သူရဦးေရႊမန္း ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ေကာ္မရွင္အား ရုပ္သိမ္း

သူရဦးေရႊမန္း ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ေကာ္မရွင္အား ရုပ္သိမ္း
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency
သူရဦးေရႊမန္း ဥကၠဌအျဖစ္ ေဆာင္ရြက္ေနသည့္ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္အား သက္တမ္းတစ္ႏွစ္ထပ္တိုးရန္ ကိစၥႏွင့္ ပတ္သက္၍ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ကန္႔ကြက္သူ(၅၅၅)ဦးရွိသည့္အတြက္ သက္တမ္းတစ္ႏွစ္ ထပ္တိုးရန္ မျဖစ္ႏိုင္ေတာ့၍ ျပည္ေထာင္စုလႊတ္ေတာ္ရံုးက အဆိုပါ ေကာ္မရွင္အား ရုပ္သိမ္းလိုက္ေၾကာင္း အမိန္႔ေၾကာ္ျငာစာအမွတ္ (၁၉/၂၀၁၉)ျဖင့္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၈)ရက္ေန႔တြင္ ထုတ္ျပန္ ေၾကာ္ျငာလိုက္သည္။

ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ ၂၀၁၆ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္တြင္ဖြဲ႕စည္းၿပီး တစ္ႏွစ္တစ္ႀကိမ္ သက္တမ္းတိုး၍ လုပ္ငန္း ေဆာင္ရြက္ေနရာ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔၌ သက္တမ္းကုန္မည္ျဖစ္၍ ထပ္မံ သက္တမ္း တုိးျခင္းကို ျပည္ေထာင္စုလႊတ္ေတာ္က ေထာက္ခံမဲ (၂၀)၊ ကန္႔ကြက္မဲ (၅၅၅)ႏွင့္ ၾကားေန (၁၀)မဲျဖင့္ ကန္႔ကြက္လုိက္ျခင္းျဖစ္သည္။

ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ ဥကၠ႒ တာဝန္ထမ္းေဆာင္ေနသည့္ သူရဦးေရႊမန္းသည္ ျပည္ေထာင္စု ေကာင္းက်ဳိးေဆာင္ပါတီ ထူေထာင္ရန္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံ ၂၀၁၉ ခုႏွစ္အတြင္း တင္ျပထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အား သက်တမ်းတစ်နှစ်ထပ်တိုးရန် ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူ(၅၅၅)ဦးရှိသည့်အတွက် သက်တမ်းတစ်နှစ် ထပ်တိုးရန် မဖြစ်နိုင်တော့၍ ပြည်ထောင်စုလွှတ်တော်ရုံးက အဆိုပါ ကော်မရှင်အား ရုပ်သိမ်းလိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၉)ဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ထုတ်ပြန် ကြော်ငြာလိုက်သည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ၂၀၁၆ ခုနှစ်၊ မတ်လ (၁)ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင်ဖွဲ့စည်းပြီး တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး၍ လုပ်ငန်း ဆောင်ရွက်နေရာ ၂၀၁၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့၌ သက်တမ်းကုန်မည်ဖြစ်၍ ထပ်မံ သက်တမ်း တိုးခြင်းကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံမဲ (၂၀)၊ ကန့်ကွက်မဲ (၅၅၅)နှင့် ကြားနေ (၁၀)မဲဖြင့် ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် သူရဦးရွှေမန်းသည် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ထူထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၉ ခုနှစ်အတွင်း တင်ပြထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~