိုသော်လည်း မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)တွင် ကောက်ခံနေသည့် ဘီးခွန်မှာ ပြည်ပဘီးခွန်ဖြစ်သဖြင့် ထပ်မံပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။

"အခုဆိုရင် ကညနသွားရင် စည်ပင်ဘီးခွန်လည်း တခါတည်း ဆောင်ခဲ့ပြီးပြီ။ အဲဒါကို မယ်ဆိုင်သွားတော့ ဘီးခွန်ဆိုပြီး ထပ်ကောက်တယ်။ အဲဒါ ဘယ်လိုကြောင့် ကောက်လဲဆိုတာ ကျွန်တော်လည်း နားမလည်ဘူး။ နားမလည်ဘဲ အခေါက်ခေါက် အခါအခါ ပေးခဲ့ရတယ်။ ကျွန်တော်တို့ သိထားတာက စည်ပင်မှာ ဘီးခွန်ဆောင်ထားရင် ဘီးခွန်ကောက်ဂိတ်တွေမှာ မပေးရတော့ဘူးဆိုတာပေါ့။ ခုတော့ မယ်ဆိုင်သွားမယ်ဆိုရင် တံတားပေါ်မှာ စည်ပင်ဘီခွန်းအပြင် ကညနအတွက်ပါ ပေးရတာတွေရှိတယ်"ဟု တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စည်ပင်သာယာရေးကော်မတီထံမှ လေလံဆွဲ ကောက်ခံလျက် ရှိသည့် မြို့ဝင်ကြေးဘီးခွန်များကို ဖျက်သိမ်းပေးရေးကိစ္စအား လွှတ်တော်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က တင်သွင်းရာ ထောက်ခံမဲ (၂၁) ဦး၊ ကန့်ကွက်ဆန္ဒမဲ (၈၆) ဦး၊ ကြားနေဆန္ဒမဲ (၄) ဦး၊ ဆန္ဒမဲ မပေးသူ (၁) ဦးတို့ဖြင့် အဆိုရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးခိုင်ညီညီကျော်က မြို့ဝင်ကြေးဘီးခွန်များ ကောက်ခံခြင်း မပြုရေးနှင့် ပတ်သက်သည့်အဆိုကို ရှမ်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်းက ရှမ်းပြည်နယ်တွင်း မြို့နယ် (၅၅) မြို့မှ ဘီးခွန် ကောက်ခံရသည့် ငွေပမာဏမှာ များပြားသဖြင့် ဘီးခွန်ကောက်ခံမှု ရပ်ဆိုင်းလိုက်ပါက စည်ပင်ဘဏ္ဍာငွေများ ထိခိုက်နစ်နာမည်ဖြစ်သဖြင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ဖေဖော်ဝါရီ (၁၁) ရက်နေ့က လွှတ်တော်တွင် ဖြကြေားခဲ့ခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~