မိုင္းျဖတ္ၿမိဳ႕တြင္ ဆိုလာျပားႏွင့္တြဲသံုးထားသည့္ ဘက္ထရီအိုး အပူလြန္ကဲရာက ေနအိမ္တစ္လံုး မီးေလာင္ဆံုးရႈံး

မိုင္းျဖတ္ၿမိဳ႕တြင္ ဆိုလာျပားႏွင့္တြဲသံုးထားသည့္ ဘက္ထရီအိုး အပူလြန္ကဲရာက ေနအိမ္တစ္လံုး မီးေလာင္ဆံုးရႈံး
ဖေဖော်ဝါရီ 14, 2019
By Tachileik News Agency

ဆိုလာျပားႏွင့္ဘက္ထရီအိုးခ်ိတ္ဆက္ၿပီး လွ်ပ္စစ္မီးအသံုးျပဳရာက ဘထၳရီအိုး အပူလြန္ကဲၿပီး မီးေလာင္ သြားသည့္ ျဖစ္စဥ္တစ္ခု မိုင္းျဖတ္ၿမိဳ႕ရွိ ေကာင္းမႈေအာက္ရြာတြင္  ေဖေဖာ္၀ါရီလ(၁၄)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြား ခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ေကာင္းမႈေက်းရြာအုပ္စု၊ ေကာင္းမႈ ေအာက္ရြာရွိ ဦးကာေန၏ ေနအိမ္တြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၄)ရက္ေန႔ နံနက္(၁၀)နာရီေက်ာ္က မီးေလာင္မႈ ျဖစ္ပြားေၾကာင္း သတင္းအရ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေက်ာ္ေက်္ာႏိုင္ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ၿမိဳ႕နယ္မီးသတ္ ဦးစီးမွဴး ဦးခိုင္စိုး၀င္း ႏွင့္ တပ္ဖြဲ႔၀င္မ်ားမွ သြားေရာက္ၿပီး ရြာသူရြာသားမ်ားျဖင့္ ပူးေပါင္းကာ မီးၿငိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ဦးကာန၏  ေျခတံရွည္တစ္ထပ္ ေနအိမ္တစ္လံုးမီးေလာင္ဆံုးရႈံးသြားေၾကာင္း သိရသည္။

မီးေလာင္ကြ်မ္းမႈျဖစ္စဥ္မွာ ဆိုလာျပားႏွင့္ဘက္ထရီအိုးခ်ိတ္ဆက္ၿပီး လွ်ပ္စစ္မီးအသံုးျပဳရာက ဘထၳရီအိုး အပူလြန္ကဲကာ မီးေလာင္ကြ်မ္းျခင္းျဖစ္ေၾကာင္းကို စစ္ေဆးေတြ႔ရွိရေၾကာင္းႏွင့္ ေနအိမ္ပိုင္ရွင္ ဦးကာေန အား မိုင္းၿဖတ္ၿမိဳ႕မရဲစခန္းတြင္  (ပ)၄/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ - ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူ ထားရွိေၾကာင္း သိရသည္။

သတင္း - ကိုသာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဆိုလာပြားနှင့်ဘက်ထရီအိုးချိတ်ဆက်ပြီး လျှပ်စစ်မီးအသုံးပြုရာက ဘထ္ထရီအိုး အပူလွန်ကဲပြီး မီးလောင် သွားသည့် ဖြစ်စဉ်တစ်ခု မိုင်းဖြတ်မြို့ရှိ ကောင်းမှုအောက်ရွာတွင် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ကောင်းမှုကျေးရွာအုပ်စု၊ ကောင်းမှု အောက်ရွာရှိ ဦးကာနေ၏ နေအိမ်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီကျော်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ကျော်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးခိုင်စိုးဝင်း နှင့် တပ်ဖွဲ့ဝင်များမှ သွားရောက်ပြီး ရွာသူရွာသားများဖြင့် ပူးပေါင်းကာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးကာန၏ ခြေတံရှည်တစ်ထပ် နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဆိုလာပြားနှင့်ဘက်ထရီအိုးချိတ်ဆက်ပြီး လျှပ်စစ်မီးအသုံးပြုရာက ဘထ္ထရီအိုး အပူလွန်ကဲကာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းနှင့် နေအိမ်ပိုင်ရှင် ဦးကာနေ အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~