ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်ခရီးစဉ် လူထုတွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းလိုပါက လိုအပ်လျှင်ဖြေကြားနိုင်ရန် ဌာနဆိုင်ရာများ အချက်အလက်များ ပြင်ဆင်ထားရှိဖို့ ညွှန်ကြားထားပြီး တိုင်ကြားစာများပေးနိုင်ရန် အတွက်လည်း စီစဉ်ထားရှိ

ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်ခရီးစဉ် လူထုတွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းလိုပါက လိုအပ်လျှင်ဖြေကြားနိုင်ရန် ဌာနဆိုင်ရာများ အချက်အလက်များ ပြင်ဆင်ထားရှိဖို့ ညွှန်ကြားထားပြီး တိုင်ကြားစာများပေးနိုင်ရန် အတွက်လည်း စီစဉ်ထားရှိ
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တာချီလိတ်ဒေသခံ လူထုတို့ တွေ့ဆုံကြမည့် လူထုတွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းလာပါက လိုအပ်လျှင် အလွယ်တကူ ဖြေကြားနိုင်ရန် အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ အနေဖြင့် အချက်အလက်များ ပြင်ဆင်ထားရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က ညွှန်ကြားထားကြောင်းနှင့် တိုင်ကြားစာများ ပေးနိုင်ရန်အတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်ခရီးစဉ်တွင် လုံခြုံရေး၊ သွားလာရေးနှင့် လူထုတွေ့ဆုံပွဲ စီစဉ်နိုင်ရေးစသည့် ကိစ္စအရပ်အရပ် အတွက် ဌာနပေါင်းစုံတွေ့ဆုံပွဲကို ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ (၄)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ချိန် ယင်းသို့ ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်ခရီးစဉ်တွင် တာချီလိတ်ဒေသခံများ အနေဖြင့် တိုင်ကြားစာများကိုလည်း ပေးနိုင်ရန်အတွက် တိုင်ကြားစာလက်ခံရေးကော်မတီအား ဖွဲ့စည်း ထားရှိပြီး တိုင်ကြားစာများကို စနစ်တကျ လက်ခံပေးနိုင်ရန်အတွက် လူထုတွေ့ဆုံပွဲ ပြုလုပ်မည့် အောင်မြတ်ခန်းမ၏ ၀င်ပေါက်ဘေးတွင် နေရာသတ်မှတ်ထားရှိပေးပြီး ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီမှ လူထုတွေ့ဆုံပွဲမပြီးခင် အချိန်အထိ တိုင်ကြားစာများကို စနစ်တကျ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။




 Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တာချီလိတ်ဒေသခံ လူထုတို့ တွေ့ဆုံကြမည့် လူထုတွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းလာပါက လိုအပ်လျှင် အလွယ်တကူ ဖြကြေားနိုင်ရန် အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ အနဖြေင့် အချက်အလက်များ ပြင်ဆင်ထားရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က ညွှန်ကြားထားကြောင်းနှင့် တိုင်ကြားစာများ ပေးနိုင်ရန်အတွက်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်ခရီးစဉ်တွင် လုံခြုံရေး၊ သွားလာရေးနှင့် လူထုတွေ့ဆုံပွဲ စီစဉ်နိုင်ရေးစသည့် ကိစ္စအရပ်အရပ် အတွက် ဌာနပေါင်းစုံတွေ့ဆုံပွဲကို ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ အစည်းအေဝးခန်းမတွင် ဖေဖော်ဝါရီလ (၄)ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ချိန် ယင်းသို့ ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်ခရီးစဉ်တွင် တာချီလိတ်ဒေသခံများ အနဖြေင့် တိုင်ကြားစာများကိုလည်း ပေးနိုင်ရန်အတွက် တိုင်ကြားစာလက်ခံရေးကော်မတီအား ဖွဲ့စည်း ထားရှိပြီး တိုင်ကြားစာများကို စနစ်တကျ လက်ခံပေးနိုင်ရန်အတွက် လူထုတွေ့ဆုံပွဲ ပြုလုပ်မည့် အောင်မြတ်ခန်းမ၏ ဝင်ပေါက်ဘေးတွင် နေရာသတ်မှတ်ထားရှိပေးပြီး ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီမှ လူထုတွေ့ဆုံပွဲမပြီးခင် အချိန်အထိ တိုင်ကြားစာများကို စနစ်တကျ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"တိုင်ကြားစာနဲ့ ပတ်သက်လို့ အတိုင်ပင်ခံ ခရီးစဉ်မှာ တိုင်ကြားချင်တဲ့ ပြည်သူတွေ အဆင်ပြေ ချောမွေ့အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်၊ တိုင်ကြားစာတွေကို ကျွန်တော်တို့ စနစ်တကျ လက်ခံပေးသွားမှာပါ၊ လက်ခံပြီးရင်လည်း ဒီကို လာရောက်တဲ့ အတိုင်ပင်ခံရုံး ဒါမှမဟုတ် သမ္မတရုံးက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ဆီကို တိုင်ကြားစာတွေကို ကျွန်တော်တို့အနေနဲ့ စနစ်တကျ လွှဲပြောင်းပေးဖို့လည်း စီစဉ် ဆောင်ရွက်ထားပါတယ်။"ဟု တိုင်ကြားစာလက်ခံရေးကော်မတီအဖွဲ့မှ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် လာရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် လူထုတွေ့ဆုံပွဲကို အောင်မြတ်ခန်းမ၌ နံနက်(၁၀)နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ရာ လာရောက်သည့် မြို့ခံများထဲမှ လူငယ်များကို ရှေ့တန်းတွင် နေရာ ချထားပေးရန်ကိုလည်း ညွှန်ကြားထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲများတွင် လူငယ်များ ပြောဆိုခွင့်ကို ရှေ့တန်းတင် ထားသဖြင့် တက်ရောက်လာသူများထဲမှ မြို့ခံလူငယ်များ၊ တိုင်းရင်းသား လူငယ်များကို ရှေ့ဆုံးတွင် နေရာချထားပေးရန်နှင့် မေးခွန်းများ မေးမြန်းနိုင်ရန်အတွက် စီစဉ်ထားရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က ညွှန်ကြားခဲ့ပြီး ခရီးစဉ်တွင် လိုက်ပါလာမည့် အစိုးရအဖွဲ့တာဝန် ရှိသူများအတွက် ရှေ့ဆုံးတန်းတွင် VIP နေရာ သက်မှတ်ထားပြီး ယင်းခုံတန်းနောက်မှစ၍ ခုံတန်း (၅)တန်းကို လူထုတွေ့ဆုံပွဲသို့ လာရောက်မည့် လူငယ်များကို နေရာချထားပေးမည် ဖြစ်ပြီး ယင်းနောက်တွင် တာချီလိတ် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများကို နေရာချထားရန် စီစဉ်ထားကြောင်း လူထုတွေ့ဆုံပွဲ နေရာချထားပေးရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်တင်ပြခဲ့သည်။

 Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထို်က်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~