ဈေးကွက်အတွင်းရှိ သက်တန်းလွန် ပိုးသတ်ဆေးများ ပြန်လည်သိမ်းဆည်းရေး ဆွေးနွေး
ဈေးကွက်အတွင်းရှိ သက်တန်းလွန် ပိုးသတ်ဆေးများ ပြန်လည်သိမ်းဆည်းရေး ဆွေးနွေး
ဖေဖော်ဝါရီ 3, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့များ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသော ကုမ္ပဏီမှ တာဝန်ရှိသူလုပ်ငန်းရှင်များ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့က တွေ့ဆုံခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန် ပိုးသတ်ဆေးများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ ပြန်လည်သိမ်းဆည်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးသုံး ပစ္စည်းများ အရည်အသွေးမှန်ကန်စေရေးနှင့် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူး၊ ရောင်းချနိုင်ရေးတို့ကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့များ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူး၊ ရောင်းချနေသော ကုမ္ပဏီများမှ တာဝန်ရှိ သူ(၂၅)ဦးနှင့် လက်လီလက်ကား အရောင်းဆိုင်များမှ လုပ်ငန်းရှင်(၂၄)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ဥပဒေနှင့်အညီ မဟုတ်သော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့ တင်သွင်း ဖြန့်ဖြူးရောင်းချနေမှုများကို ပညာပေးကာလ (၃)လ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပညာပေး ကာလကျော်လွန်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားခဲ့ခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် ဓာတ်မြသြေဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့များ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသော ကုမ္ပဏီမှ တာဝန်ရှိသူလုပ်ငန်းရှင်များ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့က တွေ့ဆုံခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန် ပိုးသတ်ဆေးများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ ပြန်လည်သိမ်းဆည်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ပိုးသတ်ဆေးမှာ နည်းနည်း ပြသနာရှိတယ်။ သက်တမ်းလွန်တွေကို ဈေးကွက်ထဲမှာ ဒီနေ့အချိန်အထိ ထုတ်ရောင်းနေတဲ့ ပြသနာပဲ။ ဒီစည်းကမ်းတဲ့ မညီညွတ်တဲ့ဟာတွေကို ကုမ္ပဏီတွေက ပြန်ပြီးသိမ်းဆည်းဖို့၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဖြန့်ဖြူးရောင်းချကြဖို့ အဓိက က ဒါကိုဆွေးနွေးကြတာပါ”ဟု ပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီ (၂)ရက်နေ့က ပြောသည်။
ရှမ်းပြည်နယ်အတွင်း ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးသုံး ပစ္စည်းများ အရည်အသွေးမှန်ကန်စေရေးနှင့် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူး၊ ရောင်းချနိုင်ရေးတို့ကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဓာတ်မြသြေဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့များ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူး၊ ရောင်းချနေသော ကုမ္ပဏီများမှ တာဝန်ရှိ သူ(၂၅)ဦးနှင့် လက်လီလက်ကား အရောင်းဆိုင်များမှ လုပ်ငန်းရှင်(၂၄)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“တရားဝင် တင်သွင်းထားတာလဲ ရှိပါတယ်။ တရားဝင်တင်သွင်းထားတာတော့ အများစုပေါ့။ ကြားထဲမှာလည်း တရားမဝင် တင်သွင်းထားတာတွေလဲ လမ်းကြောင်းအမျိုးမျိုးကနေ လာနကြေတာပဲ။ ကျွန်တော်တို့ ရေပူတို့ ဘာတို့မှာလည်း ဖမ်းမိတာပဲ။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာလည်း ဖမ်းမိတာပဲ။ အဓိက က တရားဝင်တင်သွင်းသည်ဖြစ်စေ။ တရားမဝင်တင်သွင်းသည်ဖြစ်စေ ပြည်တွင်းဈေးကွက်မှာ ဖြန့်ချီရောင်းချရမယ် ဆိုရင် လုပ်ငန်းရှင်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို မလိုက်နာဘဲ ရောင်းချနေတာတွေပေါ့။ တစ်ချို့ဟာတွေက ဘယ်ကုမ္ပဏီမှဖြန့်ဖြူးသည်ဆိုတဲ့ တစ်ချက်ပဲ ပါတယ်”ဟု ဦးမင်းအောင်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း ဥပဒေနှင့်အညီ မဟုတ်သော ဓာတ်မြသြေဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့ တင်သွင်း ဖြန့်ဖြူးရောင်းချနေမှုများကို ပညာပေးကာလ (၃)လ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပညာပေး ကာလကျော်လွန်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားခဲ့ခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - တောင်ကြီး စားသုံးသူရေးရာ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~