သတ္တူလုပ်ငန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအနေဖြင့် သီးခြားရန်ပုံငွေ ထားရှိခြင်း မရှိကြောင်း ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးပြော
သတ္တူလုပ်ငန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအနေဖြင့် သီးခြားရန်ပုံငွေ ထားရှိခြင်း မရှိကြောင်း ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးပြော
ဖေဖော်ဝါရီ 14, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အစိုးရအနေဖြင့် သီးခြားရန်ပုံငွေထားရှိမှု မရှိကြောင်းနှင့် သီးခြားဘဏ်အကောင့်များလည်း ဖွင့်လှစ်ထားခြင်း မရှိကြောင်း ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။
ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေး စီမံကိန်းလုပ်ငန်းများတွင် သီးခြားရန်ပုံငွေ (၄) ရပ်နှင့်စပ်လျဉ်းပြီး ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြည်နယ်လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဖြေကြားရာတွင် ၂၀၁၅ ခုနှစ် ဇွန်လ (၅) ရက်နေ့ နေ့စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၁၅) အရ ပြည်ထောင်စု သတ္တုတွင်းဝန်ကြီးဌာနသို့ ရှမ်းပြည်နယ်အတွင်း သတ္တုလုပ်ငန်း လုပ်ကိုင်အသုံးပြုခွင့်ပေးကြောင်း သဘောထားမှတ်ချက်ဖြင့် ပေးပို့ခဲ့ပြီး ကုပ္မဏီမှ မြေစာရင်းပုံစံ (၁၀၅) ဖြင့် မြန်မာ့စီးပွားရေးဘဏ် တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရမှ ဖွင့်လှစ်ထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးရန်ပုံငွေသို့ သတ်မှတ်နှုန်းထားများအတိုင်း ပေးသွင်းစေခဲ့ပြီး အဆိုပါ ရန်ပုံငွေများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ယခင်အစိုးရသက်တမ်း ကာလအတွင်းမှ ရန်ပုံငွေစာရင်းများအား ပြည်ထောင်စုစာရင်းစစ်ရုံးမှ စစ်ဆေးပြီး နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတရုံးမှ ငွေပေးသွင်းရန် အကြောင်းကြားလာမှုကြောင့် ငွေစာရင်းပေးသွင်းပြီးဖြစ်ပါကြောင်း ဦးစိုးညွန့်လွင်က ဖြေကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီးခြားရန်ပုံငွေများကို သီးခြားဘဏ်အကောင့်များဖြင့် အစိုးရထိန်းချုပ်မှုအောက်တွင် ထားရှိပြီး သီးခြားရန်ပုံငွေ (၄) ရပ်အဖြစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊ သတ္တုမိုင်းပိတ်သိမ်းမှုရန်ပုံငွေ၊ ပြန်လည်ကုစားရေး ရန်ပုံငွေနှင့် အာမခံစပေါ်ရန်ပုံငွေများထားရှိသော်လည်း သတ္တုတွင်းများ အများဆုံး လုပ်ဆောင်နေသည့်  မိုင်းရှုးမြို့နှင့် တာလေမြို့တို့တွင် မိုင်းပိတ်သိမ်းရေးနှင့် ပြန်လည် ကုစားရေးအတွက် မဆောင်ရွက်နိုင်သေးသဖြင့် အဆိုပါရန်ပုံငွေ မည်မျှကျန်ရှိသည်ကို သိရှိလိုပါကြောင်း ဦးစိုင်းထွန်းဥာဏ်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အစိုးရအနဖြေင့် သီးခြားရန်ပုံငွေထားရှိမှု မရှိကြောင်းနှင့် သီးခြားဘဏ်အကောင့်များလည်း ဖွင့်လှစ်ထားခြင်း မရှိကြောင်း ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအေဝးတွင် ပြောကြားလိုက်သည်။
“ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေးစီမံကိန်းလုပ်ငန်းများတွင် သီးခြားရန်ပုံငွေ (၄) ရပ်စာရင်းအား ရှမ်းပြည်နယ်အစိုးရ အနဖြေင့် ဖွင့်လှစ်ထားခြင်း မရှိပါ။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ အခြား ဘဏ်အကောင့်တွေ လုံးဝဖျက်သိမ်းထားပြီး ဖြစ်ပါတယ်”ဟု ဦးစိုးညွန့်လွင်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေး စီမံကိန်းလုပ်ငန်းများတွင် သီးခြားရန်ပုံငွေ (၄) ရပ်နှင့်စပ်လျဉ်းပြီး ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြည်နယ်လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဖြကြေားရာတွင် ၂၀၁၅ ခုနှစ် ဇွန်လ (၅) ရက်နေ့ နေ့စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၁၅) အရ ပြည်ထောင်စု သတ္တုတွင်းဝန်ကြီးဌာနသို့ ရှမ်းပြည်နယ်အတွင်း သတ္တုလုပ်ငန်း လုပ်ကိုင်အသုံးပြုခွင့်ပေးကြောင်း သဘောထားမှတ်ချက်ဖြင့် ပေးပို့ခဲ့ပြီး ကုပ္မဏီမှ မြေစာရင်းပုံစံ (၁၀၅) ဖြင့် မြန်မာ့စီးပွားရေးဘဏ် တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရမှ ဖွင့်လှစ်ထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးရန်ပုံငွေသို့ သတ်မှတ်နှုန်းထားများအတိုင်း ပေးသွင်းစေခဲ့ပြီး အဆိုပါ ရန်ပုံငွေများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ပြန်လည်ဖြကြေားခဲ့သည်။
ယခင်အစိုးရသက်တမ်း ကာလအတွင်းမှ ရန်ပုံငွေစာရင်းများအား ပြည်ထောင်စုစာရင်းစစ်ရုံးမှ စစ်ဆေးပြီး နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတရုံးမှ ငွေပေးသွင်းရန် အကြောင်းကြားလာမှုကြောင့် ငွေစာရင်းပေးသွင်းပြီးဖြစ်ပါကြောင်း ဦးစိုးညွန့်လွင်က ဖြကြေားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေသို့ ရွှေတစ်ဧကလျှင် ငွေကျပ် (၁)သိန်း နှုန်း၊ ခဲ၊ ခနောက်စိမ်း၊ ကြေးနီ၊ သွပ်၊ သံ၊ ခဲမဖြူ၊ သလင်းကျောက်စသည့် သတ္တုများ အတွက် တစ်ဧကလျှင် ငွေကျပ် (၅၀,ဝဝဝ) နှုန်း၊ ကျောက်မီးသွေး တစ်ဧကလျှင် ငွေကျပ် (၃၀,ဝဝဝ) နှုန်း၊ ဂေါ်ဒန် တစ်ဧကလျှင် ငွေကျပ် (၂၀,ဝဝဝ) နှုန်း၊ ထုံးကျောက်တစ်ဧကလျှင် ငွေကျပ် (၁၀,ဝဝဝ) နှုန်းပေးသွင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီးခြားရန်ပုံငွေများကို သီးခြားဘဏ်အကောင့်များဖြင့် အစိုးရထိန်းချုပ်မှုအောက်တွင် ထားရှိပြီး သီးခြားရန်ပုံငွေ (၄) ရပ်အဖြစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊ သတ္တုမိုင်းပိတ်သိမ်းမှုရန်ပုံငွေ၊ ပြန်လည်ကုစားရေး ရန်ပုံငွေနှင့် အာမခံစပေါ်ရန်ပုံငွေများထားရှိသော်လည်း သတ္တုတွင်းများ အများဆုံး လုပ်ဆောင်နေသည့် မိုင်းရှုးမြို့နှင့် တာလမြေို့တို့တွင် မိုင်းပိတ်သိမ်းရေးနှင့် ပြန်လည် ကုစားရေးအတွက် မဆောင်ရွက်နိုင်သေးသဖြင့် အဆိုပါရန်ပုံငွေ မည်မျှကျန်ရှိသည်ကို သိရှိလိုပါကြောင်း ဦးစိုင်းထွန်းဉာဏ်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~