တိုင္းရင္းသားမ်ား၏ ေန႔ထူးေန႔ျမတ္တိုင္းသည္ ျပည္ေထာင္စုေန႔ကို ပံ့ပိုးေပးသည့္ေန႔မ်ားျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာၾကား

တိုင္းရင္းသားမ်ား၏ ေန႔ထူးေန႔ျမတ္တိုင္းသည္ ျပည္ေထာင္စုေန႔ကို ပံ့ပိုးေပးသည့္ေန႔မ်ားျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာၾကား
ဖေဖော်ဝါရီ 7, 2019
By Tachileik News Agency

တိုင္းရင္းသားမ်ား၏ ေန႔ထူးေန႔ျမတ္တိုင္းသည္ ျပည္ေထာင္စုေန႔ကို ပ့ံပိုးေပးသည့္ေန႔မ်ားျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕၌ က်င္းပျပဳလုပ္သည့္ ( ၇၂ )ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားတြင္ ေျပာၾကားခဲ့သည္။

“ျပည္နယ္ေန႔တိုင္း ေန႔တိုင္းဟာ တစ္နည္းအားျဖင့္ ျပည္ေထာင္စုေန႔ေတြျဖစ္တယ္လို႔လည္း ေျပာလို႔ရပါတယ္။ ျပည္ေထာင္စုေန႔ကေတာ့ (၁၂)ရက္ေန႔ ေဖေဖာ္၀ါရီဆိုတာ အားလံုးသိၿပီးသားပါ။ သို႔ေသာ္ျငားလည္း ျပည္နယ္ ေန႔တိုင္းေန႔တိုင္းဟာ တနည္းအားျဖင့္ ျပည္ေထာင္စုေန႔ကို ပံ့ပိုးေပးတဲ့ ေန႔ေတြပဲ ျဖစ္ပါတယ္။ တိုင္းရင္းသားေတြရဲ႕ ေန႔ထူးေန႔ျမတ္ေတြအားလံုးဟာလည္း ျပည္ေထာင္စုေန႔ကို ပံ့ပိုးေပးတဲ့ ေန႔ေတြျဖစ္ပါတယ္္။ အတိုခ်ံဳးေျပာရမယ္ဆိုရင္ ကၽြန္မတို႔ တိုင္းရင္းသား ညီအကို ေမာင္ႏွမမ်ား အားလံုးရဲ႕ လုပ္ရပ္မ်ားဟာ ျပည္ေထာင္စုႀကီး ေဆာက္တည္ဖို႔၊ ျပည္ေထာင္စုႀကီး ခိုင္ခန္႔တည္ၿမဲေစဖို႔ လုပ္ရပ္ေတြပဲ ျဖစ္ေစခ်င္ပါတယ္။ ဒီလိုျဖစ္မယ္ဆို အားလံုးဟာ ၀ိုင္း၀န္းၿပီးေတာ့ ျပည္ေထာင္စုႀကီး စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုႀကီးရဲ႕ အသီးအပြင့္ေတြကို ခံစားရမွာပဲျဖစ္ပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားခဲ့ျခင္း ျဖစ္သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၅)ရက္ေန႔က စတင္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းခရီးစဥ္မ်ားအၿပီး ေဖေဖာ္၀ါရီလ(၇)ရက္ေန႔တြင္ ေတာင္ႀကီးၿမိဳ႕၌ က်င္းပျပဳလုပ္မည့္ (၇၂)ႀကိမ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားသို႔ တက္ေရာက္ၿပီးေနာက္ အေျခခံပညာ အထက္တန္းေက်ာင္းသို႔ သြားေရာက္ၾကည့္ရႈျခင္း အစီအစဥ္အျပင္ ရွမ္းျပည္နယ္ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလုပ္ငန္းမ်ားအသင္း အေဆာက္အဦ ဖြင့္ပြဲ အခမ္းအနားသို႔လည္း တက္ေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္ - Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်တိုင်းသည် ပြည်ထောင်စုနေ့ကို ပံ့ပိုးပေးသည့်နေ့များဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သည့် ( ၇၂ )နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ပြည်နယ်နေ့တိုင်း နေ့တိုင်းဟာ တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့တွဖြေစ်တယ်လို့လည်း ပြောလို့ရပါတယ်။ ပြည်ထောင်စုနေ့ကတော့ (၁၂)ရက်နေ့ ဖေဖော်ဝါရီဆိုတာ အားလုံးသိပြီးသားပါ။ သို့သော်ငြားလည်း ပြည်နယ် နေ့တိုင်းနေ့တိုင်းဟာ တနည်းအားဖြင့် ပြည်ထောင်စုနေ့ကို ပံ့ပိုးပေးတဲ့ နေ့တွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ နေ့ထူးနေ့မြတ်တွေအားလုံးဟာလည်း ပြည်ထောင်စုနေ့ကို ပံ့ပိုးပေးတဲ့ နေ့တွဖြေစ်ပါတယ်။ အတိုချုံးပြောရမယ်ဆိုရင် ကျွန်မတို့ တိုင်းရင်းသား ညီအကို မောင်နှမများ အားလုံးရဲ့ လုပ်ရပ်များဟာ ပြည်ထောင်စုကြီး ဆောက်တည်ဖို့၊ ပြည်ထောင်စုကြီး ခိုင်ခန့်တည်မြဲစေဖို့ လုပ်ရပ်တွေပဲ ဖြစ်စေချင်ပါတယ်။ ဒီလိုဖြစ်မယ်ဆို အားလုံးဟာ ဝိုင်းဝန်းပြီးတော့ ပြည်ထောင်စုကြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အသီးအပွင့်တွေကို ခံစားရမှာပဲဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က စတင်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်များအပြီး ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပပြုလုပ်မည့် (၇၂)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ပြီးနောက် အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုခြင်း အစီအစဉ်အပြင် ရှမ်းပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းများအသင်း အဆောက်အဦ ဖွင့်ပွဲ အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက် - Tachileik News Agency
ဓာတ်ပုံ - Myanmar State Counsellor Office

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~